Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

   ရောင်းစျေးပိုမိုရသည့်ပဲယင်းကြီး

         ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲယင်း(နီ)၂၃၅၀၀၀ကျပ်၊ပဲယင်း(ကြီး) ၂၃၀၀၀၀ ကျပ်၊တစ်ပိဿာ စျေးမှာ ပဲယင်း(နီ)၃၉၁၇ကျပ်၊ ပဲယင်း(ကြီး) ၃၈၃၃ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာ စျေးမှာ ပဲယင်း(နီ) ၄၀၀၀ကျပ် နှင့်၄၀၅၀ကျပ်၊ ပဲယင်း(ကြီး)၃၀၈၃ ကျပ်နှင့်၃၁၃၃ကျပ်၊ ပဲယင်း (သေး) ၃၁၁၃ ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ ယခုနှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်း ယှဉ်ပါက တစ်ပိဿာလျှင် ပဲယင်း(နီ)မှာ ၁၃၃ ကျပ်လျော့နည်းသွားပြီး၊ ပဲယင်း(ကြီး)မှာ ၇၀၀ ကျပ် ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)  

ပြည်ခရိုင်အတွင်း ဈေးကောင်းရနေတဲ့ ငါးခူးငါးအကြောင်း

   ငါးခူငါးမှာ အကြေးခွံမပါသော အကြေးခွံမဲ့ငါးဖြစ်ပြီး ငါးခ္ဓာကိုယ်တွင် အချွဲအကျိများဖြင့် ဖုံးလွှမ်းထားသော ငါးတစ်မျိုးဖြစ်ပါသည်။ ငါးခူးငါးမှာ လူ့အကျိုးပြု အမိုင်နို၊ ဖက်တီးအက်ဆစ်၊ ပရိုတင်း၊ ဗီတာမင်၊ သံဓါတ်စသည့် ဓါတ်များပါဝင်ပြီး ဈေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးခူ ငါးမှာ လူ့အကျိုးပြု အမိုင်နို၊ ဖက်တီးအက်ဆစ်၊ ပရိုတင်း ၊ဗီတာမင်၊ သံဓါတ် စသည့်ဓါတ်များပါဝင်ပြီး စျေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးအရသာအလွန်ချိုသောကြောင့် နေမကောင်း သူများ ငါးဆန်ပြုတ်လုပ်စားပါက ငါးရဲ့အဓိကအာဟာရချဉ်ဆီရည်ကို အများဆုံးထုတ်ပေးရရှိနိုင်သော ငါးဖြစ်၍ ကျန်းမာရေးနှင့် ကိုယ်ခံအားကို အမြန်ဆုံးနလံထူနိုင်ကြောင်း သိရပါသည်။ ငါးခူသက်တမ်းမှာ (၂၀-၂၅)နှစ်ထိ အသက်ရှည်ပြီး အသက်ပြင်းသောငါးဖြစ်သည်။ နေရာမရွေးအသက်ရှင်နေထိုင်နိုင်ပြီး ငါးခူအမမှာ ဥပေါင်း(၇၀၀၀-၈၀၀၀)ခန့် ဥဥနိုင်ကြပါသည်။ငါးခူနှုတ်ခမ်းမွှေးမှာ အာရုံထိတွေ့မှု ကောင်းမွန်လှပြီး ငါးခူငါးကို လယ်ကွင်း၊ အိုင်၊ ရွှံ့နွံ စသည်တို့တွင် တွေ့ရတတ်သလို အင်းအိုင်၊ ချောင်းမြောင်းမှသည် မြစ်ထိလည်းတွေ့ရတတ်ပါသည်။ ရေချိုပိုင်းတွင်အများဆုံးကျက်စားကြပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင်လည်းနေထိုင်ကြသည်။ ငါးခူငါးကို ငါးခူစဉ်းကော၊ ငါးခူမွကြော်၊ ငါးခူ ခြောက်စပ်၊ ငါးခူငါး၊ ငါးပိရည်အပြင် မုန့်ဟင်ခါးလုပ်ရာ၌ ငါးခူငါးကို အသုံးပြုကြပါသည်။ ငါးခူးငါးကို ပြည်မြို့ မြို့မစည်ပင် သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးခူငါးအကြီးတစ်ပိဿာလျှင် ကျပ် (၃၇၀၀၀)၊ လက်လီတစ်ဆယ်သားလျှင် ကျပ် (၄၀၀၀) ထိ ဈေးပေါက်နေပြီး အရောင်းအဝယ်ကောင်း ကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ရာသီစာ သီးသီး

