Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပဲပုပ်ဈေးနှုန်းဈေးကွက်”

            ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲပုပ် (ကုန်ကြမ်း) အနေဖြင့် တောင်ပေါ်ဒေသများမှအများဆုံး ဝယ်ယူရောင်းချလျက်ရှိကြောင်း၊  MSME လုပ်ငန်း ဖြစ်သော ပဲပုပ်စို၊ ပဲပုပ်ခြောက်လုပ်ငန်းများကို ‌ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တပိုင်လုပ်ကိုင်ကြကြောင်း၊ ပဲပုတ်သည် ပြည်တွင်းစားသုံးမှု ရှိသည့် သီးနှံဖြစ်သည့်အပြင် ပြည်ပသို့လည်းတင်ပို့လျက်ရှိကြောင်း၊ ပဲပုပ်အစို တစ်ဆယ်သားလျှင် (၁၀၀၀/-)ကျပ်၊ တစ်ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ပဲ ပုပ်အခြောက်တစ်ဆယ် သားလျှင် (၁၅၀၀/-) ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲပုပ်ဟင်းလျာကို မြန်မာလူမျိုးများသည် နှစ်သက်စွာစားသုံးကြကြောင်း၊စားသုံးမှုများသော ကြောင့် အရောင်းအဝယ် လည်းကောင်းကြောင်း၊ ပဲပုပ်သည် အာဟာရပြည့်ဝသည့် သီးနှံတစ်မျိုးဖြစ်ပြီး အသားဓာတ်ခေါ်ပရိုတင်း ၄၀-၄၅ ရာခိုင်နှုန်း နှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉-၂၀ ရာခိုင်နှုန်းပါဝင်ပြီး လူ၊ တိရစ္ဆာန်တို့အတွက် လိုအပ်သည့် အမိုင်နိုအက်စစ်ကို ပဲပုပ်အသားဓာတ်တွင် တွေ့ရှိရကြောင်း၊ ပဲပုပ်တွင် သက်စောင့်ဓာတ် ဗိုက်တာမင်အေ၊ ဒီနှင့် ဘီတို့ ပါဝင်သည့်အပြင် ကယ်စီယမ်၊ ဖောလစ်အက်စစ်နှင့် သံဓာတ်လည်း ပါဝင်ကြောင်း၊ ပဲပုပ်သည် သွေးတိုးကျစေ၍ နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင် ပဲပုပ်မှ ထုတ်လုပ်သည့် စားသောက်ကုန်များသည် ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုနည်း၍ ဆီးချိုရောဂါရှိသူများ လည်း စားသုံးရန်သင့်တော်ကြောင်း၊ ပဲပုပ်ကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ပရာကြော်၊ တို့ဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပုပ်ထောင်း၊ ဆီတို့ဟူးတို့ပြုလုပ်၍ စားသုံးကြကြောင်း၊ ဖယောင်းတိုင်၊ ဇီဝလောင်စာဆီ၊နှင့် သုတ်ဆေးများအဖြစ် ထုတ်လုပ်ခြင်းနှင့် တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြု၍ အများအားဖြင့်ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုးထုတ်လုပ်ကြကြောင်း၊ ပဲပုပ်အထွက်တိုးအောင် စိုက်ပျိုးလာနိုင်သည်နှင့်အမျှ တောင်သူများဝင်ငွေတိုးတက်၍ လူနေမှုအဆင့်မြင့်မား လာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

“ကျောက်ဆည်မြို့ရှိဘိလပ်မြေစက်ရုံများမှသယ်ယူခနှုန်းထားများတည်ငြိမ်လျက်ရှိ”

