Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့တွင် လူကြိုက်များသည့် ဂျပန်ပျားလိမ္မော်သီးစျေးနှုန်း/စျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သစ်သီးဆိုင်များတွင် ရန်ကုန်၊မော်လမြိုင်မှ ဝင် ရောက်သည့် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချလျက် ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်းတွင် ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ဂျပန် ပျားလိမ္မော်သီးစျေးနှုန်းမှာ(၁)ကီလိုလျှင် (၁၃၀၀၀) ကျပ်၊ ကီလိုတစ်ဝက်လျှင် (၆၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်ဒေသထွက် ဗုံလုံသီး(ပဲလင်းမြွေသီး)ဈေးနှုန်းကျဆင်းလျက်ရှိ

        ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေးများတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ 

       ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၁၀၀၀မှ၁၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်း ချလျှက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ပဲမျိုးစုံဈေးကွက်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၉၇၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၆၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် အောက်တိုဘာလ၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ပဲလွန်းဖြူသီးနှံတစ်တင်း လျှင်(၈၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

       ထားဝယ်မြို့၊ နိုဝင်ဘာလ ပထမပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြသည်။

       ယခင် အောက်တိုဘာလနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကအနည်းငယ်မြင့်တက်လာပြီး ထားဝယ်ဒေသမှထွက်သော ခရမ်းချဉ်သီးများဝင် လာမှုမရှိသဖြင့် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိ ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ရှိ အားလူးဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရောင်းချနေသော အာလူးများမှာ ရှမ်းပြည် နယ်၊ အောင်ပန်း‌မြို့ တို့မှ ဝယ်ယူရောင်းချလျက်ရှိပြီး၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ( ပထမပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေး နှင့် အရည်အသွေးလိုက်၍) ကျပ်(၇၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် အောက်တိုဘာလ အတွင် အာလူး(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ  ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းဈေးဆိုင်များမှ သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကြက်သွန်နီဈေးနှုန်းကျဆင်း

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ စည်ပင်သာယာဈေးကြီးတွင် ကြက်သွန်နီ ကုန်စည် များနေ့စဉ် စီးဝင်စီးထွက်ရောင်းဝယ်လျက်ရှိရာ ကြက်သွန်နီဈေးနှုန်းမှာ ယခုပတ်ကြာသပတေး နေ့တွင် တစ်ပိဿာလျှင်(၂၃၀၀)ကျပ်ရှိကြောင်းသိရသည်။ ထားဝယ်မြို့အတွင်းသို့ ကုန်စည်ဝင်ရောက်မှု များပြားလာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက်  တစ်ပိဿာလျှင်(၁၀၀)ကျပ် အနည်းငယ်မြင့်တက်လာကြောင်း ကုန်စုံဆိုင်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၂၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့စျေးကွက်အတွင်း ကြက်သွန်ဖြူစျေးနှုန်းအနည်ငယ်ကျဆင်း

     စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၉၅၀၀)မှ (၁၀၀၀၀) ကျပ်သို့ လည်းကောင်း၊ (ကြူဂုတ်) တစ်ပိဿလျှင် (၁၄၀၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်သို့ ကျဆင်းလာကြောင်း သိရှိရပါသည်။

       အောက်တိုဘာနှင့်ယခုနိုဝင်ဘာလအတွင်း စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူတစ် ပိဿာလျှင် (၁၀၀၀) ကျပ်မျှအနည်းငယ် မြင့်တက်လာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေး အတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကုလားပဲဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်း အနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၇၅၀၀)ကျပ်၊ ကုလားပဲဆံ နို့ဆီဘူး(၄)ဘူးလျှင်(၃၈၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါ သည်။

DOCA(တနင်္သာရီ)

         

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ငါးခြောက်ဈေးနှုန်းများ

    တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် စီးပွားရေးကောင်းမွန်သဖြင့် အလှူမင်္ဂလာပွဲ များ ကိုခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်လေ့ရှိပြီး အလှူအတန်းများတွင် ကျွေးမွေးရန် အတွက် ဒေသ မှထွက်ရှိ သော ငါးခြောက်များသည် အရေးပါသောအစားအစာတစ်ခုအဖြစ် ပါဝင်လျက်ရှိ ပါသည်။ ထို့အပြင် အခြားဒေသများသို့တင်ပို့ရောင်းချနေသဖြင့် ထားဝယ်မြို့ပေါ် ရှိငါးခြောက် စျေးကွက်အခြေအနေမှာ ရောင်းအားကောင်းမွန်လျက်ရှိပြီး ဈေးနှုန်းများသည် ငါးခြောက် အသုံးပြုသည့်ပွင့်လင်းရာသီဖြစ်  သော ကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။

           ယခု ထားဝယ်ဈေးကွက်တွင် ငါးခြောက်အမျိုးအစား များစွာရှိသော်လည်း ဒေသတွင်း စားသုံးမှုများပြားသည့် ငါးရောင်ခြောက် (ခေါ်) ဒလုံးခြောက် တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ငါးလက်ဝါးခြောက် (ခေါ်) စာဗျန့်ခြောက် တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်နှင့် ငါးအူမျှင်း ခြောက် တစ်ပိဿာလျှင် (၇၅၀၀၀)ကျပ် အသီးသီးဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း