Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

             စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူ စားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီ များပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေး ဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၁၄.၁၂.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် MV. MESON V .21/25 သင်္ဘောဖြင့် HTT (2) ဆီကန်သို့   1000 MT၊  LLF ဆီကန်သို့ 1775 MT ၊ GGM 9 ဆီကန်သို့ 1550 MT စုစုပေါင်း (4325) MT ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

               ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့ မှ ဒီဇင်ဘာလ (၁၅) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ ကျပ် ၁၈၀၀၀/ ၂၀၀၀၀၊ ပြည်မှ ဇီးသီး(ချဉ်) တစ်ပြည် ကျပ် ၃၅၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၅၀၀၀/၇၀၀၀/ ၈၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်သေတ္တာကြီး ကျပ် ၂၃၀၀၀၀၊ ပြင်ဦးလွင်မှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၄၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး တစ်လုံးကျပ် ၃၀၀၀/၆၀၀၀/၈၀၀၀၊ တိုက်ကြီး မှ ကလောဥ တစ်ပိဿာ ကျပ် ၂၀၀၀၊ ပဲခူးမှ စိမ်းစားဥ တစ်တွဲ ကျပ် ၂၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၁၅၀၀၀၀ ကျပ် ရေတာရှည်မှ ဖရဲသီး (855) တစ်လုံး ကျပ် ၁၅၀၀၀၊ ရေတာရှည် ဖရဲသီး(211) တစ်လုံး ကျပ် ၅၀၀၀၊ ၈၀၀၀၊ ၉၀၀၀၊  ယိုးဒယား ပန်းသီး တစ်သေတ္တာကြီး ကျပ် ၁၉၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီးတစ်သေတ္တာကြီး ကျပ် ၁၅၀၀၀၀ တို့ရှိကြောင်း သစ်သီးဈေးနှုန်းများ သည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများအနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပေါ်ဦးပေါ်စ စတော်ဘယ်ရီများဈေးကွက်သို့ စတင်ဝင်ရောက်လာ

        မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် တောင်ပေါ်မြို့လေးဖြစ်ပြီး ခရီးသွားဧည့်သည်များ၊ လည်ပတ်သူများဖြင့် အမြဲမပြတ်စည်းကားလျက်ရှိပါသည်။ ခရီးသွားများ များလာသည်အမျှ ဒေသထွက်ကုန်ဖြစ်သော ပန်းမာန်၊ နေကြာ၊ မက်မန်း၊ ထောပတ် စသည့် သီးနှံများအပြင် ဒေသထွက်ကုန်ဖြစ်သော စတော်ဘယ်ရီမှာလည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့သည် နှစ်ရှည်သီးနှံအပြင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးပြီး ခြံစိုက်တောင်သူများ မိသားစုဝင်ငွေရရှိလျက်ရှိပါသည်။ စတော်ဘယ်ရီသီးနှံကို မိရိုးဖလာစိုက်ပျိုးသူများ လည်းရှိပါသည်။ စတော်ဘယ်ရီ သီးနှံကို ယို၊ ဝိုင်၊ တော်ဖီ စတော်ဘယ်ရီဖျော်ရည်အပြင် သကြားဖြူး၍လည်း အလွယ်တကူစားသောက်နိုင်ပါသည်။ ယခုအချိန် မန္တလေးမြို့တွင်းသို့ စတော်ဘယ်ရီသီးများ စတင်ရောင်းချနေပြီး စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဒုတိယပတ်ရှိ မန္တလေးပဲစင်းငုံစျေးကွက်

        မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၃၉၀၀၀ကျပ်၊ ပဲစင်းငုံ(ဖြူ)၂၁၀၀၀၀ကျပ်နှင့်၂၁၅၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲစင်းငုံ (နီ) ၃၉၈၃ကျပ်၊ ပဲစင်းငုံ(ဖြူ)၃၅၀၀ကျပ်နှင့် ၃၅၈၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ) ၄၆၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ပန်းတနော်မြို့နယ်၌ ကန်စွန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

