Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

       ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octance(၂၈၆၅)ကျပ်၊ 95 Octance(၃၀၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၇၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့် အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

     နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက် ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၃)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

     ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီးများအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၈၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၇၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၈၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

နွားထိုးကြီးမြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

         နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများ သည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၇၀၀)ကျပ်၊ တစ်ပြည်လျှင် (၅၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၅၀၀) ကျပ် ၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင် မြင်းခွာရွက်များကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုတ်၍ စားသောက်ကြသလို ပြုတ်ပြီး ငပိရည်နှင့်တွဲဖက်၍လည်း အတို့မြှုပ် အဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံလျှင် (၃၀၀)ကျပ် မှ (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျှောက်ရှိ ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း    

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက်သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၈၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်သာမြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

        တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၀၀)ကျပ်၊ 95 Octance(၃၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

       စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများ သည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

မုံရွာမြို့ရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၃၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၉၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း