Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းလှမြို့နယ်တွင်အခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင်  ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊(အသေး) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ မြန်မာ ကြက်သွန်ဖြူ (တစ်ပိဿာ)လျှင် ၆၀၀၀ ကျပ်၊ ဂျင်း(တစ်ပိဿာ)လျှင် ၄၅၀၀ ကျပ်၊သကြား (တစ်ပိဿာ)လျှင် ၄၉၀၀ကျပ်၊ကုလားပဲ(တစ်ပိဿာ)လျှင် ၆၄၀၀ ကျပ်၊မြေပဲဆံ(တစ်ပိဿာ)လျှင် ၈၅၀၀ ကျပ်၊ငရုတ်သီးခြောက်(တစ်ပိဿာ)လျှင်၁၁၀၀၀ ကျပ်၊အာလူး(တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၁၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့ရှိ ပဲဈေးကွက်အခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၉၀၉၀၀ ကျပ်ရှိခဲ့ပြီး၊စက်တင်ဘာလ ပထမပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၉၃၆၀၀ ကျပ် ရှိခဲ့သဖြင့်  ဈေးအနည်းငယ်သာ မြင့်တက်ခဲ့ပါကြောင်း၊ ပဲယင်း ၂၀ပိဿာတစ်တင်းကို ၇၇၂၇၀ ကျပ်၊ပဲပုပ် ၂၀ပိဿာ တစ်တင်းကို ၈၈၂၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၈၅၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၇၅၀၀ ကျပ်၊ကုလားပဲတစ်ပြည်ကို ၈၀၀၀ ကျပ်၊ဘိုကိတ်တစ်ပြည်ကို ၇၀၀၀ ကျပ်၊ပဲနီစေ့တစ်ပြည်ကို ၁၀၀၀၀ ကျပ်ဖြင့်  ဈေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးလျက် ရှိပါကြောင်း ပဲကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်စပါး/ဆန်ဈေးကွက်အခြေအနေ

 ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ စပါးဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ဆင်းသုခ၊မနောသုခဟောင်း ၄၆ပေါင်တစ်တင်းလျှင် ၁၃၈၀၀၀၀ ကျပ်၊နွေစပါး သစ် ၄၆ပေါင် ၁၀၀တင်းကို ၁၂၈၈၀၀၀ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလပထမပတ်တွင် ဆင်းသုခ၊ မနောသုခ ဟောင်း ၄၆ပေါင်တင်း ၁၀၀ လျှင် ၁၃၈၀၀၀၀ ကျပ်၊နွေစပါးသစ် ၄၆ ပေါင်တင်း ၁၀၀ ကို ၁၂၈၈၀၀၀ ကျပ်သာရှိခဲ့ပါသဖြင့် စပါးဈေးအနည်းငယ် ကျဆင်းသွားပါကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိ ရပါသည်။

          ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ တစ်ပြည်လျှင် ၂၅၀၀ ကျပ်၊အဟောင်းတစ်ပြည် လျှင် ၃၀၀၀ ကျပ်၊ဆန်သစ်တစ်အိတ်လျှင် ၅၅၀၀၀မှ၆၀၀၀၀ ကျပ်၊အဟောင်းတစ်အိတ်လျှင် ၆၀၀၀၀ မှ၆၅၀၀၀ ကျပ်၊ကောက်ညှင်းဆန်တစ်အိတ်လျှင် ၉၀၀၀ ကျပ်၊ ရတနာတိုးတစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်ရှိ ကြက်ဥ/ဘဲဥဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စက်တင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ဘဲဥဈေးနှုန်းများမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၄၇၀)ကျပ်၊အလတ်တစ်လုံးလျှင် (၄၄၀) ကျပ်၊အသေးတစ်လုံးလျှင် (၄၂၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။