    သီးပင်ရဲ့အသီးကို အရွယ်အစားကြီး၍ ချိုသောမျိုးနှင့် အရွယ်အစားသေး၍ ချဉ်သောမျိုးဟုပြီး (၂) မျိုး ခွဲခြားနိုင်ပါသည်။ သီးသီးဟာ ဥသျှစ်သီးအငယ်စား (သို့မဟုတ်) ပန်းသီးအရွယ်ခန့်ရှိပါသည်။ အတွင်း သားဟာ ပျော့၍အစေ့များပါသည်။ သီးပင်ဟာ ရာသီဥတုနှင့် မြေအမျိုးအစားကို ရွေးသောအပင်မဟုတ်သည့်အတွက် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနိုင်ပြီး ကိုင်းဖြတ် စိုက်ခြင်းဖြင့်ပေါက်ရောက် ရှင်သန်နိုင်တဲ့အပင်မျိုး ဖြစ်ပါသည်။ သီးပင်ဟာ အလေ့ကျပေါက် ရောက်တဲ့အပင်မျိုးလည်းဖြစ်ပါသည်။ သီးပင်ရဲ့အရွက်ဟာ အနံ့ရှိပြီး ၎င်းမှနံ့သာဆီကို ထုတ်ယူနိုင် ပါသည်။ သီးပင်ရဲ့အခေါက်ဟာ သနပ်ခါး ခေါက်နှင့်တူ၍ သနပ်ခါးကဲ့သို့ သွေး၍လိမ်းကြပါသည်။ ဝမ်းကိုက် ဝမ်းလျှောရောဂါဖြစ်လျှင် သီးသီးကို အသုံးပြုနိုင်ပါသည်။ သီးသီးမှာဆိုရင် အသားဓာတ်၊ သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖော့စဖောရပ်၊ သံဓာတ်၊ ဗီတာမင်ဓာတ် အစရှိတဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးတစ်မျိုး လည်းဖြစ်ပါသည်။ သီးသီးကို ယိုပဲ ထိုးစားစား၊ အနှစ်ကိုတိုက်ပြီး ဖျော်ရည်ပဲ လုပ် သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲစားစား အရသာရှိတဲ့ သီးသီးလေးကို သရေစာ အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း စားသုံးကြပါသည်။  ရာသီပေါ်ဖြစ်တဲ့ သီးသီးကို ပေါ်ဦးပေါ်ဖျားတွင် အလုံးချောတစ်လုံးလျှင် ကျပ် (၃၀၀)၊ အလုံးလတ်တစ်လုံးတွင် ကျပ် (၂၀၀) ဈေးနှုန်းဖြင့် ရာသီစာဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

   အရောင်းသွက်သည့်ပဲကြီး

     ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောစျမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၀၀၀၀၀ကျပ်နှင့်၄၁၀၀၀၀ကျပ်၊ပဲကြီး(လတ်)၃၇၀၀၀၀ကျပ်နှင့် ၃၈၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၀၀၀၀၀ကျပ်နှင့်၃၄၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှပဲကြီး(ကြီး)၇၂၄၀ကျပ်နှင့် ၇၄၂၁ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့်၆၈၇၈ကျပ်၊ပဲကြီး(သေး) ၅၄၃၀ ကျပ်နှင့်၆၁၅၄ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၂၄၉ကျပ် နှင့် ၅၆၁၁ ကျပ် ၊ပဲကြီး(လတ်) ၄၅၂၅ကျပ်နှင့်၄၇၀၆ ကျပ်၊ပဲကြီး(သေး)၃၆၂၀ ကျပ်နှင့် ၃၉၈၂ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)  

