Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဩဂုတ်လ ဆန်တင်ပို့မှု အခြေအနေများ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၁၀၁၃၅ ၊ ပန်းတနော် ဆန်တင်ပို့မှု ၁၆၁၅၈၊ ညောင်တုန်းဆန်တင်ပို့မှု ၁၁၃၂၅၀၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၀၃၅၂ အိတ်နှင့် စုစုပေါင်း (၁၅၉၈၉၅) တင်ပို့ပြီး တန်အားဖြင့် ၇၉၉၄ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၁၀၉၄၉၀ အိတ် နှင့် တန်အားဖြင့် ၅၄၇၄ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လနှင့် ဩဂုတ်လ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လ မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၁၅၉၈၉၅) တင်ပို့ပြီး  (၃၇၅၂)အိတ် လျော့နည်းတင်ပို့ကြောင်း ၊ အခြားမြို့နယ်တင်ပို့မှုမှာ ဇူလိုင်လ ဆန် ၃၀၆၂၉၁ အိတ် တင်ပို့သောကြောင့် ယခုလ (၁၉၆၈၀၁) အိတ်  လျော့နည်းတင်ပို့ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်း ဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်း စက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဩဂုတ်လ ဆန်ကွဲတင်ပို့မှု

  ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်ကြီးများမှ ကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဩဂုတ်လတင်ပို့နိုင်မှုမှာ မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊ ၃၉၇၅ အိတ်၊ ပန်းတနော် ဆန်ကွဲ ၆၅၆၅ အိတ်၊ ညောင်တုန်း ၃၃၅၁၀ အိတ်၊ ဓနုဖြူ ဆန်ကွဲ ၅၈၄၀ အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၄၉၈၉၀ အိတ်အရေအတွက်နှင့် တန်အားဖြင့် ၂၄၉၄ တန်နှင့် အခြား မြို့နယ်များမှ ၅၁၉၂၅ အိတ် တန်အားဖြင့် ၂၅၉၆ တန် တင်ပို့ခဲ့သည်။ ယခင်လ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဇူလိုင် က ၄မြို့နယ် ဆန်ကွဲတင်ပို့မှု မှာ (၆၁၅၄၀) အတိ တင်ပို့ခဲ့ပြီး ယခုလ ၁၁၆၅၀ အိတ် လျော့နည်းတင်ပို့ခဲ့သည်။ အခြားမြို့နယ်များက ဇူလိုင်လ က (၇၂၂၄၀) တင်ပို့ခဲ့သောကြောင့် ယခုလ ၂၀၃၁၅ အိတ် လျော့နည်း တင်ပို့ခဲ့ကြောင်း၊ လျော့နဉ်းတင်ပို့ရခြင်းမှာ ဒေသထွက် ဆန်ကွဲဟောင်းများ တင်ပို့မှုများခဲ့၍ နည်းပါးလာ ခြင်းဖြစ်ကြောင်း သိရပြီး တင်ပို့မှု စာရင်းများကို ပန်းတိုင်စစ်ဆေးရေးဂိတ်၏ စာရင်းများ အရသိရသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဓါတ်မြေဩဇာဖြန့်ဖြူးပေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၃.၉.၂၅) ရက်နေ့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓါတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းကို အဖွဲ့အမှတ် (၂) ၊ ရပ်ကွက် (၂) ရှိ စိုက်ပျိုးရေးဂိုထောင်၌ စတင်ဆောင်ရွက်ခဲ့ရာ အုပ်ကုန်း ကျေးရွာအုပ်စု၊ ခတ္တိယကျေးရွာအုပ်စု၊ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ တောင်သူ (၇၇၂) ဦးအား ကွန်ပေါင်း ၁၅ ပတ်လည် (၁) အိတ်နှင့် ယူရီးယား (၁) အိတ်၊ တစ်ဧက (၂) အိတ်နှုန်းဖြင့် ဧက (၇၇၂) ဧကအတွက် (၁၅၄၄) အိတ်အား စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ကွန်ပေါင်း (၁၅) ပတ်လည် (၁) အိတ် (၁၂၀၀၀၀) ကျပ်ဖြင့် ယူရီးယား (၁) အိတ် (၈၉၅၀၀) ကျပ်ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

    မန္တလေးစားတော်ပဲစျေးကွက်

             စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာ လ ပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)၃၇၀၀၀၀ကျပ်စားတော်ပဲ(ကျွန်း) ၆၅၀၀၀၀ကျပ်နှင့် ၆၇၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၆၂၄၅ကျပ်၊ စားတော်ပဲ(ကျွန်း) ၁၀၉၇၀ကျပ်နှင့် ၁၁၃၀၈ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါ သည်။ ယခင်နှစ်ကာတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၈၇၇၆ ကျပ်၊ စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၉၂၀ကျပ်ဖြစ်ပြီး၊ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါကတစ်ပိဿာလျှင်  စားတော်ပဲ(ကျွန်း)၄၃၈၈ ကျပ်တို့စျေးပိုမိုရရှိ ကြောင်း သိရပါသည်။

DOCA (မန္တလေး)

    အစေ့ထုတ်ပြောင်းစျေးကွက်

             ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ် အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ)၈၄၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) နှင့်ပြောင်းဖူးစေ့(စီပီ)  ၁၅၅၆ ကျပ်စျေးတို့ဖြစ် ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ဗမာ) ၁၅၁၉ ကျပ်နှင့် ၁၅၃၇ကျပ်၊ ပြောင်းဖူး စေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၁၅၉၃ကျပ်နှင့်၁၆၁၁ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် စျေးနှင့်ယခင်နှစ်ကာလတူ စျေး နှိုင်းယှဉ်ပါက  အစေ့ထုတ်ပြောင်းစျေးမှာ လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

