Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသည့် ဟင်းညံ့ဖူးဈေးနှုန်း

   ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ဟင်းညံ့ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဟင်းညံ့ဖူးများမှာ ရေကန်များ တွင် ပေါက်ရောက်ပြီး မိုးရာသီအကုန် ဆောင်းရာသီအဝင်တွင် ပေါ်ပေါ်များများ ထွက်ရှိသော အရွက်တစ်မျိုးဖြစ်ပါသည်။ ဟင်းညံ့ဖူးကို ကြက်သားဖြင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ကန်စွန်း ရွက်ဖြင့် သော်လည်းကောင်းကြော်စားကြကြောင်း၊ ဟင်းညံ့ဖူးကို ချဉ်ပေါင်ရွက်ဖြင့် ချဉ်ရေ ကျိုချက်၍သော်လည်းချက်စားကြကြောင်း၊ ဟင်းညံ့ဖူး၏အရဿာမှာ ချိုပြီးစိမ့်သော အရဿာ ဖြစ်၍ စားသုံးသူများမှာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ဟင်းညံ့ဖူးကို အများဆုံးဝယ်ယူကြကြောင်း၊ ဟင်းညံ့ဖူး (၅)ပင်ပါ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ရာသီပေါ် မုန်လာဥနှင့် မုန်လာချဉ်ဈေးနှုန်း

  ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ သစ်သီးဝလံများ၊ လူသုံးကုန်ပစ္စည်းများကိုရောင်းချ လျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် မုံလာဉများကို အခြားမြို့များမှ သယ်ယူရောင်းချသည့်အပြင် ရွှေ ဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မုန်လာဉနှင့် မုန်လာဉကိုအချဉ်တည်ပြီး မုန်လာချဉ် အဖြစ်ရောင်းချ ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယ)ပတ်တွင် ရောင်းချနေသည့် မုန်လာဉနှင့် မုန်လာချဉ် ဈေးနှုန်းများမှာ မုန်လာဉ (၃)လုံးပါ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး မုန်လာချဉ်လက် ဘက်ရည် အကြမ်းပန်းကန်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဉီးပေါ် ဖျားဖြစ်သည့် မုန်လာဉနှင့် မုန်လာချဉ်များကို ရွှေဘိုမြို့အပြင် ဆိုင်ကယ်ဖြင့် ရောင်းချသည့် ဟင်း ထုပ်သည်နှင့် အသီးအနှံရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ ဆောင်းပဲကြီးများ စတင်စိုက်ပျိုး”

       မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိမြစ်သားမြို့နယ်တွင်ပဲမျိုးစုံသီးနှံ ဖြစ် သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ‌ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ နိုဝင်ဘာလဆန်းမှစတင်၍ ပဲကြီးသီးနှံများ စတင်စိုက်ပျိုး လျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ ရိုးကန်၊ရစ်ကန်၊တောင်တွင်းရွာများတွင် အများဆုံး စိုက်းပျိုးကြပါသည်။ စိုက်ပျိုးပြီး (၄)လ အကြာ တွင်ထွက်ရှိမည် ဖြစ်ကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပင်ထောင် မျိုးနှင့် ပင်ပြန်မျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ပဲကြီးပေါ်ချိန်တွင် အထွက်နှုန်း အနေဖြင့် (၁၀-၁၂)တင်းထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ပဲကြီး ဈေးနှုန်း အနေဖြင့် တစ်တင်းလျင် (၉၀၀၀၀) ကျပ်ဖြင့်ရောင်း ဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၇၀၀၀၀၀)ကျပ် မြတ်ခဲ့ ကြောင်း ယခုလက်ရှိ ပဲကြီးပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ်ခန့် ရောင်းဝယ် လျက်ရှိကြောင်း၊ ပဲကြီးသီးနှံပေါ်ချိန်တွင်တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ စံသားကျန်းမှာစေနိုင်သောကြောင့် ပဲကြီးကိုစားသုံးသင့်ပါ ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လိုအားရှိသော ပဲကြီးသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုး သင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ဆလပ်တွန့်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်သီးနှံများအပြင် ဆလပ်တွန့်ကိုလည်း စိုက်ပျိုးလျက်ရှိ‌ကြောင်း၊ ဆလပ်တွန့် စိုက်ပျိုးရာ တွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပါက တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါက ပျိုးထောင်၍ စိုက်ပျိုးကြကြောင်း၊ ပျိုးထောင်သက်တမ်း (၆)ပတ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ တစ်ဧက မျိုးစေ့အနေဖြင့် (၁၀၀kg) တစ်ထုပ် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ မုန့်ညင်းဆလပ်နှင့် ဆလပ်တွန့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပေခြား၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး တစ်လခွဲ နှစ်လအကြာတွင် စတင်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ဆလပ်တွန့် တစ်ပင်လျှင် လက်လီ(၄၀၀-၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လက်ကားဈေးအနေဖြင့် တစ်ပင်လျှင် (၂၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးရောင်းချလျက်ရှိကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဆလပ်တွန့်အပင်ပေါင်း (၃၅၀၀)ပင်ထွက်ရှိပြီး၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၃၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ ဆလပ်တွန့် ထွက်ပေါ်ချိန်တွင် ပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူကြသလို တောင်သူများမှလည်း ကုန်စိမ်းပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ဆလပ်တွန့် စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း၊ သွေးတွင်း အဆီကျ စေခြင်း၊ ဘက်တီးရီးယား များကိုလည်း တိုက်ဖျက်ပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အသားအရေလှပစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ ကြောင်း လေ့လာသိရှိရကြောင်း၊ ဆလပ်တွန့်ကို အိမ်ရှင်မများမှ အသုပ်သုပ်၍စားသုံးကြသလို၊ အတို့အမြှုပ်အဖြစ်လည်း စားသုံးကြကြောင်း၊ အကင်/Hot potများဖြင့်လည်း တွဲဖက်စားသုံး ကြ ကြောင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး စိုက်ပျိုးစရိတ်သက်သာကာ စီးပွားဖြစ်ဝင်ငွေတိုးသော ဆလပ်တွန့် များကိုလည်း တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“အာတာလွတ်ဥဈေးနှုန်းဈေးကွက်”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတို့တွင် ကန်စွန်းဥနှင့် ပိန်းဥများဝင်ရောက်သည့်အပြင် အာတာလွတ်ဥများလည်း ဝင်ရောက်လျက် ရှိပါ သည်။ ရွာငံ၊ အောင်ပန်း၊ ကလောဒေသများမှ ထွက်ရှိသော အာတာလွတ်ဥများကို ကျောက်ဆည် မြို့ပေါ်ရှိ ဈေးများသို့ ဝင်ရောက်လျက်ရှိပါသည်။ အာတာလွတ်ဥ ဈေးနှုန်းအနေဖြင့် ယခင်လတွင် တစ်ပိဿာလျှင်(၂၈၀၀-၃၀၀၀/-)ကျပ်ခန့်ဖြစ်သော်လည်း ယခုလတွင် အာတာလွတ်ဥများ ဖြိုင်ဖြိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ အာတာလွတ်ဥ တစ်ပိဿာလျှင် (၂၄၀၀/-)ကျပ်ခန့်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း၊ အာတာလွတ်ဥကို  စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် ကူညီပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းစေခြင်း၊ ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းများကို ပျောက်ကင်း စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အတွက် အာတာလွတ်ဥစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ”

     ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးမျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြ ကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင်(၄/၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ (၁) ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး (၁၈၀၀၀/-)ကျပ် ဗမာမျိုး(၁)ထုပ်လျှင် (၁၂၀၀၀/- ) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း တစ်ပင်နှင့်တစ်ပင် (၅)တောင်ခန့် ခြား၍စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ပေါက်မြိုင်ရွာ၊ စမုံဘောက် ၊ဝက်ထိန်းကျေးရွာများဖြစ်ကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးကြသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ် ၊ သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း၊ (၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀-၃၅၀၀၀၀၀)ကျပ် ရရှိကြောင်း၊ ကျောက်ဖရုံသီး ကို စိုက်ခင်းထဲအထိ ပွဲစားများမှလာရောက်ဝယ်ယူကြပြီး၊ ပွဲစားများမှလည်း ရန်ကုန်၊ မန္တလေးနှင့် မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချကြောင်း ၊ ကျောက်ဖရုံသီးနှံသည် ဆေးဖြန်းစရာမလို ရေပုံမှန်ပေး ၍ စိုက်ပျိုးရသော သီးနှံဖြစ်ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အိုမီကာ (ထိုင်ဝမ်) တစ်လုံးလျှင် (၄၀၀၀-၅၀၀၀)ကျပ်၊  ဗမာသီးတစ်လုံးလျှင် (၅၀၀၀-၆၀၀၀)ကျပ် စျေးနှုန်း များဖြင့် ရောင်းချရပြီး ယခုအခါ ကထိန်ရာသီဖြစ်သည့်အတွက် စတုဒီသာများကျွေးမွေးရာတွင် အသုံးပြု သောကြောင့်အရောင်းအဝယ် သွက်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဗူးပင်စိုက်ပျိုးဝင်ငွေတိုး”

      ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်တို့အပြင် ဗူးသီးသီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြသည်။ ကျောက်ဆည် မြို့နယ် တွင် ငယ်တိုး၊ ရှားပင်၊ ကျီးအိပ်ကျေးရွာများတွင်  စိုက်ပျိုးကြသည်။ ဗူးသီး စိုက်ပျိုးရာတွင် မြေဆွေး၊ မြေဩဇာများ သမအောင်ရောမွှေပြီး ဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊  တစ်ပိုင်တစ်နိုင် အနေဖြင့် လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြ ကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ များအပါအဝင် စုစုပေါင်း (၈၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဗူးပင် စိုက်ပျိုးပြီး (၈၀-၉၀)ရက် အကြာတွင် အသီးများစတင်ခူးစွတ်ရပါကြောင်း၊  ဗူးသီးကိုအခင်းထဲထိ လာဝယ်ကြသလို၊ ကိုယ်တိုင် လည်း  ဈေးများသို့သွားရောက် ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ (၇၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း၊ ဗူးသီးဈေးနှုန်းအနေဖြင့် အရွယ်အစားအပေါ် မူတည်၍ ဖောက်သည်ဈေး (၅၀၀-၈၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် ဗူးသီးတစ်လုံး လျင်(၁၀၀၀-၁၅၀၀) ကျပ် အထိဈေး များရရှိကြောင်း၊ ဗူးညွန့်တစ်စီးလျင် (၃၀၀-၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ဗူးသီးစိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 “ဂေါ်ရခါးသီးဈေးနှုန်းအနည်းငယ်ကျဆင်း”

      ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊ကူမဲဈေးများသို့ ရှမ်းပြည်၊ အောင်ပန်း၊ပင်းတယနှင့်ရွာငံမြို့များမှ ဂေါ်ရခါးသီးများဝင်ရောက်လျက်ရှိကြောင်း ၊ ဂေါ်ရခါးသီးပင် သည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရကြောင်း ၊ ဂေါ်ရခါးသီးကိုလူကြိုက်များသောကြောင့် ဝယ်လိုအားကောင်းကြောင်း၊ယခုလက်ရှိ ဂေါ်ရခါးသီးစျေးနှုန်းအနေဖြင့် ယခင်လတွင် (၁)လုံးလျှင် (၃၀၀-၃၅၀) ကျပ်၊ ယခုလတွင် (၁)လုံးလျှင်(၂၀၀/-)ကျပ်စျေးနှုန်းရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်း အနည်းငယ် ကျဆင်းနေကြောင်း သိရှိရပါသည် ။ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓါတ်နှင့်ရေဓါတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း ၊ ဗီတာမင်-B နှင့် ဗီတာမင်-C တို့ပါဝင်နေသဖြင့် ခန္ဓာကိုယ်သက်လုံကောင်းပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်းနှင့် ရောနှောချက်ပြုတ်ရာတွင်လည်းကောင်း၊ မုန့်နှစ်နှင့်ကြော်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြကြောင်း၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

“မုံညင်းဆလပ်ဈေးနှုန်းအနည်းငယ်ကျဆင်း”

      ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးများသို့ မုံညင်းဆလပ်များ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်မှုဈေးကွက်အနေဖြင့် အောင်ပန်း၊ ကလော၊ ရွာငံ နှင့်ရေဦး မြို့များမှ ဈေးကွက်အတွင်းသို့ အများဆုံးဝင်ရောက်လျက်ရှိရာ မုံညင်းဆလပ်ကို ရှမ်းပြည်နယ် အောင်ပန်းဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဖောက်သည်ဈေးအနေဖြင့် ယခင်လတွင် တစ်ပိဿာ ကို (၂၀၀၀/-)ကျပ်ရောင်းချရပြီး ယခုနိုဝင်ဘာလတွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိ ကြောင်း၊ လက်ရှိမုံညင်းဆလပ်တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မုံညင်းဆလပ်ကို အစိမ်းကြော်၊ ကင်ချီချဉ် ပြုလုပ်၍ စားသောက်ကြကြောင်း၊ မုံညင်းဆလပ်ကို စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး ဝယ်လိုအားရှိသော မုံညှင်းဆလပ်ကို တောင်သူဦးကြီးများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင် ပြအပ်ပါသည်။

DOCA(မန္တလေး)

“ချဉ်ပေါင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးသော မျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ်ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင်မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုးရရှိကြောင်း ဝါဆိုလနှင့် သီတင်းကျွတ်လများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ (၁)ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်(၃၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ချဉ်ပေါင်တစ်ဧကအနေဖြင့် အရွက်ပိဿာ (၁၀၀၀)ပိဿာ ထွက်ရှိပြီး၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီးလေးများဖြင့်ရောင်းချပါက တစ်ဧက အစီးပေါင်း (၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင်(၈၀/-)ကျပ်၊ လက်လီစျေးအနေဖြင့် (၁၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများနှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်ရွက်ကိုမျှစ် သို့မဟုတ် ပုစွန်၊ ဝက်သားတို့နဲ့ ရောကြော်ပြီးသော်လည်းကောင်း၊ ချဉ်ရည်ဟင်းအနေနဲ့သော် လည်းကောင်း၊ ဟင်းချိုချက်ပြီးသော်လည်းကောင်း စားသုံးနိုင်ကြောင်း၊ ချဉ်ပေါင်သီးနှံကို တောင်သူ များမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သော ကြောင့် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။         

DOCA(မန္တလေး)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း