Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသထုတ်ကုန်အဖြစ်ထုတ်လုပ်လျက်ရှိသော အာလူး

      အာလူးကို မြန်မာနိုင်ငံရှိ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တွင်စိုက်ပျိုးလျက်ရှိပြီး ‌မြေနီ၊ နုန်းတင် မြေနု၊ ခဲမြေနက် မြေမျိုးတွင်စိုက်ပျိုး နိုင်သည်။ တနင်္သာရီတိုင်းဒေသတွင် မစိုက်ပျိုးနိုင်ခြင်းကြောင့် ရန်ကုန်ကုန်စည်ဒိုင်များမှ ပြန်လည် မှာယူလျက်ရှိပြီး ဒေသတွင်း အစားအသောက်များချက်ပြုတ်ရန်နှင့် အားလူးကြော် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရာတွင် အဓိကသုံးစွဲလျက်ရှိပါသည်။ ဒေသထုတ်ကုန် (SME) မှတ်ပုံတင်ဖြင့် ထုတ်လုပ်ကြ လျက်ရှိပြီး အခြားတိုင်းနှင့်ပြည်နယ်များသို့ ရောင်းချလျက်ရှိကြပါသည်။

       မြိတ်မြို့တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အာလူးကြော်တစ်ထုပ်လျှင် ၁၅၀၀ခန့်စျေးရရှိပြီး စားသောက်ဆိုင်များတွင် အာလူးပွကြော်တစ်ပွဲလျှင် ၅၀၀၀ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်း အနည်းငယ်မြင့်တက်

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ငရုတ်သီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီ အခြားဒေသ များမှ လည်းမှာယူလျက်ရှိပါသည်။ ယခုနိုဝင်ဘာလဒုတိယပတ်အခြေအနေအရ မြိတ်မြို့တွင် ငရုတ် သီးအဝင်နည်းနေမှုကြောင့် စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ဒေသတွင်းစိုက် ပျိုးမှုရှိသော်လည်း မလုံလောက်ခြင်းနှင့် ငရုတ်သီးအထားမခံခြင်းတို့ကြောင့် အနည်းငယ်သာ မှာယူ လျက်ရှိပြီး ရံဖန်ရံခါ လမ်းခရီးအခြေအနေများကြောင့် စျေးနှုန်းပြောင်းလဲကြောင်း သိရှိရပါသည်။

     မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်း အတောက်(၃၀)ပါတစ်ထုတ်လျှင် ၁၀၀၀ ကျပ်ခန့်စျေးနှုန်း ဖြစ်ပေါ်နေကြောင်း ယခင်က တစ်ထုတ်လျှင် ၈၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဇွန်ပန်းပျိုးပင်နှင့် ဇွန်ပန်းဈေးကွက်

          ဇွန်ပန်း၏ ရနံ့ကစိတ်ကိုကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်း စေပါသည်။ ဇွန်ပန်း၏ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိန်တဲ့ရနံ့၊ လှပတဲ့ပန်းပွင့်တွေကြောင့် လူအများကြိုက်နှစ်သက်ကြပါသည်။ မိုးရာသီရောက်ပြီဆိုသည်နှင့် စံပယ်ပန်းပြီးလျှင် ဇွန်ပန်းများ ထွက်ပေါ် လာပြီ ဖြစ်ပါသည်။ ဇွန်ပန်းများကို သီကုံး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများ ဖြစ်ပါသည်။ ဘုရားပန်းကပ်လှူရန်နှင့် အမျိုး သမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက်  အရောင်းသွက်လှပါသည်။ဇွန်ပန်းပင်သည် တစ်ခါစိုက် ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံအပင်တစ်မျိုးဖြစ်ပါသည်။ မိမိအိမ်ခြံဝန်းတွင်  ပန်းအိုးနှင့် အလှစိုက်ပျိုးကြသလို စီးပွားဖြစ်ခြံနှင့်စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ ခေတ်နှင့် အညီ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက်လာရောက် ပို့ဆောင်ရောင်းချမှုများလည်း ရှိပါသည်။ ဇွန်ပျိုးပင်တစ်ပင်လျှင်(၁၀၀၀/၁၅၀၀)ကျပ်၊(၁၀)ပင်ဈေးနှုန်းအနေဖြင့်(၈၀၀၀/၁၂၀၀၀)ကျပ်၊ဇွန်ပန်းကုံးဈေးနှုန်းမှာ(၁၀)ကုံးပါ တစ်တွဲလျှင်(၁၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စက္ကူပန်းပျိုးပင်ဈေးကွက်