စျေးပိုမိုရရှိသည့်ဆီကြိတ်ဖတ်

        မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီးထွက်ရှိလာသည့်မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန်အစာအဖြစ် အသုံး ပြုလျက်ရှိပါသည်။မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲ ဆီ ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၂၅၀ဝိ/-နှင့် ၁၃၀၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၃၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၂၀ဝိ/- နှင့် ၅၃၀ဝိ/-၊နှမ်းဖတ် ၃၀၀ဝိ/-နှင့် ၃၁၅ဝိ/-၊ နေကြာဖတ် ၂၄၀၀ကျပ်နှင့်၂၅၀ဝိ/- တို့ဖြင့် စျေးပိုမိုရရှိပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

       မြေပဲစျေးနှုန်းစျေးကွက်

          မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၇၅၅၀ ကျပ်နှင့်၇၆၅၀ကျပ်၊S1 ဆီဆံ  ၆၈၀၀ကျပ်၊ အနီလုံးဆံ ၇၂၀၀ ကျပ်နှင့် ၇၅၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၉၃၀၀ ကျပ်၊ S1 ဆီဆံ ၈၁၀၀ ကျပ်နှင့်၈၈၀၀ကျပ်၊အနီလုံးဆံ ၈၇၀၀ကျပ်၊အနီဆီဆံ၇၈၀၀ ကျပ်နှင့် ၈၁၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲဆံပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွား ကြောင်း သိရပါသည်။

DOCA (မန္တလေး)

နေကြာစျေးအနည်းငယ်ကျဆင်း

         နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ် အိတ်လျှင် ၁၆၀၀၀၀ ကျပ်နှင့် ၁၆၅၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၅၉၂၆ ကျပ်နှင့် ၆၁၁၁ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၂၄၀ဝ ကျပ် နှင့် ၂၅၀ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ ပေါက်စျေး မှာ ၃တင်း တစ်အိတ်လျှင် ၂၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၉၆၃ ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခုနှစ်နှင့်ယခင်နှစ်ဆီနေကြာပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွား ကြောင်း သိရပါသည်။

DOCA (မန္တလေး)

မအူပင်မြို့နယ် တိုးမြစ်မှ ဖမ်းစီးရရှိသော မြစ်ငါး၊ မြစ်ပုဇွန် များဈေးကောင်းလျက်ရှိ

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရှိ၍ မြစ်ငါးများ သုံးရာသီလုံးဖမ်းယူရရှိနေပြီး မြစ်ငါး၊ ပုဇွန် ရောင်းချသူ အခွန်လွန် ဈေးတွင် ၅ဦးခန့် ရှိကြောင်း ဈေးကွက်အတွင်း သိရသည်။

   မြစ်ငါး၊ မြစ်ပုစွန်များကို ပိုက်များဖြင့်လည်းကောင်း၊ မြုန်းများဖြင့်လည်း ကောင်းဖမ်းစီးပြီး မအူပင်အခွန်လွတ်ဈေးတွင် ရောင်းချကြသည်။ အခြားသော ဈေးများတွင်လည်း ကျေးရွာများမှ မြစ်ချောင်းများမှ ဖမ်းစီးရရှိသော ငါးများကို ရောင်းချနေကြောင်း သိရသည်။ အခွန်လွတ်ဈေးတွင် ရောင်းချနေသော ကပ်သပိုး ငါး ၁ပိဿာ ၂၅၀၀၀ကျပ်၊ ငါးမွေထိုး(အကျား) ၁ပိဿာ ၃၀၀၀၀ကျပ်၊ ပုစွန်ထုတ်အကြီး ၁ပိဿာ ၆၀၀၀၀ကျပ်၊ အလတ် ၅၅၀၀၀ကျပ်၊ ပုစွန်အသေး ၁ပိဿာ ၄၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါး၊ ပုစွန် တစ်နေ့ရောင်းချပါက ၅ပိဿာ၊ ၇ပိဿာ ခန့်ရောင်းချရပါကြောင်း ငါးရောင်းချသူထံမှ သိရသည်။ ငါးများကို မအူပင်ဈေးအတွင်းသာ ရောင်းချခြင်းဖြစ်ပြီး မြစ်ချောင်းမှ ထွက်ရှိနေ၍ မိသားစု အပိုဝင်ငွေရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စက်တင်ဘာလပထမပတ်နှမ်းစျေး

          ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ် အတွင်း နှမ်းအမျိုးအစား အလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၀၀၀၀၀ကျပ်၊နှမ်းဖြူ (ဗမာ) ၂၆၀၀၀ဝကျပ်နှင့် ၂၇၀၀၀ဝ ကျပ်၊ နှမ်းညို ၂၅၈၀၀၀ ကျပ်နှင့် ၂၆၂၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၆၆၇ ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၇၇၈ ကျပ်နှင့် ၆၀၀၀ ကျပ်၊နှမ်းညို ၅၇၃၃ ကျပ်နှင့် ၅၈၂၂ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရ ပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၇၇၈ ကျပ်နှင့် ၁၀၂၂၂ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၆၆၇ ကျပ်နှင့်၇၁၁၁ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                  

                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း