Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလပထမပတ်ရှိနှမ်းစျေးကွက်

        ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက် နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း နှမ်းအမျိုး အစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊နှမ်းညို ၂၆၇၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၄၄၄ကျပ်နှင့် ၆၆၆၇ ကျပ်၊ နှမ်းညို ၅၉၃၃ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၄၄၄ကျပ်၊ နှမ်းဖြူ (ဗမာ) ၈၁၁၁ ကျပ်နှင့် ၈၄၄၄ ကျပ်၊နှမ်းညို ၆၈၄၄ကျပ်နှင့် ၆၈၈၉ကျပ်၊နှမ်းနီ ၇၄၄၄ ကျပ် ၇၅၅၆ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)                  

                                         

နိုဝင်ဘာလပထမပတ်ရှိ ခရမ်းသီးပေါက်စျေး

            မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ တန်ဆောင်းမုန်းလပြည့်ကျော်ရာသီချိန်တွင် ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ပြီး၊အရောင်းသွက်ကြောင်းသိရှိရပါသည်။ခရမ်းသီးမှာမန္တလေးတိုင်း‌ဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မှဝင်ရောက်လျက်ရှိပြီး၊တန်ဆောင်မုန်း လပြည့်ကျော်ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင်   လက္ကားစျေး  အလုံးကြီး  ၁၇၀ဝိ/-နှင့် ၁၉၀ဝိ/- ၊အလုံးလတ် ၁၅၀ဝိ/- နှင့် ၁၆၀ဝိ/- ၊ အလုံးသေး   ၁၃၀ဝိ/- ကျပ်နှင့် ၁၂၀ဝိ/-၊ လက်လီစျေး အလုံးကြီး  ၂၀၀ဝိ/- နှင့် ၂၃၀ဝိ/- ကျပ်၊ အလုံးလတ် ၁၆၀ဝိ/- နှင့် ၁၈၀ဝိ/-၊ အလုံးသေး ၁၄၀ဝိ/- နှင့် ၁၅၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)                  

                                                                                    

သံပုရာသီးပေါက်စျေးအနည်းငယ်မြင့်တက်

                  မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊  စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ  တန်ဆောင်မုန်းလပြည့်ကျော်ရာသီအချိန်တွင် ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊စျေးအနည်းငယ်မြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း  ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် အလုံးကြီး ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အလုံးလတ် ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် အလုံးကြီး ၉၀၀ ကျပ်နှင့် ၁၁၀၀ ကျပ်၊ အလုံးလတ် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးတို့ဖြစ် ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါသည်။ တန်ဆောင်မုန်းပြည့်ကျော် ရာသီအချိန်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာဝင်ရောက်မှုအနည်းငယ်လျော့ကျသည့်အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)                                                                                                    

 နိုဝင်ဘာလပထမပတ်ရှိသစ်အယ်သီးစျေး

            စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများနိုဝင်ဘာလပထမပတ်အတွင်း ဝင်ရောက်မှုများပြား လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်း တို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း သစ်အယ်သီး လက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ်ပေါက်စျေး နှင့်နှိုင်းယှဉ်ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)        

 

 

 စျေးကွက်အတွင်း ပဲသီးတောင့်ရှည်စျေးအနည်းမြင့်တက်

          ကုန်စိမ်းစျေးကွက်သို့ တန်ဆောင်းမုန်းလပြည့်ကျော်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့်ပဲသီး တောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင်၂၀၂၅ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကား စျေး ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်၊လက်လီစျေး၅၀၀၀ကျပ်နှင့်၅၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ကရှိရှိကြောင်းသိရှိရပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ အောက်တိုဘာလနောက်ဆုံးပတ်ပေါက်စျေး နှင့်နှိုင်းယှဉ်ပါက ၁ ပိဿာ လျှင် ၅၀၀ကျပ်စျေးမြင့်တက်သွားကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး ၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင် ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက်(Canter၁၂ဘီးနှင့်၆ဘီး)ယာဉ်(၄၀)စီးနှင့် (၆၀)စီး အကြားဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)        

တန်ဆောင်မုန်းလ မန္တလေးပန်းကုံးစျေးကွက်

                     တန်ဆောင်မုန်းလပြည့်ကျော် အခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံး မျိုးစုံစျေးကွက် အတွင်း စျေးအနည်းငယ်မြင့်တက်ပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက် အတွင်းသို့ မန္တလေး တိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ် ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)        

ထန်းလျက်စျေးအနည်းငယ်မြင့်တက်

             မန္တလေးမြို့စျေးကွက်အတွင်းသို့တံတားဦးမြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ အမျိုးအစားအလိုက် ပေါက်ဈေးအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိပြီး ဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရ ပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်နေသည့်ထန်းလျက် လက်လီတစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက်(လုံးသေး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ အုန်းထန်းလျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ ဆီးထန်းလျက် ၉၀၀ဝိ/-နှင့် ၁၀၀၀ဝိ/-၊နှမ်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ထန်းလျက်ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)        

ဆောင်းဦးရာသီရှိရွှေပဲသီးတောင့်စျေး

         ဆောင်းဦးရာသီအတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်ဝင်ရောက်မှုအနည်း ငယ်လျော့နည်းပြီး၊ စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း ဈေးနှင့် သီရိမာလာ ဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှထွက်ရှိသော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ပထမပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး  ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကား စျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ လက်လီစျေး ၁၁၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့် မြင့်တက်သွားပြီး၊ ဆောင်းဦးရာသီရှိရွှေပဲသီးတောင့်ကုန်စိမ်းမှာအရောင်းသွက် လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                

 ခါကြက်ဥ(ခေါ်)မုန်လာဥနီဈေးအနည်းငယ်မြင့်တက်

         ဆောင်းဦးရာသီအတွင်း ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်သည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ (ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက် သည့်ကုန်စိမ်း  အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေး မှာ တစ်ပိဿာလျှင် လက္ကားဈေးမုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီ ထိုင်ဝမ် မျိုး ၈၀၀၀ ကျပ် နှင့် ၈၈၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ ကျပ်၊ မုန်လာဥနီထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အောက်တို ဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                

အရောင်းသွက်သည့်ရာသီစာကန်စွန်းဥ

           တန်ဆောင်မုန်းလအတွင်းသို့ ရာသီစာကန်စွန်းဥများ ဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ ထွက် သည့် ကန်စွန်းဥများ ဝင်ရောက်မှုများပြား ပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်း သိရှိရပါ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ် ရောင်၊အဖြူရောင်၊ခရမ်းရောင်၊လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်းအများဆုံး တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမ ပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာ လက္ကား စျေးမှာ (ငချိတ်ရောင်)၃၅၀ဝကျပ် မှ ၃၇၀ဝ ကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊လက်လီစျေး(ငချိတ်ရောင်)၄၀၀ဝိ/-မှ၅၀၀ဝိ/-၊ (လိမေ္မာ်ရောင်)၃၅၀၀ ကျပ်နှင့် ၃၈၀၀ကျပ် တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် တန်ဆောင်မုန်းလပြည့်ကျော်ကာလ ရာသီ စာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး၊ အရောင်းသွက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                

 

                                                                                                       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း