            ကျောက်ဆည်မြို့၏ အရှေ့ဘက်(၈)မိုင်ခန့်အကွာတွင် စက်မှုနယ်မြေရှိသည့်အနက် ဆင်မင်း ဘိလပ်မြေစက်ရုံ၊ Alpha ဘိလပ်မြေစက်ရုံ နှင့် ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံများမှ ဘိလပ်မြေများ မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ၄င်းစက်ရုံများအနက် ကြံ့နှစ်ကောင်ဘိလပ်မြေကို သံတော်မြတ်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ပြီး အထက်မြန်မာပြည် အနေဖြင့် အားသစ်မာန်ကုမ္ပဏီ၊ အောက်မြန်မာပြည်အနေဖြင့် ရွှေမေတ္တာ(Trading Co; Ltd)တို့မှ တာဝန်ယူဖြန့်ချီပေးလျက်ရှိပါသည်။ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံအနေဖြင့် ဘိလပ်မြေအနီနှင့် အစိမ်း(၂)မျိုး ထုတ်လုပ်လျက်ရှိရာ တွဲကားတစ်စီးလျင် ဘိလပ်မြေအိတ်ရေ(၇၂၀)အိတ် တင်ဆောင် နိုင်ပြီး အောက်မြန်မာပြည် ခွဲတမ်းအနေဖြင့် ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊မြောက်ဒဂုံစသည့် မြို့နယ်များသို့ ဘိလပ်မြေ တစ်အိတ်လျင် တင်ဆောင်ခ(၃၈၀၀/-)ကျပ် ၊ ပဲခူးမြို့သို့ ဘိလပ်မြေ တစ်အိတ်လျင်တင်ဆောင်ခအနေဖြင့်(၃၅၀၀/-)ကျပ်၊အထက်မြန်မာပြည်ခွဲတမ်းအနေဖြင့်နေပြည်တော်၊တပ်ကုန်း၊ဘောဂသီရိ၊ပုဗ္ဗသီရီမြို့နယ်များသို့ ဘိလပ်မြေ တစ်အိတ်လျင် တင်ဆောင်ခ (၁၂၀၀/-)ကျပ်ဖြင့် ပို့ဆောင်လျက်ရှိပါသည်။ ဘိလပ်မြေသယ်ယူစရိတ်များအနေဖြင့် ယခုအချိန်တွင် သယ်ယူခစျေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး မကြာခဏအပြောင်းအလဲရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

“ကြောင်လျှာပွင့်နှင့်ကြောင်လျှာသီးစျေးနှုန်း”

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဖြစ်ပြီး စပါး၊ပဲ၊ပြောင်း၊ နှမ်း စသည့်သီးနှံမျိုးစုံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအပြင် အလေ့ကျပေါက်ရောက်လေ့ရှိ ပါသည်။ ယခုအခါပျိုးပင်အ‌ရောင်းဆိုင်များမှာ ကြောင်လျှာပျိုးပင်များကို တစ်ပင်လျှင် (၁၀၀၀-၁၅၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး နေရာမရွေးစိုက်ပျိုးနိုင်ပါသည်။ ကြောင်လျှာပွင့်၏ အရသာသည် စိမ့်ဖန်ခါးသောအရသာရှိပြီး ကြောင်လျှာပွင့်ကို ရေးနွေးဖြင့်ပြုတ်၍ အသုပ်ပြုလုပ် စားသုံးနိုင်ကြောင်း၊ အတို့အမြှုပ်အဖြစ် စားသုံးနိုင်‌ကြောင်း၊ ကြောင်လျှာပွင့်ကိုစားသုံးဖြင်းဖြင့် နားမကြားမှုကို သက်သာပျောက်ကင်းစေကြောင်း၊ ကြောင်လျှာပွင့် စျေးနှုန်းအနေဖြင့် ကြောင်လျှာပွင့်အခြောက် တစ်ပြည်လျင်(၁၅၀၀/-)ကျပ်၊ နှစ်ပြည်လျင်(၂၅၀၀/-)ကျပ်၊ ကြောင်လျှာသီး စျေးနှုန်း အနေဖြင့် တစ်တောင့်လျှင်(၅၀၀-၁၀၀၀)ကျပ် စျေးနှုန်းများဖြင့် အေးမြကြည်လင်စျေးနှင့် မြို့မစျေး တို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုလို မိုးရာသီတွင် ကြောင်လျှာပွင့်၊ ကြောင်လျှာသီးများ လှိုင်လှိုင်ထွက်ပေါ်နေကြောင်း၊ ဒေသမရွေး ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် ကြောင်လျှာပင်ကို စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA (မန္တလေး)

 

“မြင်းခွာရွက်စျေးနှုန်းစျေးကွက်”

