Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြေပဲနှင့် နှမ်းစျေးများအနည်းငယ်မြင့်တက်လျက်ရှိ

        မန္တလေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအဓိကစိုက်ပျိုးသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ပြည်တွင်းစားဆီဖူလုံရေးနှင့် ပြည်ပပို့ကုန်ဖြစ်သည့် မြေပဲနှင့် နှမ်းသီးနှံများအား ရောင်းချသည့်အချက်အခြာ ကျသောဒေသတစ်ခုဖြစ်ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် မြေပဲနှင့် နှမ်းသီးနှံပေါက်စျေးများအား ယခင်နှစ်နှင့် ယခုနှစ်ကာလတူ နှိုင်းယှဉ်ပါက အရောင်းအဝယ်ဖြစ်မှုအပေါ်မူတည်၍ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာမြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊S1 ဆီဆန်  ၈၃၀၀ ကျပ် နှင့် ၈၆၀၀ကျပ်၊ Mတွဲလုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊ Mတွဲဆီဆန် ၈၄၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ အနီလုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၄၀၀ ကျပ်၊အနီဆီဆန် ၈၁၀၀ကျပ်နှင့် ၈၂၀၀ကျပ်၊ ပြန့်ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ ပြန့်လုံး ဆန် ၈၆၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နိုဝင်ဘာလကုန်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 ဆီဆန် ၇၅၀၀ကျပ်နှင့် ၇၇၀၀ ကျပ်၊Mတွဲလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ကျပ်၊ Mတွဲဆီဆန် ၇၅၀၀ ကျပ်နှင့် ၇၈၀၀ ကျပ်၊ အနီလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ ကျပ်၊ ပြန့်လုံးဆန် ၇၉၅၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ ပြန့်ဆီဆန် ၇၅၅၀ ကျပ်နှင့် ၇၇၅၀ကျပ် တို့ဖြစ်ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါကမြေပဲဆန်စျေးမှာ တစ်ပိဿာလျှင် ၃၀၀ကျပ်နှင့်၉၀၀ကျပ်အတွင်း စျေးအနည်းငယ်မြင့်တက်သွားကြောင်း  သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ်(၄၅ပိဿာပါ)တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၂၈၅၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ နှမ်းဖြူ (ဗမာ)၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ နှမ်းညို ၂၆၇၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၃၃၃ကျပ်နှင့် ၆၄၄၄ ကျပ်၊ နှမ်းဖြူ(ဗမာ)၆၀၀၀ကျပ်နှင့် ၆၁၁၁ကျပ်၊ နှမ်းညို ၅၉၃၃ကျပ်နှင့် ၆၁၁၁ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နိုဝင်ဘာလကာလ တူပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၆၀၀၀ကျပ်နှင့် ၆၂၂၂ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၇၇၈ ကျပ် နှင့်၅၈၈၉ ကျပ်၊ နှမ်းညို ၅၈၈၉ကျပ်နှင့် ၆၁၁၁ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်)နှင့်နှမ်းဖြူ(ဗမာ)စျေးမှာ ၂၂၂ ကျပ်အသီးသီး မြင့်တက်လျက်ရှိပြီး၊ နှမ်းညိုစျေးမှာ ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

မန္တလေးဆီကြိတ်ဖတ်အမျိုးမျိုးစျေးမြင့်တက်လျက်ရှိ

        မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း  မွေးမြူရေးတိရိစ္ဆာန်အစားအစာဖြစ်သည့် ဆီကြိတ်ဖတ်အမျိုးမျိုး စျေးကောင်းရလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ စားဆီကြိတ်ခွဲပြီးနောက် ထွက်ရှိလာသည့် မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များမှာ မန္တလေးကုန်စည်ဒိုင်စျေးကွက်အတွင်း မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများပြားသည့်အတွက် ကုန်စည်ဒိုင်စျေးကွက်တွင် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။  . မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၇၀၀ဝိ/- နှင့် ၇၁၀ဝိ/-၊ နှမ်းဖတ် ၄၆၀ဝိ/- နှင့် ၄၇၀ဝိ/-၊ နေကြာဖတ် ၃၆၀ဝိ/-နှင့် ၃၇၀၀ကျပ်၊ မုန်ညှင်းဖတ် ၃၈၀ဝိ/-နှင့် ၃၉၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာ မြေပဲဖတ် ၆၈၅ဝိ/- နှင့် ၆၉၅ဝိ/-၊ နှမ်းဖတ် ၄၆၀ဝိ/- နှင့် ၄၈၀ဝိ/-၊ နေကြာဖတ် ၃၅၀ဝိ/-နှင့် ၃၇၀ဝိ/-၊ မုန်ညှင်းဖတ် ၃၁၀ဝိ/-နှင့် ၃၈၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆီကြိတ်ဖတ်အမျိုးအမျိုးပေါက်စျေးအား ယခင်နိုဝင်ဘာလနောက်ဆုံး ပတ်ကာလတူ ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀ဝိ/-နှင့် ၁၅ဝိ/-အကြား စျေးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏သံပုယိုသီးဈေးကွက်

               မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်ကျေးရွာ၊ တလုပ်ကျေးရွာနှင့် လေးအိမ်တန်းကျေးရွာများတွင် သံပုရာသီးများကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ အပင်ပြုစုပြီး ရေသွင်းစိုက်ပျိုး၍ မြေဩဇာကျွေးပါက နှစ်ပါတ်လည် အသီးထွက်နှုန်းကောင်းကြောင်း၊ စိုက်ခင်းများမှထွက်ရှိသော သံပုရာသီးများကို တောင်သူများကိုယ်တိုင် ‌အေးမြသီတာဈေးနှင့် စံပြဈေးများသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ သံပုသီးကြီးစတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် သံပုရာသီးအစစုံ တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ သံယိုသီးများ ဈေးကွက်၌ လှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းလာသောကြောင်း၊ ဗီတာမင်စီ အပြည့်အဝပါသဖြင့် စားသုံးမှုများပြားကြောင်း၊ ဈေးကွက်နေအဖြင့် ဒေသတွင်းသုံးစွဲသလို ဖောက်သည်များလည်းပေးရကြောင်း၊ တောင်သာမြို့ သို့လည်းတင်ပို့ရောင်းချကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးပါက မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သံပုယိုစိုက်ဝောာင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)  

မြင်းခြံမြို့၏ခရမ်းချဉ်သီးဈေးနှုန်းများဆက်လက်မြင့်တက်လာခြင်း

                              မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ စားဖိုဆောင်ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရောင်းချနေသော ခရမ်းချဉ်သီး(ရှယ်စ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ကြီးစ) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ခရမ်းချဉ်အလတ်စတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ခရမ်းချဉ် သီးအသေး စတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ခရမ်းချဉ်သီးအစစုံ တစ်ပိဿာလျှင် (၅၀၀-၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်းစိုက်ပျိုး ထားရှိသော ခရမ်းချဉ်သီးများ မှာထွက် ပေါ်မှုမရှိသေးကြောင်း၊ ဈေးကွက်၌ ရောင်းချနေသော ခရမ်းချဉ်သီးများ ရှမ်းပြည်နယ် တောင်ပိုင်းရှိ အောင်ပန်းမြို့မှ ကုန်ဝင်ရောက်မှုနည်း၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့် တက်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)  

မြင်းခြံမြို့၌ရောင်းချနေသောရှမ်းပြည်ထွက်ကြက်သွန်ဖြူဈေးနှုန်းများကျဆင်းလာခြင်း

                        မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် စားဖိုဆောင်အုပ်စုဝင် သီးနှံမျိုးစုံရောင်း ချလျက်ရှိရာ ကြက်သွန်ဖြူသီးနှံများကိုလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရောင်းချနေသော ကြက်သွန်ဖြူရှမ်းစအသေး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ရှမ်းအလတ်စတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရှမ်းအကြီး (ကြီးစ)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရှမ်းရှယ်စတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ဗမာ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကြက်သွန်ဖြူ အစစုံ တစ်ပိဿာလျှင် (၁၀၀၀-၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ကျန်းမာရေး အတွက် ကိုယ်ခံအားပြည့်ဝစေပြီး စားသုံးသူများအနေဖြင့် ဟင်းလျာတိုင်းတွင် ထည့်သွင်းအသုံးပြု သောကြောင့် စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ ‌နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀-၂၀၀) ပိဿာခန့် ရောင်းချရကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)  

မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ပဲပုပ်(ဆောင်း)စိုက်ပျိုးထားရှိမှု

