Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နှင်းပန်း နှင့် ပန်းတိမ်ငိုပန်း

      ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြ ရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ နှင်းပန်းသည် ဘူရားပန်း ကပ်လှူရန်အတွက်သာ အသုံးပြုကြပြီး  နှင်းပန်း၏ ရနံ့ သည်မွှေးကြိုင်နေသော အဆင်းအနံ့ ရှိသည့် အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုး လည်းဖြစ်ပါသည်။ နှင်းပန်း များကို ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူ ရောင်းချရ ပါကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

         ယခုဩဂုတ်လစတုတ္ထပတ်တွင်နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၂၀၀)ကျပ်၊ (၁၀)စီးတစ်ထုံးလျှင်(၁၁၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း အလားတူပင် ပန်တိမငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း(အဖြူရောင်/ခရမ်း ရောင်)အခက်အကြီး()ခက်ပါတစ်စည်းလျှင်(၁၀၀၀)ကျပ်၊  အခက်သေး()ခက်ပါ တစ်စည်းလျှင် (၈၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပန်းတိမ်းငို(ခေါ်)ပန်းတိမ်အနိုင်ပန်း ရာသီးတုန်းခါနီး၍ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက် ရှိပါကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော နံနံပင် နှင့် ရှမ်းနံနံပင် ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင် နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)စီး နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရာသီစာအင်ဥ(မှိုစေ့)များ ဝင်ရောက်လျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိပြီး ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း၊ ရာသီစာအင်ဥများ ရောင်းချလျက်ရှိရာ အင်ဥကို စားသုံးသူများက အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့) နို့ဆီဘူး(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၂၀၀၀၀)ကျပ်၊ လက်က္ကားတစ်ပြည်လျှင် (၁၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အင်ဥ(မှိုစေ့)များ အဝင်နည်းလာ၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ရွှေဘိုမြို့တွင်ရောင်းချနေသော ပေါ်ဦးပေါ်ဖျား ဇီးဖြူသီးဈေးနှုန်း

         ရွှေဘိုမြို့တွင် ရာသီပေါ်အသီးအနှံများကို ရောင်းချသည့်အပြင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ဇီးဖြူသီး များကို ရောင်းချလျက်ရှိပါသည်။ ဇီးဖြူးသီးပင်မှာ မန်ကျည်းပင်ကဲ့သို့ သက်ကြီးပင်ဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ရာ နေရာဒေသမရွေး စိုက်ပျိုး၍ ရသောအပင်ဖြစ်ပါသည်။  ဇီးဖြူသီး၏ အရဿာမှ ချို၊ ချဉ်၊ ဖန်၊ ခါး အရဿာ (၄)မျိုးကိုပေးစွမ်းသည့်အတွက် ကျန်းမာရေး အတွက် သော်လည်းကောင်း၊ အစာအဟာရအတွက် သော်လည်းကောင်း စားသုံးကြပါသည်။ ဇီးဖြူသီး ကိုပြုတ်၍ ဇီးဖြူသီးသနပ်အဖြစ်လုပ်စားကြ ကြောင်း၊ ဇီးဖြူသီးကို အခြောက်လှမ်းကာ  အသား / ငါးများဖြင့် ရော၍ ဇီးဖြူသီးဟင်းလေးချက်အဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္တ ) ပတ်တွင် ဖြစ်ပေါ်နေသော ပေါ်ဉီးပေါ်ဖျား ဇီးဖြူသီးဈေးနှုန်းမှာ (၁)ဘူးလျှင် (၆၀ဝိ/-) ကျပ် ၊ (၁)ပြည်လျှင် (၄၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

   ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် လက်လုပ်ချဉ်များကို ကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်များလည်း အပါအဝင်ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ “မြို့မဈေး”၌ သရက်သီးကုလားတည်ချဉ် လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၁၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ်လက်လီ တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ လက်ကားတစ်ထုပ်လျှင် (၄၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။   

DOCA(စစ်ကိုင်း)

                                                                            

                                      

ကန့်ဘလူမြို့တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်းနှင့် ပတ္တမြားပန်း ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ပိန်းပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်း၊ အာစီယံသပြေနှင့် ရွှေပန်း၊ ငွေပန်းတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းများမှာ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင် (၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင် (၅၀၀)ကျပ်၊ ပတ္တမြားပန်း (၅)ပွင့်ပါတစ်ကုံးလျှင် (၁၅၀)ကျပ်၊ (၃)ကုံးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မဈေးတွင် ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ  ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးပြားများကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးပြား ဈေးနှုန်းမှာ ()ပိဿာလျှင် (၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး()ထုပ်လျှင် (၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချနေသော ငါးကြင်း(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ငါးမြင်း(၁) ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန်(၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ငါးများကို ဒေသတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားသုံးသူများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ  ရာသီစာ ငှက်စွပ်မှိုနှင့် တောမှိုဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော မှိုများနည်းတူ တောတောင်များတွင် ရာသီချိန်အလိုက် ပေါက်ရောက်သည့် သဘာဝငှက်စွပ်မှိုများနှင့် တောမှိုများကို ရှာဖွေကာရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်နှင့် ()ပိဿာလျှင် (၂၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောမှို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ()ပိဿာ(၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချရကြောင်း၊ ကန့်ဘလူမြို့မဈေးရှိ မှိုရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်က္ကား()ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်လီ()ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း