Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလနောက်ဆုံးပတ်ရှိသခွားမွှေးသီးစျေးကွက်

            မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိရာ ဆောင်းဦးရာသီချိန်ဖြစ်၍ သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိ ရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊ မန္တလေးစျေး ကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

နိုဝင်ဘာလနောက်ဆုံးပတ်ရှိ ငရုတ်သီးစိမ်းစျေးကွက်

                မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင် တို့မှထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ငရုတ်ပွနှင့် ငရုတ်သီးစိမ်းများစျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိပြီး၊ စျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် နဂါးမောက်သီးစျေးမြင့်တက်

           စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားပြီး၊ နဂါးမောက်သီးစျေးမှာ အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင်နှင့်မရမ်းရောင်တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။မန္တလေးမြို့၊သစ်သီးရောင်းချသည့်စျေးတန်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၅၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၂၀၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ်စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ အလုံးသေး ၉၀၀၀ ကျပ်နှင့် ၁၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံ စျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဂန္ဓမာပန်းစျေးကျ

              နတ်တော်လအခါသမယအတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာ ခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA  (မန္တလေး)

 

နတ်တော်လဆန်းတွင် ပုရစ်စျေးအနည်းငယ်မြင့်တက်

               နတ်တော်လဆန်းတွင် မန္တလေးစျေးကွက်သို့ ပုရစ်ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း ‌ရေကြည်ညောင်ပင်စျေးရှိ   ပုရစ်စျေးကွက်မှ သိရှိရပါ သည်။   မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊  မတ္တရာနှင့်  ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့်ပုရစ်အား မိုးပုရစ် နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်းလေ့ရှိပြီး၊မိုးပုရစ်မှာ အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှုများသဖြင့်  လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေး‌မြို့၊ရေကြည်ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လက္ကားစျေးမှာ  ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ် ထုပ်လျှင်   ပုရစ် (အမ) ၅၅၀၀၀ ကျပ်နှင့် ၅၉၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၅၀၀ ကျပ်၊   သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး)(၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၅၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့်၃၂၀၀၀ကျပ်၊ပုရစ်(အထီး)၁၄၀၀၀ ကျပ် နှင့် ၁၅၅၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင် အရောင်းသွက်သည့်မန္တလေးပန်းကုံးစျေးကွက်

                နတ်တော်လအခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း ပန်းကုံးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ် နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၇၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံး လျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း   သိရှိရပါသည်။

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင် အရောင်းသွက်သည့်သစ္စာပန်း

                နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းများ ဝင် ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။သစ္စာပန်းအပွင့် အရောင် မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်လက်လီစျေးနှုန်းများမှာသစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့် ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရပါသည်။နတ်တော်လရာသီအခါသမယအတွင်း ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာစျေးကွက်အတွင်းဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

နတ်တော်လဆန်းရှိနှင်းပန်းစျေးကွက်

        နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင်ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်းဖြစ်ပေါ်သည့်လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီ စျေး မှာ နှင်းပန်း(၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။နတ်တော်လရာသီချိန်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍ နှင်းပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင်ငှက်ပျောသီးအရောင်းသွက်လျက်ရှိ

                      မန္တလေးစျေးကွက်တွင် နတ်တော်လဆန်းကာလအတွင်း ငှက်‌ပျောသီးများအရောင်းသွက် လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျော သီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး နှင့်ရခိုင်ငှက်ပျောသီးများ ကိုဘုရားပွဲ နှင့်မိရိုးဖလာပွဲများ တွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲ သည့်ငှက်ပျောခိုင် အရေအတွက် အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချ ကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျှင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် အာလူးစျေးအနည်းငယ်တက်

           မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည်နယ်မှ အာလူးသီးများဝင်ရောက်မှု အနည်းငယ်ကျ ဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူးပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူး သီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊ လုံးလတ်လက္ကားစျေး၆၀၀ဝိ/-၊ လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံးသေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်တတိယပတ် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း