             မြင်းခွာရွက်သည် ကလေး၊လူကြီမ‌ရွေးစားသုံးသင့်ပါသည် ။ မြင်းခွာရွက်သည် သွေးထဲမှ သကြားဓာတ်ကိုထိန်းပေးခြင်း ၊ စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း ၊ မှတ်ဉာဏ်တိုးတက်စေခြင်း ၊ အာရုံကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း စသည့် ရောဂါများကို ကုသပေးနိုင်ကြောင်း ဆေးကျမ်းစာအုပ်များမှသိရှိရပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီးလယ်မြေအမျိုးအစားများတွင်ပေါက်တက်သည်။ မြင်းခွာရွက်ကိုအသုပ်သုပ်၍သော်လည်းကောင်း၊အကြော်ကြော်၍သော်လည်းကောင်း၊ဟင်းချိုချက်၍ သော်လည်းကောင်းအမျိုးမျိုးပြုလုပ်၍စားသုံးကြပါသည်။ကျောက်ဆည်မြို့၊အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတို့တွင်ရောင်းချနေသောမြင်းခွာရွက်ဈေးနှုန်းများမှာ(၅)ကျပ်သားလျှင်(၅၀၀/-)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်းကုန်စိမ်းရောင်းချသည့်ဈေးသည်များထံမှသိရှိရပါသည်။

DOCA (မန္တလေး)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

          ၁၂.၁၁.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ကြမ်း) သစ် အနိမ့်ဆုံးဈေး ကျပ် ၆၁၀၀ မှ အများဆုံး ကျပ် ၆၅၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  ကျပ် ၄၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၄၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၅၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၀၀၀၊ ကြံသကာ (သကြားရော) ကျပ် ၄၈၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၄၅၀၀ မှ ကျပ် ၅၅၀၀  မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၅၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၃၇၀၀ မှ ကျပ် ၄၁၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

၁၂.၁၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

          ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၁၂.၁၁.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၆၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၅၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၆၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၅၀၀၀၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၃၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၃၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၀၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၃၀၀၀၀ ၊ ဇီးပွ(ပု) ကျပ် ၂၁၅၀၀ တို့အသီးသီးဖြစ်ကြောင်း ယနေ့ ၅.၁၁.၂၀၂၅ ရက်နေ့တွင် ငရုတ်သီး(၂၀၀) အိတ်နှင့် ၄၀၀၀ ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

        ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၆၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၂၈ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၇၅၆ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၃၀ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၂၈ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ်၊ ပဲခူး(အနောက်) ၃၅၉၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၆၂ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၈၃၃ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၆၈၅ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၉၆ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၃၇၄ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၅၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၂၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၄၆၇ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၄၈၃ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ်၊ ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

         ၁၂.၁၁.၂၀၂၅ ရက်နေ့တွင်  ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ (၅၀၅၅၉)  အိတ်ဝင်ရောက်ခဲ့ပြီး ယခင်နေ့ထက် အနည်းငယ်လျော့နည်း၍ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ တောင်သာ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၇၅၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါ သည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၀၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်း အရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၅၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၅၀ ၊ အကြီး မှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ တောင်သာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၀၀၊ အကြီးမှာ ကျပ် ၁၀၅၀၊ ရှယ်မှာ ကျပ် ၁၃၅၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၅၀ ၊ အကြီး မှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀  ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁၂.၁၁.၂၀၂၅ ရက်နေ့တွင်  ဆိပ်ဖြူ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာကြက်သွန်နီဈေးနှုန်းများမှာ ၁၀.၁၁.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သရက်မြို့၏ အုန်းသီး၊ ငှက်ပျောသီး ဈေးနှုန်းအခြေအနေ

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ပေါ်ရှိ အုန်းသီး၊ ငှက်ပျောသီးဆိုင်များသို့ မြို့နယ်အတွင်းရှိ ထီးရိုး၊ ရွှေပန်းကိုင်းကျေးရွာနှင့် မင်းတုန်းမြို့နယ်ရှိ ယော၊ သမ္ဗူလ၊ မြို့ဟောင်း၊ အလယ်ချောင်းကျေးရွာ၊ ကံမမြို့နယ်ရှိ ဆုံကုန်၊ ခြောက်ထောင့်ကျေးရွာများမှ ထွက်ရှိသည့် ဖီးကြမ်း ငှက်ပျော၊ ရခိုင်ငှက်ပျောသီးများနှင့် ရန်ကုန်မြို့မှ အုန်သီးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဈေးနှုန်းအနေဖြင့် ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၂၅၀၀ -၃၀၀၀)၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ အုန်းသီးတစ်လုံးလျှင် ကျပ်(၆၀၀၀- ၆၅၀၀)၊ အုန်းသီးအခွံချွတ်တစ်လုံးလျှင် ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချကြောင်း၊ အောက်တိုဘာ လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အုန်းသီး၊ ငှက်ပျောသီး ကျပ်(၅၀၀)ဈေးနှုန်းကျဆင်း လာကြောင်း၊ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အုန်းသီးငှက်ပျောသီးရောင်းချသည့် ဈေး သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့နယ်၏ အုန်းသီးနှင့်ငှက်ပျောသီး ဈေးနှုန်းဈေးကွက်

               ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မိမိတို့ ကိုးကွယ်ယုံကြည်ရာလိုက်၍ ဘုရားပွဲ ၊ တရားပွဲ ၊ နတ်ပွဲ ၊ အလှူနှင့် မင်္ဂလာပွဲများတွင် အစဉ်အလာအရ မဖြစ်မနေသုံးစွဲနေသော ငှက်ပျောသီး ၊ အုန်းသီးဈေးကွက်သည်လည်း အနယ်နယ်အရပ်ရပ်တွင် ဈေးကွက်တစ်ခုပင် ဖြစ်တည်ရောင်း ဝယ်နေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်ပါသည်။ မြင်းခြံမြို့နယ်သည် ငှက်ပျောအများစု စိုက်ပျိုးသော ဒေသတစ်ခုမဟုတ်သည့်အတွက် ငှက်ပျောအများစု စိုက်ပျိုးရာဒေသများဖြစ်သော ဟန်မြင့်မိုရ် ၊ မြစ်သား ၊ ကျောက်ဆည် ၊‌ ရွှေဘို ၊ ပုပ္ပါး ၊တောင်ငူတို့မှထွက်ရှိသော ငှက်ပျောသီးများကို မှာယူရောင်းချနေကြောင်းလေ့လာသိရှိရပါသည်။လက်တလော ကျောက်ဆည် ၊ ရွှေဘို ဖီးဂျမ်းတစ်ဖီးလျှင် ၄၀၀၀-၄၅၀၀- ကျပ် ဈေးရှိပြီး ပုပ္ပါး၊တောင်ငူ ဖီးဂျမ်း တစ်ဖီးလျှင် ၂၅၀၀-၃၀၀၀ ကျပ်ဈေးရှိပါကြောင်းနှင့် ရခိုင်ငှက်ပျော တစ်ဖီးလျှင် ၂၀၀၀-၂၅၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ရှိပါကြောင်း ရခိုင်ငှက်ပျောအနေဖြင့် ပုပ္ပါးသီးသည် အစေ့မပါ၍ လူကြိုက်များ တောင်ငူသီးသည် အစေ့ပါ၍ လူကြိုက်နည်းကြောင်း ဈေးနှုန်းအနေဖြင့်လည်း တစ်ဖီးလျှင် ၂၀၀-၃၀၀ ကွာခြားမှုရှိကြောင်းသိရသည်။ဈေးနှုန်းအနေဖြင့်တော့ပုံမှန်ဈေးတန်းတွင်သာရှိပါကြောင်း၊စားဖီးအနေဖြင့်ကျောက်ဆည်ရွှေသိမ်တော်သာသနာပွဲကျဖီးကျမ်း ၁ ဖီးလျှင် ၁၀၀၀ -၁၃၀၀- ၁၈၀၀ ဈေးတို့ဖြင့် ရောင်းချရပါကြောင်း၊အုန်းသီးကိုတော့ တောင်ငူ၊ ရန်ကုန်တို့မှ မှာယူရောင်းချရာ တောင်ငူ ဆွဲပွဲအုန်းသီး (၁) လုံးလျှင် ၄၇၀၀-၅၀၀၀ ကျပ်နှင့် ရန်ကုန်ဆွဲပွဲအုန်းသီး (၁)လုံးလျှင်၅၈၀၀-၆၀၀၀ကျပ်တို့ဖြင့်ရောင်းချပြီးအခွံခွာပြီးအုန်းသီးကိုတော့း ၄၀၀၀-၄၅၀၀ကျပ်ရောင်းချကြောင်းအုန်း၊ ငှက်ပျောရောင်းချသူလုပ်ငန်းရှင်တစ်ဦး၏ပြောကြားမှု အရသိရပါသည်။

DOCA (မန္တလေး)

 

                                                                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း