Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟင်းခတ်အမွှေးအကြိုင်များအဖြစ် အသုံးပြုနေသည့် ဟင်းသီးဟင်းရွက်များ ပုသိမ်မြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများထဲတွင် ဟင်းခတ်အမွှေးအကြိုင် အဖြစ်အသုံးပြုသည့် ကြက်သွန်မြိတ်၊ စပါးလင်နှင့် နံနံပင်စသည့် ဟင်းသီးဟင်းရွက်များသည် ပုသိမ်မြို့နယ်ရှိ ဈေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဈေးများအတွင်းရှိ ကုန်စိမ်းရောင်းဝယ်ရေးနေရာတွင် ကျေးရွာများမှ တိုက်ရိုက်ရောက်ရှိ လာသော လတ်ဆတ်သည့် ကြက်သွန်မြိတ်များကို တစ်စည်းလျှင် ကျပ် ၅၀၀ မှ ၇၀၀ ကြား၊ စပါးလင်ပင်များကို ၁၀ ပင် တစ်စည်းလျှင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ကြားဖြင့် ရောင်းချလျက်ရှိသည်။ နံနံပင်များကိုမူ တစ်စည်းလျှင် ကျပ် ၁,၀၀၀ ခန့်ဖြင့် ဈေးကောင်းရရှိနေကြောင်း ဈေးသည်တစ်ဦး ထံမှ သိရှိရသည်။

          ဤဟင်းခတ်အမွှေးအကြိုင်အသီးအရွက်များကို ငါးပေါင်း၊ ငါးကင်၊ အသားဟင်းများ ချက်ပြုတ်ရာတွင်သာမက ဒေသ၏ထင်ရှားသော မုန့်ဟင်းခါးအမျိုးမျိုးတွင် မပါမဖြစ် အသုံးပြုကြ သဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအားအမြဲမပြတ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ပြည်တွင်းဈေးကွက်သို့ ပင်လယ်စာနှင့် ငါးခြောက်များ စံချိန်တင်တင်ပို့နိုင်

      ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ပြည်တွင်းဈေးကွက်သို့ မေလအတွင်း ပင်လယ်စာနှင့် ဒေသထွက်ငါးခြောက်များ စံချိန်တင်တင်     ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည့် လပွတ္တာမြို့နယ်သည် ၎င်း၏ လတ်ဆတ်သော ပင်လယ်စာ ထုတ်ကုန်များအတွက် ကျော်ကြားပြီး ယခုလအတွင်း ပင်လယ်ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးမှုန့်ခြောက်နှင့် ခရုခြောက်စသည့် ကုန်ပစ္စည်းပိဿာချိန် ၁၅၀,၀၀၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ တင်ပို့နိုင်ခဲ့သည်။ ယခင်လထက် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်မှုရှိခဲ့ပြီး မြို့နယ်၏ ယခင်က စံချိန်ကို ကျော်လွန်ကာ စံချိန်သစ်တင်နိုင်ခြင်း ဖြစ်သည်။

          "လပွတ္တာမြို့နယ်က ထွက်တဲ့ ပင်လယ်စာနဲ့ ငါးခြောက်တွေဟာ လတ်ဆတ်မှု၊ အရည်အသွေးနဲ့ သဘာဝအတိုင်း အရသာရှိမှုတို့ကြောင့် နာမည်ကြီးပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအား အမြဲမြင့်မားနေတာပါ" ဟု လပွတ္တာမြို့နယ် ငါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ က ပြောကြားသည်။ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် ငါးခြောက်လုပ်ငန်းကို မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ယခုအခါ ဤလုပ်ငန်းမှတစ်ဆင့် လုပ်သားပေါင်း ၃,၀၀၀ ခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရသည်။ ဒေသထွက်ကုန်များ ဈေးကွက် တိုးချဲ့နိုင်ခြင်းသည် ဒေသခံများ၏ ဝင်ငွေတိုးတက်စေရုံသာမက ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အထောက်အကူပြုလျက်ရှိသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်တွင် မိုးစပါး(ခ)ကောက်စောမိုးစပါး ရိတ်သိမ်း

     ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၅  မိုးစပါးကို ဟင်္သာတမြို့နယ်တွင် ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း   စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ စားသုံးသူရေးရာဦးစီး ဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂.၉.၂၀၂၅)နေ့တွင်  ၂၀၂၅  ခုနှစ်ထွက်  ကောက်စောမိုးစပါး ရိတ်သိမ်းသော ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ၊ တောင်သူ ဦးသက်ခင်၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသော  လယ်(၄.၀၀)ဧကသို့  ကွင်းဆင်းလေ့လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ အစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး  (၅၀)ပေါင် (၇၅)တင်း ပျှမ်းမျှ ထွက်ရှိကြောင်းသိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၀)ပေါင် တင်း(၁၀၀)လျှင် (၁၀ သိန်းကျပ်)ဝန်းကျင် ဈေးဖြင့် ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း  တောင်သူ ဦးသက်ခင်မှ ပြောကြားကြောင်း သတင်း ရရှိပါသည်။

(DOCA ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀)  ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA (စစ်ကိုင်း)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

     မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေ သော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၉၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၈၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၃၂၀၀- ၃၅၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ပန်းဂေါ်ဖီစိမ်းစျေးကွက်

  မန္တလေးကုန်စိမ်းစျေးကွက်သို့      မန္တလေးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများ မှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက်စျေးပိုရကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ပန်းဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာ စျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီ စိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်တောင်ပို့မှို

  မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း  ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ  တွေ့ရှိရပါသည်။   စျေးကွက်အတွင်း   သဘာဝအတိုင်းထွက် သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရပါသည်။  ၂၀၂၅ခုနှစ်စက်တင် ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်   တစ်ပိဿာ ပေါက်စျေးများမှာ တောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊လက်လီစျေး ၄၀၀၀ဝိ/-၊  ငွေနှင်းမှုံမှိုလက္ကားစျေး ၇၀၀ဝိ/- စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှို လက္ကား စျေး ၉၅၀ဝိ/-လက်လီ စျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)                                                                                                 

စက်တင်ဘာလပထမပတ်ပဲလွန်းပြာစျေးကွက်

   ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၃၁၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေးနှိုင်းယှဉ်ပါက ပဲလွန်းပြာ စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၂၀၀)ကျပ်၊ 95 Octance(၃၃၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octance တွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

    ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း