                                                                                      

ပြည်မြို့တွင် ရောင်းချနေသော ကြက်ဥ/ဘဲဥ ဈေးနှုန်းများ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း စက်တင်ဘာလ၊ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥကြီး တစ်လုံးလျှင် (၅၅၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၂၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ဘဲဥဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် (၆၀၀)ကျပ်၊ အလတ် (၁)လုံးလျှင် (၅၅၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ယခု စက်တင်ဘာလ၊ ပထမပတ် တွင် တစ်နေ့ ရောင်းအား အခြေအနေမှာ အလုံးရေ (၃၅၀၀)လုံးမှ (၄၀၀)လုံးထိ ရောင်းချရပါ ကြောင်း၊ ကြက်ဥ ၊ ဘဲဥ ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသတွင် ရောင်းချနေသော နွားနို့ဈေးနှုန်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နွားများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် မွေးမြူကြသလို စားဝတ်နေရေးအတွက်လည်း မွေးမြူကြပါသည်။ ဗမာနွားများနှင့် နို့စားနွားများကို တစ်နိုင်တစ်ပိုင် မွေးမြူကြပြီး နွားနို့များကို ဈေးကွက်အတွင်းသို့ ရောင်းချကြကြောင်းလည်းသိရပါသည်။

          ၂၀၂၅  ခုနှစ်၊ စက်တင်ဘာလ၊ ပထမပတ်အတွင်း ရောင်းချနေသော နွားနို့ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင် (၅၀၀၀)ကျပ်၊ နို့ခဲ (၁၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် ဒိန်ချဉ် (၁) လီတာ၊ တစ်ဘူးလျှင် (၆၀၀၀)ကျပ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် မုန်လာဥနီ ဈေးနှုန်းများ

   ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေသော ဟင်းသီး ဟင်းရွက်များအပြင် ဂေါ်ရခါးသီးနှင့် မုန်လာဥနီများလည်း ရောင်းချနေကြောင်း သိရပါသည်။ ဂေါ်ရခါးသီးနှင့် မုန်လာဥနီများကို ဟင်းအဖြစ်ချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး စားသောက် ဆိုင်များမှလည်း စီးပွားဖြစ် အသုံးပြုရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ပထမပတ်တွင် ဂေါ်ရခါးသီး အလုံးကြီး (၁)လုံးလျှင် (၈၀၀) ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန်လာဥနီဈေးနှုန်းများမှာ မုန်လာဥနီ (ထိုင်ဝမ်)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ မုန်လာဥနီ(ဗမာ)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရသည်။

DOCA(ပဲခူး)

မန္တလေးကုလားပဲစျေးကွက်

         ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၅၅၀၀၀ကျပ်နှင့် ၂၅၈၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၄၅၀၀၀ ကျပ်နှင့် ၂၄၈၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၅၀၀၀ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၄၃၀၀၀ကျပ်နှင့်၂၄၅၀၀၀ကျပ်၊ တစ်ပိဿာပေါက် စျေး မှာကုလားပဲ(V-2) ၄၄၅၄ကျပ်နှင့် ၄၅၀၇ကျပ်၊ကုလားပဲ(V-7)၄၂၇၉ကျပ်နှင့်၄၃၃၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၁၇၈ကျပ်နှင့် ၄၂၃၁ကျပ်၊ ကုလားပဲ(929)၄၃၂၀ကျပ်နှင့်၄၃၅၆ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာကုလားပဲ (V-2) ၅၂၄၀ကျပ်နှင့် ၅၃၂၈ ကျပ်၊ကုလားပဲ (V-7)၆၁၁၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်နှင့် ၅၀၆၇ကျပ်၊ကုလားပဲ(929) ၅၁၉၁ကျပ်နှင့် ၅၂၀၉ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါ သည်။      