              စိတ်ကိုပျော်ရွှင်လိုလျှင် သစ်ပင်ပန်းပင်စိုက်ပါ။ သစ်ပင်က အေးမြမှုအရိပ်ကို ပေးသည်။ ပန်းကလေးတွေက သူတို့ရဲ့အလှ၊ သူတို့ရဲ့ ရနံ့ဖြင့် စိတ်ကြည်လင်မှု၊ စိတ်ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုကို အခိုက်အတန့်လေး ဖြစ်စေသည်မှာ ဧကန်မလွှဲပေ။ အချို့ပန်းများက ရနံ့ဖြင့် ဆွဲဆောင်နိုင်သည်။ အချို့ပန်းများက ရနံ့မပါ အလှနဲ့ဆွဲဆောင်နိုင်သည်။ အချို့ပန်းကလေးများက ရနံ့လည်းရှိ ပန်းလည်းလှသည့်အနေဖြင့် ဆွဲဆောင်နိုင်ကြသည်။ ထိုထဲကမှ စက္ကူပန်း ကလေးများသည် ရနံ့မပါ လှသွေးကြွယ်သည့် ပန်းကလေးများဖြစ်သည်။ စက္ကူပန်းကလေးများ သည် အဖြူ၊အနီ၊ ပန်းရောင်၊ ခရမ်းရောင်၊ အုတ်ခဲရောင်၊နှစ်ရောင်စပ် စသည်ဖြင့် ရောင်စုံပွင့် လန်းကြသည်။ အပူပိုင်းဒေသများအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်သည်။ စက္ကူပန်းလေး၏ အဓိပ္ပာယ်မှာ အေးချမ်းခြင်းဖြစ်ပြီး ဘဝရဲ့ ပျော်ရွှင်မှု ဟူ၍ အဓိပ္ပာယ်ရသည်။ ရနံ့မရှိလို့ လူကြိုက်နည်းပြီး အချစ်မခံရပေမယ့် အလှဆုံးကြိုးစားရှင်သန်နေသော သန်မာသည့် ပန်းကလေးများဖြစ်သည်။ ယခုအခါ စက္ကူပန်းပင်များကို လမ်းဘေးဝဲယာ တစ်လျောက်၊ ပန်းခြံ၊ ဘုရားကျောင်းကန်၊ အိမ်ခြံစည်းရိုးများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ စက္ကူပန်း လေးတွေကလည်း ရနံ့မကြွယ်ပေမယ့် ပန်း၏အဓိပ္ပာယ်သည် ကောင်းသော အတိတ်နမိတ်ကို ဆောင်ကြည်းပေးနိုင်သောကြောင့် လူတိုင်းစိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။ ဈေးနှုန်း သက်သာပြီး ဝယ်ယူမှုများသောကြောင့် ပန်းစက္ကူတစ်ပင်လျှင် အပင်အရွယ်အစား အရောင်အဆင်းပေါ်မူတည်၍ (၁၀၀၀/၅၀၀၀/၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရသည်။

DOCA(မန္တလေး)

 

မြို့မဈေး၌ ဈေးနှုန်းကျဆင်းလာသည့် မန်ကျည်းသီးမှည့်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်း သီးမှည့် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ အစေ့လွတ်မန်ကျည်းမှည့် (၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်သည့် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ် မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမိုမာတီပလပ် ကွန်ပေါင်းဓာတ်မြေဩဇာ(50)kgတစ် အိတ်လျှင်(၁၃၀၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်း ဆေး(၅၀၀)စီစီတစ်ဘူးလျှင် (၄၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ် မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ အညာဒေသထွက်  ကြံသကာ၊ ကြက်မင်းကြီးနှင့် ဝါးတောထန်းလျက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်များတွင် ကြံသကာ၊ ရေဦးထန်းလျက်၊ ရေဦးပေါက်ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းယိုနှင့် ထန်းလျက်များ ရောင်းချလျက်ရှိရာ ထန်းလျက်များကို ရေဦးမြို့နှင့် ရွှေဘိုမြို့လက်လီ/လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရ သည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး()ပိဿာ (၉၀၀၀)ကျပ်၊ ဝါးတော()ပိဿာ (၆၅၀၀)ကျပ်၊ စမုံထန်းလျက်()ပိဿာ လျှင် (၉၀၀၀)ကျပ်၊ ကြံသကာ()ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ထန်းလျက်ကို အစားအသောက်များ ချက်ပြုတ်ရာတွင်လည်း ကောင်း၊ မြန်မာမုန့်ပြုလုပ်ရာတွင်လည်းကောင်း၊ ကျေးလက်နေပြည်သူများက အသုံးပြုကြသည့် အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံသီး၊ ဘူးသီးနှင့် ဘူးညွှန့်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖရုံပင်များ၊ ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း၊ ဘူးပင်သည် ဘူးသီးသာမက ဘူးညွှန့်ကိုပါ ရောင်းချရကြောင်း သိရသည်။

      ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကျောက်ဖရုံသီး အကြီး တစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့်(၁)စိတ်လျှင်(၁၀၀၀)ကျပ်၊ ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်(၁)စီးလျှင် (၅၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။         

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (.၁၁.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95) ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၇၆၀ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၈၄၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၆၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၂၀၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၂၉၂၅)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၀၀၅)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၈၁၀)ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၄၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း 92 Octance နှင့် 95 Octance ဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း၊ ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့် တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ အမဲသား၊ ဝက်သားနှင့် ဆိတ်သားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်ပေါင်သား (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊  အမဲသားသန့်(၁)ပိဿာ လျှင်(၃၀၀၀၀)ကျပ်နှင့် ဆိတ်သား(၁)ပိဿာလျှင် (၃၇၀၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိရာ  ယခု နိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဝက်သား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အမဲသား(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာ ကြောင်း  အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း