  ဧရာဝတီတိုင်းဒေသကြီး     မအူပင်ခရိုင်  ပန်းတနော်မြို့နယ်၌   ဒေသထွက် ကန်စွန်းဥ များ   ဝယ်လို အား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။ ပန်းတနော်မြို့နယ်မှ ကန်စွမ်းဥ စိုက်ဧက ၁၁၉၄ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၈၅၀ ဧကခန့် ကြောင်း သိရသည်။

ကန်စွန်းဥ စိုက်ပျိုးမှုအနေဖြင့် တွေက မြန်မာကန်စွန်းဥ နဲ့  ကိုရီးယား ကန်စွန်းဥ ဆိုပြီး  အမျိုးအစား နှစ်မျိုး  စိုက်ပျိုးကြောင်းသိရသည်။ ကန်စွမ်းဥ စိုက်ပျိုးချိန်မှာ မေလတွင် စတင်း စိုက်ပျိုး ပြီး (၁) ဧကစိုက်ပျိုးမှု အတွက် ကန်စွန်းပင်ဖြတ်ပိုင်း(၂၅၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ ကန်စွန်းဥတစ်ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၅၀၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၃လခွဲအကြာ စတင်းတူးဖော်ကြသည်။ ကန်စွန်းဥ (၁)ဧကလျှင်  ပိဿာချိန် (၂၅၀၀ မှ ၃၀၀၀) ခန့် အထိထွက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ဖြန့်ဖြူးရောင်းချမှုအနေဖြင့် လက်ကားဈေးအနေဖြင့် ကန်စွန်းဥအဖြူ တစ်ပိဿာ လျှင် (၂၅၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၃၅၀၀/) ကျပ်၊ ခရမ်းတစ်ပိဿာလျှင် (၆၀၀၀/)ကျပ်ဖြင့် ရောင်းချ ကြကြောင်း၊ လက်လီဈေးအနေဖြင့်  ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၂၀၀၀/)ကျပ်၊ အဝါတစ်ပိဿာ လျှင်(၃၀၀၀/)ကျပ်၊ ခရမ်းတစ်ပိဿာ လျှင်(၅၀၀၀/)ကျပ်ဖြင့် အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြား လျက်ရှိကြောင်း၊  ကန်စွန်းဥ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၃၈၀၀၀၀၀/)ကျပ်ခန့်ရရှိကြောင်း၊ စိုက်စရိတ်သက်သာပြီး အကျိုးအမြက်ရရှိသဖြင့်  ကန်စွန်းဥများအား ကို တောင်သူများအနေဖြင့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ထက် စိုက်ပျိုးသူနည်းသော်လည်း ယခုနှစ် စိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း ရန်ကုန်သို့လည်း အနည်းငယ်တင်ပို့ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဒီဇင်ဘာလဒုတိယပတ်အတွင်း အရောင်းသွက်သည့်ပဲကြီး

        ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၆၃၀၀၀၀ကျပ်နှင့် ၆၅၀၀၀၀ကျပ်၊ ပဲကြီး(လတ်) ၅၅၀၀၀၀ကျပ်နှင့် ၅၇၀၀၀၀ ကျပ်၊ပဲကြီး(သေး)၄၈၀၀၀၀ကျပ်နှင့်၅၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၁၁၄၀၃ကျပ်နှင့် ၁၁၇၆၅ ကျပ်၊ ပဲကြီး (လတ်)၉၉၅၅ကျပ်နှင့်၁၀၃၁၇ကျပ်၊ ပဲကြီး (သေး) ၈၆၈၈ ကျပ်နှင့် ၉၀၅၀ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၂၄၉ကျပ် နှင့် ၅၄၃၀ကျပ်၊ပဲကြီး(လတ်) ၄၅၂၅ကျပ်နှင့်၄၇၀၆ကျပ်၊ပဲကြီး(သေး)၄၂၅၃ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဒုတိယပတ်တွင် ပဲတီစိမ်းစျေးပိုမိုရရှိ

    ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာ အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၂၀၀၀၀ ကျပ်နှင့်၃၄၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း(ညာ)၅၆၈၉ကျပ် နှင့် ၆၀၄၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၄၈၀၀ ကျပ် နှင့် ၅၃၃၃ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၃၇၃၃ ကျပ်နှင့် ၄၄၄၄ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း(ညာ) ပေါက်စျေးမှာ တစ်ပိဿာလျှင် ၇၁၁ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်ရှိ မန္တလေးငရုတ်သီးပွစျေးကွက်

               ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊အဝါရောင်၊အနီရောင်နှင့်လိမေ္မာ် ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့်ရောင်းချခြင်းနှင့်အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုး တွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

 DOCA  (မန္တလေး)

 

 

ဒီဇင်ဘာလ  ဆောင်းနှမ်း စိုက်ပျိုးထားရှိမှု

       ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ ဖြစ်သည့်အပြင် ဆောင်းနှမ်းကို မိုးစပါးများ ရိတ်သိမ်းပြီး စိုက်ခင်းများတွင် အများဆုံး စိုက်ပျိုးကြောင်း သိရသည်။၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းနှမ်းလျာထားဧက (၆၁၃၀) ဧကလျာထားပြီး စိုက်ပျိုးရိတ်သိမ်းမှု (၈၁၅၁)ဧက၊ အထွက်နှုန်းမှာ(၉.၅၅)တင်း၊ အထွက်တင်းပေါင်း (၇၇၈၄၂) တင်းထွက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းနှမ်းလျာထားဧက(၆၁၄၅) ရှိပြီး ဒီဇင်ဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၈၁၆၃)ဧက ဖြစ်ကြောင်း သိရသည်။ဆောင်းနှမ်းကို စက်တင်ဘာလကုန်နှင့် အောက်တိုဘာလ ဆန်းတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်း ကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ကြယ်မရှောင်မျိုးနှင့်ဒေသမျိုးကိုသာ အဓိကစိုက်ပျိုး ကြောင်း၊ မျိုးနှမ်းဈေးနှုန်းမှာ တစ်ပြည်လျှင် (၁၁၀၀၀)ကျပ် ရှိကြောင်း၊ မြစ်ကမ်းဘေးကျေးရွာများအပြင် မိုးကောင်းရေသောက်ကုန်းမြေများ တွင်လည်း စိုက်ပျိုးကြောင်း၊ ယခင်နှစ် ဆောင်းနှမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀/၆၇၀၀) ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ အောက်ရိုး၊ ကံဘို၊ ဆူးဖြူကုန်း၊ သံကုန်း၊ တောင်ကုန်း စသည်တို့ဖြစ်ပြီး၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

 

