Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကိုးသောင်းဈေးအတွင်းတွင် ဘဲဥများ အများအပြား ရောင်းချ နေကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ပြည်မြို့မဈေးကြီးတွင် အရောင်းအဝယ်ဖြစ်သည့် ကြက်ဥဈေးနှုန်းများမှာ အသေး (၃၅၀)ကျပ်၊ အလတ် (၄၅၀)ကျပ်၊ အကြီး (၅၅၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဘဲဥဈေးနှုန်းများမှာ (၆၀၀ - ၇၀၀) ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း ကြက်ဥနှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီးဈေးနှုန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မဈေးကြီးတွင် စားသုံးသူပြည်သူများနှင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်အသီးအနှံများအပြင် ဂေါ်ရခါးသီးများကို ရှမ်းပြည်၊ အောင်ပန်းနှင့် ပြင်ဦးလွင်ဒေသမှ မှာယူရောင်းချကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ပြည်မြို့မဈေးကြီးတွင် အရောင်းအဝယ် ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိ သစ်သီးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၄၅၀၀/၅၀၀၀/ ၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၃၀၀၀/) ကျပ်မှ ၇၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊  ဩဇာသီးတစ်လုံးလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊  သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/ ၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိငါးဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာ လျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

   လက်ပံတန်းမြို့မဈေးအတွင်း နိုဝင်ဘာလဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံ  စားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၃၀၀/၁၈၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၈၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၅၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

    အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်ရှိဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ နိုဝင်ဘာလ အတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ဂေါ်ရခါးသီး လုံး ၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၃၀၀၀ ကျပ်၊ ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေး တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်း ခါးသီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာ လျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ် ကျပ် သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်စည်း ၂၅၀ ကျပ်၊ မုန်လာဥ တစ်စည်းလျှင် ၁၅၀၀ ကျပ်၊ သခွားသီးသုတ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ဘူးသီး တစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၄၅၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချနေသောငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း နိုဝင်ဘာလဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသ ထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ် သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၄၀၀၀ မှ ၅၅၀၀ ကျပ်၊ အာဗြဲ ခြောက် အချိုခြောက် တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ /၇၅၀၀ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀/၃၅၀၀ ကျပ်၊ SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ ငတံခွန် ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/၄၅၀၀ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန် ရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၇၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါသည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်မြင့်တက် ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ  ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃30 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

လက်ပံတန်းမြို့အတွင်းဈေးငြိမ်နေတဲ့ကြက်သွန်နီနှင့်အာလူးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလ နောက်ဆုံး ပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၀၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၅၀၀ ကျပ်၊  ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင် ၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၇၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေကြောင်းသိရှိရပါသည်။

    အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် အောက်တိုဘာလ ဒုတိယ ပတ်တွင်   ၇၀၀၀/၈၀၀၀/  ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးငြိမ်နေ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်ရှိသော ဂျင်း  ဈေးနှုန်းများမှာ  အောက်တိုဘာလ  ဒုတိယပတ်တွင်  ဂျင်း၁၀ကျပ်သားလျှင်  ၇၀၀ / ကျပ် ရှိခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်တွင်လည်း၇၀၀/ကျပ် ရှိနေပါသည်။ဂျင်းဈေးနှုန်းမှာဈေးငြိမ်နေကြောင်း သိရှိရပါသည်။

  ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် အောက်တိုဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု နိုဝင်ဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။

  ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  အောက်တိုဘာလ ဒုတိယပတ်တွင် ၁၀ ကျပ်သား လျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုနိုဝင်ဘာလ ဒုတိယတွင်လည်း ဈေးနှုန်း အပြောင်းအလဲ မရှိ၊ ဈေးငြိမ်နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ ကြက်သွန်ဖြူ၊ ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ် လျှက်ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း