DOCA (မန္တလေး)  

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဆူးပုတ်ရွက်ဈေးနှုန်းဈေးကွက်

   ဆူးပုတ်ရွက်များသည် သဘာဝအလျောက်ပေါက်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် အများဆုံးပေါက်ရောက်လေ့ရှိပါသည်။ ဆူးပုတ်ပင်သည် နွယ်ပင်မျိုးဖြစ်၍ နွယ်တက် နိုင်ပြီး ချုံကဲ့သို့လည်း ပေါက်ရောက်ပါသည်။ ဆူးပုတ်ရွက်သည် နှစ်ကြိမ်ငှက်မွှေးရွက်ပေါင်းပုံစံဖြစ်၍ ရွက်လွှဲထွက်ကာ အနံ့မှာ ပြင်းရှရှ ဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို ဟင်းလျာအဖြစ်ချက်ပြုတ် စားသောက်ကြသလို ဆူးပုတ်ပင်၏အရွက်နှင့်အမြစ်တို့ ကိုလည်း အစာအိမ်ရောဂါ၊ အသားမာရောဂါများ အတွက်လည်း ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အနီးတစ်ဝိုက်တွင် တည်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ တောတောင်များနှင့်အိမ်ခြံဝန်းများတွင် သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော ဆူးပုတ်ရွက်များကို ဒေသခံများက လတ်လတ်ဆတ်ဆတ်ခူးယူပြီး မိသားစုအတွက် အပိုဝင်ငွေရရှိအောင် တောင်ငူမြို့၊ ညောင်ပင်လေးဈေးနှင့် အခြား‌ဈေးများတွင်လည်း လာရောက် ရောင်းချလျက်ရှိပါသည်။ ဈေးဝယ်သူအိမ်ရှင်မများက ညောင်ပင်လေးဈေးရှိ ဆူးပုတ်ရွက်ရောင်းသူ ဈေးသည်များမှတစ်ဆင့် ဆူးပုတ်ရွက်များကို တစ်စည်းလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်အတွင်း ဝယ်ယူ လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ဈေးများရှိ ကြောင်လျှာသီးဈေးနှုန်း

  မြန်မာလူမျိုးများသည် ကြောင်လျှာသီးကို စားချင်စဖွယ်ဟင်းလျာတစ်ခွက်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီအတွက် ရာသီစာအသီး တစ်မျိုးဖြစ်ပြီး ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်ပေါ်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ ပူအိုက်စိုစွတ်သောဒေသ များတွင် ကြောင်လျှာသီးကို အဓိကစိုက်ပျိုးကြပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြပါသည်။

   တောင်ငူမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကြောင်လျှာသီးစိုက်ပျိုးမှု အနည်းငယ် ရှိသော်လည်း စီးပွားဖြစ်စိုက်ပျိုးမှုထက် မိသားစုစားသုံးရန်အတွက် အိမ်ခြံဝန်းအတွင်း စိုက်ပျိုးသည့် ပုံစံ မျိုးသာရှိပါသည်။  ယခု စက်တင်ဘာလ (ပထမပတ်)တွင် တောင်ငူမြို့နယ်အတွင်းရှိ ဈေးများထဲ၌ ကြောင်လျှာသီးများ အရောင်းသွက်လျက်ရှိပြီး  ဈေးများထဲတွင် ရောင်းချနေသော ကြောင်လျှာသီး များသည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရွှေကျင် မြို့နယ်များမှလည်းကောင်း၊ ရန်ကုန် တိုင်းဘက်မှ လည်းကောင်း သယ်ယူရောင်းချနေသော ကုန်စိမ်းသီးနှံဖြစ်၍ ကြောင်လျှာသီး အတောင့်သေး တစ်တောင့်လျှင် ၈၀၀ ကျပ်၊ အတောင့်ကြီးတစ်တောင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း