ဒီဇင်ဘာတွင် ဆောင်းသီးနှံ ပဲများ စိုက်ပျိုးပြီးစီးမှု

     ငါန်းဇွန်မြို့နယ် မြစ်ကမ်းဘေးကျေးရွာများသည် ဆောင်းပဲတီစိမ်း၊ စွန်တာပြာ၊ ပဲပုတ်နှင့် ပဲလွမ်းများကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးခဲ့ကြသည်။ ဆောင်းပဲတီစိမ်းအနေဖြင့် ယခုနှစ်တွင် လျာထားဧက(၁၈၀၀) ရှိပြီး ဒီဇင်ဘာလဆန်းထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၃၁၂)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက(၁၈၀၀)ဧက၊ စိုက်ပျိုးဧက (၁၃၀၇)၊ အထွက်နှုန်းမှာ (၁၂.၈၅)တင်းနှင့် အထွက် တင်းပေါင်း (၁၆၇၉၅)တင်းရှိခဲ့ကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ရေဆင်း-၁၄နှင့် ရေဆင်း-၁၁ မျိုးများကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ဆောင်းပဲတီစိမ်းကို မိုးစပါးရိတ်သိမ်းပြီး ယာခင်းများတွင် ပြန်လည်စိုက်ပျိုးကြောင်းသိရသည်။ ယခင်နှစ် ပေါ်ဦးပေါ်စအချိန် ပဲတီစိမ်းတစ်ပိဿာ ဈေးနှုန်းမှာ(၃၀၀၀/၃၂၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှု များသော ကျေးရွာများမှာ ဘုရားထူး၊ ရွာသစ်၊ ကုလားရွာ၊ ကျောက်တလုံး၊ သာစည်စသည့်တို့ဖြစ်ပြီး ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          ဆောင်းစွန်တာပြာပဲကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လျာထား ဧက(၄၀၀၅) ရှိပြီး ဒီဇင်ဘာလဆန်းထိ စိုက်ပျိုးပြီးစီးမှုမှာ (၃၀၅၈)ဧက ရှိကြောင်းသိရသည်။ ယခင်နှစ် လျာထားဧက (၄၀၀၀)ဧက၊ စိုက်ပျိုးဧက (၃၆၁၂)၊ အထွက်နှုန်းမှာ(၁၃.၀၀)တင်းနှင့် အထွက်တင်းပေါင်း (၄၆၉၅၆)တင်းရှိခဲ့ကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ မုံရွာအထွက် တိုးနီ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ပေါ်ဦးပေါ်စအချိန် စွန်တာပြာတစ်ပိဿာဈေးနှုန်းမှာ (၃၇၀၀/၃၈၀၀)ကျပ်ရှိကြောင်း၊  စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘိုစသည့် ရွာများဖြစ်ကြောင်းသိရသည်။ စွန်တာပြာပဲကို ကျေးရွာသူကျေးရွာသားများသည် ပဲပါမှ ဟင်းဖြစ်သောကြောင့် နှစ်ပေါက်စာ စားသုံးရန်ချန်ထားပြီးမှသာ ရောင်းချကြောင်း၊ စွန်တာပြာစိုက်ပျိုးမှုအနေဖြင့် နွားစာအတွက်လည်း ဖူလုံမှုရှိကြောင်း၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          ဆောင်းပဲပုတ်ကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လျာထားဧက (၁၅၆၀) ရှိပြီး ဒီဇင်ဘာလဆန်းထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၂၇၆)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက (၁၅၅၀)ဧက၊ စိုက်ပျိုးဧက (၁၂၇၉)၊ အထွက်နှုန်းမှာ(၁၂.၉၀)တင်းနှင့် အထွက်တင်းပေါင်း (၁၆၄၉၉) တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ရေဆင်း-၈ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ယခင်နှစ် ပဲပုတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀/၃၆၀၀) ကျပ်ရှိပြီး၊ စိုက်ပျိုးမှုများသော ကျေးရွာ များမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို စသည့် တို့ဖြစ်ပြီး ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          ဆောင်းပဲလွမ်းကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လျာထားဧက(၃၆၄၀) ရှိပြီး ဒီဇင်ဘာလဆန်းထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၉၀၁)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထား ဧက(၃၆၄၀)ဧက၊ စိုက်ပျိုးဧက (၂၁၂၇)၊ အထွက်နှုန်းမှာ(၁၀.၅၀)တင်းနှင့် အထွက်တင်းပေါင်း (၂၂၃၃၄) တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ထွက်တိုးဖြူ မျိုးကိုသာ အဓိက စိုက်ပျိုးကြောင်း၊ မြစ်ကမ်းဘေးကျေးရွာများအပြင် မိုးကောင်းရေသောက်ကုန်းမြေများ တွင်လည်း စိုက်ပျိုးကြောင်း၊ ပဲလွမ်းကို စားသုံးမှုအနေဖြင့် စိုက်ပျိုးကြခြင်း၊ အချို့က စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြောင်း၊ ယခင်နှစ် ပဲလွမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၈၀၀/၄၀၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ မြစ်ရိုးတစ်လျှောက်ကျေးရွာများဖြစ်သည့် သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို၊ ဆူးဖြူကုန်း၊ သံကုန်း၊ တောင်ကုန်း စသည်တို့ဖြစ်ပြီး၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့၊ တံတားဦးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း