          ဘဲဥဈေးနှုန်းများမှာ(ကြီး) တစ်လုံးလျှင် ၆၅၀ ကျပ်၊အလတ်တစ်လုံးလျှင် ၆၀၀ ကျပ်၊အသေး တစ်လုံးလျှင် ၅၈၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလတွင် တစ်နေ့ရောင်းအား အခြေအနေမှာ အလုံးရေ ၃၅၀၀ လုံးမှ ၃၈၀၀ လုံးထိ ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥရောင်းချသူ လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်း ဒေသထွက် ဩဇာသီးများ ဈေးကောင်းရရှိနေ

ဩဇာပင်ကို နတ်တလင်းမြိုနယ် အတွင်းရှိ ကျေးရွာများတွင် မိသားစုစားသုံးရန် ပိုလျှံသည်များကို ရောင်းချရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည် အများအားဖြင့် ဒေသမျိုးများကိုသာ စိုက်ပျိုးကြပါသည်။ နတ်တလင်း မြို့နယ်၊ မြို့မဈေးနှင့် ညနေဈေးတို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္တပတ်မှ စတင်ပြီး ရှားဖြူကုန်းကျေးရွာ၊ သခွတ်ကုန်းကျေးရွာ၊ အနောက်စုကျေးရွာနှင့် ကျေးရွာအချို့မှ ဩဇာသီးများ ဝင်ရောက်လာကြောင်း သိရှိရပြီး ပေါ်ဦးစ ဩဇာသီး  အကြီးတစ်လုံး လျှင် (၁၃၀၀)ကျပ်၊ အလတ်တစ်လုံး (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ်နှုန်း ဖြင့်ဈေးကောင်းရရှိခဲ့ပြီး ယခု စက်တင်ဘာလ ပထမပတ် အသီးထွက်ရှိမှု များလာသည့်အတွက် ဩဇာသီး  အကြီးတစ်လုံး လျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံး (၈၀၀)ကျပ်၊ အသေးတစ်လုံး လျှင် (၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း၊ တစ်နှစ် တစ်ကြိမ်သာထွက်ရှိသည့် သီးနှံဖြစ်သည့်အတွက် စားသုံးသူများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြသလို လက်ဆောင်ပေးရန် ဝယ်ယူခြင်းများလည်းရှိ၍ အရောင်းသွက်လျှက်ရှိကြောင်း နှင့် ဥက္ကံမြို့၊  သုံးဆယ်မြို့များသို့ တင်ပို့ ရောင်းချကြောင်း ဩဇာသီး ရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ညောင်ပင်လေးဈေးရှိ ရွှေဖရုံသီး‌ဈေးနှုန်းဈေးကွက်

  ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပြည့်ဝပြီး အရောင်းသွက်လှသောသီးနှံဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ စိုက်ပျိုးလေ့ရှိပါသည်။ အထူးသဖြင့် မကွေးတိုင်းဒေသကြီးသည် ရွှေဖရုံသီးစိုက်ပျိုးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးသည် ရေဝပ်ခြင်းကိုမကြိုက်ဘဲ သဲဆန်သော မြေကို နှစ်သက်ကာ  မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လတွင်လည်းကောင်း၊ ဆောင်းရာသီဖြစ်သော အောက်တို ဘာလနှင့် နိုဝင်ဘာလတွင်လည်းကောင်း စိုက်ပျိုးကြပါသည်။

တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးအတွင်း၌ ရောင်းချနေသော ရွှေဖရုံသီးများကို ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ အဓိကသယ်ယူရောင်းချလျက်ရှိပြီး ရွှေဖရုံသီးအလုံးသေး ၁လုံးလျှင် ၅၀၀ ကျပ်၊ အလုံးလတ် ၁လုံးလျှင် ၇၀၀ ကျပ်၊ အလုံးကြီး ၁ လုံးလျှင် ၈၀၀ ကျပ်ဖြင့်လည်းကောင်း ရွှေဖရုံသီး အမျိုးအစားအလိုက် ဈေးဝယ်သူများထံသို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ဈေးများရှိ ရုံးပတီသီးနှင့်ဝါးနွယ်မျှစ်ဈေးနှုန်းအခြေအနေ

