Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်း၊ဈေးကွက်

     ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်ဈေးနှုန်းများမှာ ()ပိဿာ လျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဒေသထွက်  မန်ကျည်းသီးစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၂၂၀၀) ကျပ်၊မန်ကျည်းသီးစိမ်း()ဘူးလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့်မန် ကျည်းသီးစိမ်းများအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

     ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့်ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ လည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံများကို အစည်းလေးများ စည်း၍ရောင်းချရာ ()စည်းလျှင်(၂၀၀)ကျပ်၊ ()စည်းလျှင်(၅၀၀)ကျပ်၊ ()စည်း လျှင်(၁၀၀၀)ကျပ်နှင့် ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံ ()စည်းလျှင်(၂၀၀)ကျပ်၊ ()စည်းလျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ် အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များကို ဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

  အရောင်းသွက်သည့်မိုးရာသီစာမှိုစျေးကွက်

          မန္တလေးစျေးကွက်အတွင်းသို့  မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ  ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး  ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)   လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး  အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း၊ မိုးရာသီစာ မှို မှာ မန္တလေးစျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးမှ သိရှိရပါသည်။

DOCA(မန္တလေး) 

 

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင် ပါဝင်သည်။

   ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ဖြင့်လည်ကောင်း၊  အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော နနွင်းဈေးနှုန်း

    အိမ်တိုင်းတွင် မရှိ‌မဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့်သည်လည်း‌ ရေး ပါ  ခဲ့သည်။  နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ‌အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက် အထောက်အအကူပြုပါသည်။

          နနွင်းပင်ကို တောင်ယာမြေတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ်သော  သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုးကြသည်။ နနွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချနိုင်ပါသည်။

          ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချနေသော နနွင်းတက်စျေးနှုန်း မားမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ ၁ ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ထောပတ်သီးနှင့် မာလကာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အတွင်းထောပတ်သီးနှင့် မာလကာသီးများကို ရောင်းချလျက် ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင် လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မာလကာသီးများကို မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ သည် ဒေသ ထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍အနယ်နယ် အရပ်ရပ်သို့တင်ပို့ရောင်းချလျက်ရှိ ပါသည်။

    စက်တင်ဘာလ ပထမပတ်အတွင်း ကန်သာယာဈေးတွင် ဖြစ်ပေါ်နေသော ထောပတ်သီး ဈေးနှုန်းမှာ ထောပတ်သီး အသေး (၁)လုံးလျှင် (၅၀၀) ကျပ်၊ ထောပတ်သီး အလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့်ထောပတ် သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရ ပါသည်။မာလကာသီး‌ဈေးနှုန်းမှား (၁) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

အရောင်းသွက်သည့်ကိုက်လံဟင်းရွက်

      မန္တလေးစျေးကွက်အတွင်းသို့မိုးရာသီချိန်ဖြစ်၍ကိုက်လံဟင်းရွက်ကုန်စိမ်းများ ဝင်ရောက် မှုများလျက်ရှိပြီး အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမ ပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီး နှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီး ဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၅၀၀) ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီး ဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စက်တင်ဘာလပထမပတ်ငါးပုဇွန်စျေးကွက်

              မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ငါး၊ပုဇွန်နှင့်ရေထွက်ပစ္စည်းများ အရောင်း သွက်လျှက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာစျေးနှုန်းများမှာ  ငါးသလောက် ၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/-၊ ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်  ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ ၁၃၀၀ဝိ/- နှင့်  ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-၊ငါးမြစ် ချင်း၊ ငါးပတ်နှင့်ငါးရံ့များမှာ  ၁၃၀၀ဝိ/- နှင့် ၁၈၀၀ဝိ/-၊တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး ၃၀၀၀ဝိ/- နှင့် ၄၃၀၀ဝိ/- ၊မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်  ၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊ ပုဇွန်ကြား နှင့်ရေချိုပုဇွန်တုတ်မှာ ၄၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့်၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ  သိရှိရပါ သည်။ 

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း