                                 မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းရာသီ၌ ပဲပုပ်သီးနှံကိုလည်း အားထားစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ခုနှစ်တွင် ပဲပုပ်(ဆောင်း) စိုက်ပျိုးရန်လျာထားဧက (၆၃၀၀) ဧက အနက်၊စိုက်ပျိုးထားရှိမှု (၃၈၈၇) ဧက စိုက်ပျိုးထားကြောင်း၊ စီးမံကိန်းလျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။ ယခင်နှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၌ ကာလတူစိုက်ပျိုးထားရှိမှုမှာ (၃၀၄၅)ဧက စိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ် ဖြင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် (၈၄၂)ဧကကျော် ပိုမိုစိုက်ပျိုးထား ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂‌) တင်းခန့် ထွက်ရှိကြောင်း၊ သိရှိရသည်။ ယခုနှစ်တွင် စိုက်ပျိုးထားသောဆောင်းပဲပုပ်များ ရာသီဥတုကောင်းမွန်ပြီး ရေသွင်း ရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာများပုံမှန်ကျွေးနိုင်ပါက အထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိ နိုင်မည်ဖြစ်ကြောင်း  ပဲပုပ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မန္တလေး)  

 

မြင်းခြံမြို့၏ဗောက်သီးဈေးနှုန်း

                     မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် သစ်သီးမျိုး စုံရောင်းချလျက်ရှိသည့်အနက် ဗောက်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ဈေးကွက်၌ ရောင်းချသောဗောက်သီးများကို မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ မှာယူ၍ ဒေသတွင်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ဗောက်သီး (၂၅)ကျပ်သားလျှင် (၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်၌ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ဗီတာမင်အေနှင့် စီကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိအတွက် အားကောင်းစေသလို၊ အသား အရည် အတွက်ကောင်းမွန်ပြီး၊ ဗောက်သီး၏ အမျှင်ဓာတ်သည်ဆီးချိုကို ထိန်းညှိပေး ကြောင်းသိရှိရသည်။ဈေးကွက်၌ ဗောက်သီးများကို ဆေးဖက်ဝင်သောကြောင့် စားသုံးကြသလို အချိုပွဲများတွင် အသီးအနှံတစ်မျိုးအနေဖြင့်လည်း စားသုံးကြကြောင်း၊ သစ်သီးဆိုင်များ၌ ဗောက်သီးများကို တွင်တွင်ကျယ်ကျယ်ရောင်းချရကြောင်း သစ်သီးအရောင်းဆိုင်များမှ သိရှိရသည်။ ဗောက်သီးများကို မန္တလေးမြို့တို့မှမှာယူ၍ ‌ဒေသတွင်းရောင်းချကြောင်း သစ်သီးဆိုင်များမှ သိရှိရသည်။   

DOCA(မန္တလေး)                   

                                                                                                         

         

မြို့မဈေးတွင် ရောင်းချနေသည့် ဆလပ်ရွက်၊ မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဆလပ်ရွက်()စည်း လျှင်(၅၀၀)ကျပ်၊ မုန့်ညှင်းချဉ်()ပန်းကန်လျှင်(၃၀၀)ကျပ်၊ ()ပန်းကန်လျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းရွက်လက်လီ()စည်းလျှင်(၃၀၀)ကျပ်၊ လက္ကား()စည်းလျှင်(၁၂၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်()စီးလျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ဘုတ်မခရမ်းသီးများဈေးနှုန်းကျဆင်းလာခြင်း

                 မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများ၌ သီးနှံမျိုးစုံလက်လီလက်ကား ရောင်းချ လျက်ရှိရာ ဆောင်းဦးရာသီ၌ ပေါ်လေ့ရှိသောရာသီစာ ဘုတ်မခရမ်းသီးများကို ပခုက္ကူမြို့တို့ မှာယူ ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ဘုတ်မခရမ်းသီးကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ဘုတ်မခရမ်းသီးအသေး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဘုတ်မခရမ်းသီးအကြီး၊ အသေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ပခုက္ကူမြို့တို့မှထွက်ရှိသော ဘုတ်မခရမ်းသီးများ ဈေးကွက်၌ ပေါများစွာဝင်ရောက်လာသောကြောင့်ဈေးနှုန်းကျဆင်းလာကြောင်း၊ဘုတ်မခရမ်းသီးသည်လူကြိုက်များပြီးစားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် ကုန်ချိန်ပိဿာ (၃၀-၄၀)ခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိ ရသည်။ ယခုလို အညာဒေသ၌ ဘုတ်မခရမ်းသီးကို မီးကြီးရဲရဲတွင် မီးဖုတ်ပြီး၊ ကြက်သွန်ဖြူ၊ နီဆီချက်၊ မြေပဲထောင်းနှင့် နံနံပင်တို့ထည့်၍ သုတ်စားသောဘုတ်မခရမ်းသီး မီးဖုတ်သုတ်မှာ အထူးနာမည် ကြီးလှပေသည်။

DOCA(မန္တလေး)

 

         

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီးနှင့် အာလူးသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြု ကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလစတုတ္ထ ပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင် (၄၈၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၂၄၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၈၀၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင်(၈၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း