ယခုစက်တင်ဘာလ (ပထမပတ်)တွင် ဈေးများထဲ၌ ရုံးပတီသီးနှင့် ဝါးနွယ်မျှစ်များ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ ရုံးပတီသီးနှင့် ဝါးနွယ်မျှစ်များသည် မြန်မာနိုင်ငံ၏ အပူပိုင်း ရာသီဥတုတွင် ကောင်းစွာ ဖြစ်ထွန်းပြီး မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် အဓိက စိုက်ပျိုးလေ့ရှိကြပါသည်။ရုံးပတီသီး နှင့်ဝါးနွယ်မျှစ်များသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ အဓိကထွက်ရှိပြီး ထိုဒေသ များသည် ရေရရှိမှုကောင်းမွန်ပြီး မြေဩဇာထက်သန်ကာ ရာသီဥတုအခြေအနေကောင်းမွန်သောကြောင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြ ပါသည်။

ရုံးပတီသီးများကို တောင်ငူမြို့နယ်အတွင်းရှိ သဲဖြူချောင်း၊ ပွတ်စုရွာရှိ ရုံးပတီသီး စိုက်ပျိုးသူ များထံမှ တစ်ဆင့်ရောင်းချလျက်ရှိပြီး ရုံးပတီသီး ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဝါးနွယ်မျှစ်များကို တောင်ငူမြို့၊ ရေတာရှည်မြို့နယ်ရှိ ဝါးပင်များအောက်ခြေမှ ဝါးအနုကို ခုတ်ယူရရှိပြီး ရရှိလာသောဝါးအနုများကို ရေနှင့်နနွင်းမှုန့်ထည့်ကာ အချိန် ၃နာရီ ၄နာရီ ခန့် ပြုတ်ပြီး ဝါးနွယ်မျှစ်များကို ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ဘုရင့်နောင်ဈေး နှင့် ညောင်ပင်လေးဈေး အတွင်းရှိ ငါးပိ ဈေးကွက်အခြေအနေ

တောင်ငူမြို့နယ်ရှိ ညောင်ပင်လေးဈေးသည် တောင်ငူမြို့၏ အချက်အချာကျရာ ဟင်းသီး ဟင်းရွက် အသား/ငါး များအပြင် ငါးပိ /ငါးခြောက်များလည်း လက်လီ/လက်ကား ဝယ်ယူရောင်းချရာ ကောင်းသော ဈေးဖြစ်ပါသည်။ မြန်မာလူမျိုးအများစုသည် ထမင်းစားရာတွင် ငါးပိရည် တို့စရာကို အသားဟင်းထက် ပိုမိုကြိုက်နှစ်သက်သည်ဖြစ်ရာ တောင်ပေါ်ဒေသများမှလည်း ဒေသထွက် အသီးအနှံ များကို လာရောက်ရောင်းချပြီး ငါးပိများကို ပြန်လည်သယ်ယူကြရာ တောင်ငူမြို့ ညောင်ပင်လေးဈေးနှင့် စာတိုက်လမ်းကြားရှိ ငါးပိဆိုင်သည် လူတန်းစားအသီးသီး ဝယ်ယူစားသုံးနိုင်အောင် ငါးမျိုးစုံငါးပိကို ဈေးအမျိုးမျိုးဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိသည်။

ငါးအသေးမျိုးစုံငါးပိနှင့် ငါးဖောင်ရိုး ငါးပိမှာ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ ငါးဇင်းရိုင်း သီးသန့် ငါးပိမှာ ၁ ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ငါးပြင်းမ ငါးပိ မှာ ၁ ပိဿာ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ ငါးရံ သီးသန့်ငါးပိ မှာ ၁ ပိဿာ ၇၀၀၀ ကျပ် မှ ၉၀၀၀ ကျပ်ဖြင့် အသီးသီးရှိပြီး ၊ ဝက်များကိုကျွေးသော ဝက်စာ(ငါးပိညံ့) ငါးပိမှာ ၁ ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ဖြစ်၍ ငါးပိစိမ်းစားမှာ ၁ ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးပိ အချိန် ၃ ပိဿာ နှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိ၍ အရောင်းအဝယ်မှာလည်း သွက်လျှက်ရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှသတင်းရရှိပါသည်။

