Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့၊မြို့မဈေးကြီးရှိ ငါးကြင်းဈေးကွက်

     မိတ္ထီလာမြို့၊ မြို့မဈေးတွင် ဩဂုတ်လနောက်ဆုံးပတ်၌ ငါးကြင်းဈေးကွက်မှာဈေးအနည်းငယ်မြင့်လာကြောင်းသိရသည်။ ငါးကြင်းကိုအကောင်လိုက်အပြင်ခုတ်၍လည်းကောင်း၊ ခြစ်၍လည်းကောင်း၊ အသားလွှာ၍လည်းပြုလုပ်ရောင်းချကြပါသည်။ ငါးကြင်းအကောင်လိုက် ဈေးနှုန်းမှာ တစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ခုတ်သားမှာ(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ငါးကြင်း အသားခြစ်မှာ (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ငါးကြင်းလွှာမှာ (၂၅)ကျပ်သား(၇၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။လဆိုင်းပိုင်းနှင့် နှိုင်းယှဉ်ပါက (၁၀၀၀)ကျပ်ဈေးနှုန်း မြှင့်တက်လာပါသည်။ ငါးကန်များရေလျှံခြင်းကြောင့် မြှင့်တက်လာကြောင်းသိရသည်။ မိတ္ထီလာနှမ်းပေါ်ချိန်များတွင်စားရသော ဒေသထွက်အစားအစာ တစ်မျိုးဖြစ်သည်။  ငါးဈေးကွက်သို့ ရန်ကုန်ရှိငါးဒိုင်များမှ အများဆုံးဝင်ရောက်လာကြောင်းသိရသည်။

          မိတ္ထီလာမြို့၊ မြို့မဈေးကြီးမှာ ဥပုဿ်နေ့မှလွဲ၍ နေ့စဉ်ဖွင့်လှစ်ရောင်းချနေရာ မြို့ပေါ်ရပ်ကွက်များမှ ဈေးဝယ်သူများအပြင်မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာမြို့များမှ လာရောက်ဝယ်ယူသူများနှင့် စည်ကားလျက်ရှိပါသည်။

DOCA (မန္တလေး)

 

ကန့်ဘလူမြို့ရှိ အညာဒေသထွက် ထန်းလျက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်များတွင် ကြံသကာ၊ ရေဦးထန်းလျက်၊ ရေဦးပေါက်ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းယိုနှင့် ထန်းလျက်များ ရောင်းချလျက်ရှိရာ ထန်းလျက်များကို ရေဦးမြို့နှင့် ရွှေဘိုမြို့လက်လီ/လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရ သည်။

    ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက် ဈေးနှုန်းမှာ ကြက်မင်းကြီး()ပိဿာ (၆၅၀၀)ကျပ်၊ ဝါးတော()ပိဿာ (၆၀၀၀)ကျပ်၊ စမုံထန်းလျက်() ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်ကို အစားအသောက်များ ချက်ပြုတ်ရာတွင်လည်းကောင်း၊ တိုင်းရင်းဆေး ဖော်စပ်ရာတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

         

မြို့မဈေးတွင် ကြက်သွန်ဖြူဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာထုပ်နှင့် ပန်းဂေါ်ဖီတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို မိမိဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ကြက်သွန်ဖြူကြူကုတ် ()ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်၊ ဗမာဖြူ()ပိဿာလျှင်(၉၀၀၀)ကျပ်၊ အညံ့()ပိဿာလျှင် (၅၀၀၀မှ ၈၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင် ဩဂုတ်လနောက်ဆုံးပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ကန်ဇွန်းဥ ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥကို  စားသုံးသူများနှင့် မုန့်လုပ်သူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး(၁)ပိဿာလျှင် (၂၂၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်များကို မိမိတို့ဒေသထွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၀၀၀)ကျပ်၊ (၂)ပြည်လျှင် (၁၈၀၀)ကျပ်၊ စက်တင်ဘာလ ပထမပတ်အတွင်း သရက်သီးခြောက် (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေး ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိရာ၊ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်များကို မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာနှင့် နတ်အင်းကျေးရွာတို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချနေသော ကြောင်လျှာပွင့်ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ()ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိကြောင်း၊ သခွတ်ပွင့်ခြောက်()ပုံလျှင် (၁၀၀၀)ကျပ်နှင့် ()ပုံလျှင် (၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ရေချို ပုဇွန်ဆိတ်  နှင့် ပုဇွန်ခြောက် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှသဖန်းဆိတ်ဆည်မှထွက်ရှိသည့်ရေချိုပုဇွန်ဆိတ်နှင့်ပုဇွန်ခြောက်ဈေးနှုန်းသည်လည်းဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ် ၊  ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၄၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၂၀၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း ပုဇွန်ခြောက် ဈေးနှုန်းများအနေ ဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည် လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် မိုးအားကြီးသည့်အတွက် ပုဇွန်ဆိတ်အစို ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက် ရောင်းချသူထံမှ သိရသည်။

DOCA (စစ်ကိုင်း)   

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၈၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာ(၁၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ကြက်ဟင်း ခါးသီး တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး  ထိုင်ဝမ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင်(၇၀၀/ ၈၀၀/၅၀၀)ကျပ်၊ မုံညှင်းထုတ် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅) တောင့်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဗမာပြောင်းဖူး တစ်ဖူးလျှင်(၂၅၀/၃၀၀)ကျပ်နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)   

ကျွန်းလှမြို့တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း နှင့် ဆောင်းစံပါယ်ပန်း ဈေးနှုန်း

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဆောင်းစံပါယ် ပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ကြယ်ပန်း၊ ကျောက်စိမ်းပန်း၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေအခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက် နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းအနေဖြင့် ရွှေပန်း/ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုး(၆)ကုံး၊ ဆောင်စံပါယ်ပန်း တစ်ကုံးလျှင်(၂၀၀)ကျပ်၊ ဆောင်းစံပါယ်ကန်း(၃)ကုံးလျှင်(၅၀၀)ကျပ်၊ ရွှေပန်း/ငွေပန်း အခိုင်(၃)ခိုင်ပါ တစ်စည်းလျှင်(၈၀၀)ကျပ် (၂)စည်းလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း ပန်းသည်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)                           

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ရာသီစာ ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ရိုးရိုးဗမာပြောင်းဖူးပင်များကို မိမိတို့ တောင်ယာများတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်း အနေဖြင့် ရိုးရိုးဗမာပြောင်းဖူး အဖူးကြီး တစ်ဖူးလျှင်(၃၀၀)ကျပ်၊ အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ငွေ ကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း