DOCA(ပဲခူး)

ပိုတက်ဆီယမ်ကြွယ်ဝသောငှက်ပျောသီးဈေးကွက်ဈေးနှုန်း

          ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသစ်သီးအမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ငှက်ပျောမျိုးကွဲများစွာဖြင့် စိုက်ပျိုးထွက်ရှိမှု အများဆုံးသစ်သီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိသည့် သီးနှံဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်စီယမ်ဓါတ်၊ ဗီတာမင်(B6)၊ ဗီတာမင်(C)၊ မဂ္ဂနီဆီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်ကြောင်း၊ ငှက်ပျောသီးတွင် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း(Antioxidants) များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု ကိုကာကွယ်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အသားအရေနှင့် ကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းတို့ကို အထောက်အကူပြုကြောင်း သိရှိရသည်။

            မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ငှက်ပျောသီးများ၏(၆၀%)ခန့်ကို ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ အဓိကဝင်ရောက်လျက်ရှိပြီး (၄၀%)ခန့်ကို တောင်ငူ၊ ပခုက္ကူ၊ ညောင်ဦး၊ ပုပ္ပါးဒေသတို့မှ အနည်းငယ်စီ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ငှက်ပျောသီးအစိမ်းများသည် တာရှည်ခံသဖြင့် သာသနာပွဲ၊ နတ်ပွဲစသည့် ကန်တော့ပွဲများ တင်လှူပူဇော်ရန်အတွက် ဝယ်ယူအသုံးပြုကြပြီး ငှက်ပျောသီးအမှည့်များသည် တာရှည်မခံသောကြောင့် မုန့်ပဲသရေစာများတွင် ထည့်သွင်းအသုံးပြုရန်နှင့် စားသုံးရန်အတွက်သာ ဝယ်ယူကြကြောင်း၊   ငှက်ပျောသီးအစိမ်းများသည်    ငှက်ပျောသီးအမှည့်များထက်ဈေးနှုန်းမြင့်မားကြောင်း၊ နာမည်ကြီး/ တန်ခိုးကြီးဘုရားများတွင် အဓိဌာန်ဖြင့် လှူ၍ပူဇော်ပြီးနောက် ပြန်လည်စွန့်ထားသည့် ငှက်ပျောသီးများသည်လည်း ဘုရားပွဲကျ ငှက်ပျောသီးအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် ဘုရားပွဲကျငှက်ပျောသီးများကိုသာဝယ်ယူ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

            ဈေးနှုန်းများအနေဖြင့် ဖီးကြမ်းအစိမ်း(အကြီး)တစ်ဖီးလျှင်(၅၅၀၀)ကျပ်မှ(၆၀၀၀)ကျပ်၊ ဖီး ကြမ်း အစိမ်း(အသေး)တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အကြီး) တစ်ဖီး လျှင်(၃၀၀၀) ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အသေး)တစ်ဖီးလျှင်(၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်၊ ရခိုင်အစိမ်း(အကြီး) တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်၊ ရခိုင်အစိမ်း(အသေး) တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ရခိုင်အမှည့်(အကြီး)တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ ရခိုင် အမှည့် (အသေး)တစ်ဖီးလျှင်(၁၀၀၀) ကျပ်မှ(၁၅၀၀)ကျပ်၊ ဘုရားပွဲကျငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်းနှင့် ငှက်ပျောဖီးတွင်ပါဝင်သည့် ငှက်ပျောသီးများ၏ အကြီး၊ အသေးနှင့် အရေအတွက်အပေါ်မူတည်၍ (၂၀၀)ကျပ်မှ(၅၀၀)ကျပ် အထိ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

          ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ကုလားပဲဆံ နှင့် ပဲတီဆံ တစ်ပြည်လျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း