Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

               မုံရွာမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ  ကြက်ဥတစ်လုံး(၄၅၀)ကျပ်၊ ဘဲဥတစ်လုံး (၇၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်း(၂၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၅၀၀)ကျပ်၊ ပဲသီး(ပဲတောင့်ရှည်) တစ်စည်းလျှင် (၈၀၀)ကျပ်၊  အာပြဲခြောက်(သေး)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ အာပြဲခြောက်(လတ်)တစ်ပိဿာလျှင်(၄၂၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်နီ(သစ်)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ဂျင်းတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ အားလူး တစ်ပိဿာ(၆၀၀၀)ကျပ် သကြား တစ်ပိဿာလျှင် (၅၅၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စည်ဒိုင်များမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဝက်မြေဥ (ခေါ်) မြေစာဥ နှင့်ပန်းဂေါ်ဖီစိမ်း ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဝက်မြေဥ (ခေါ်) မြေစာဥနှင့် ပန်း‌ဂေါ်ဖီစိမ်းများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဝက်မြေဥ(ခေါ်)မြေစာဥနှင့် ပန်းဂေါ်ဖီစိမ်းများကို ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် ဝက်မြေဥ(ခေါ်)မြေစာဥနှင့် ပန်းဂေါ်ဖီစိမ်းများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိ ကြောင်းသိရှိရပါသည်။  

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ဝက်မြေဥ(ခေါ်)မြေစာဥ ဈေးနှုန်းမှာ တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ အလားတူ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းများမှာ (၁၅၀၀-၂၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေ သောဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြန်မာ့သနပ်ခါးတုံး ဈေးနှုန်းဈေးကွက်

       မိတ္ထီလာဈေးကွက် ဒီဇင်ဘာလ  ဒုတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၁၅၀၀ မှ ၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိရာ အရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သနပ်ခါးရောင်းချသူများထံမှ သိရှိရပါသည်။

          မိတ္ထီလာမြို့မဈေးတွင် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရပါသည်။ မိတ္ထီလာဈေးကွက်ရှိ သနပ်ခါးတုံးများမှာ ပခုက္ကူဘက်မှအများဆုံး ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေဖြင့် မိတ္ထီလာမြို့ရှိရပ်ကွက် ကျေးရွာများနှင့် မိတ္ထီလာမြို့သို့လာရောက်သော ဧည့်သည်များမှ အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း သိရပါသည်။ သနပ်ခါးကို မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာအသုံးပြုကြပြီး ကဗျာ/သီချင်းများစပ်ဆိုရသည်အထိ ထင်ရှား၍ မြန်မာ့ရိုးရာ အလှတရားတွင်သနပ်ခါးသည် အရေးပါသောအခန်း ကဏ္ဍတွင်ပါဝင်ပြီး အမျိုးသမီးသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ်ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း သနပ်ခါးသည် ကျန်းမာရေးနှင့်အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)    

မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများ

               စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ မတ်ပဲ (သစ်) တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊  ပဲစဉ်းငုံတစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ ကုလားပဲဝါ (ထိုင်ဝမ်)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲပုတ်(ရှမ်း) တစ်တင်းလျှင် (၉၈၄၀၀)ကျပ်၊ ပဲပုတ်(ဗမာ) တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၁၉၂၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ စွန်တာနီ၊ပြာ တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်၊ ပဲနီလေး တစ်ပြည်လျှင်(၁၅၀၀၀)ကျပ်နှင့် CP ပြောင်း တစ်တင်းလျှင် (၂၆၂၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ပုဇွန် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ပုဇွန်များရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ချင်းတွင်းမြစ်မှထွက်ရှိသည့်  ပုဇွန်များ ဈေးကောင်းရလျက်ရှိကြောင်း အသားငါးရောင်းချသူထံမှ သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ဈေးနှုန်းမှာ ပုဇွန် ၂၅ ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၄၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၄၄၀၀၀)ကျပ်နှုန်းအထိ ရောင်းချလျက်ရှိကြောင်း အသားငါးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းမျိုးစုံ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသနှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း ပန်းအမျိုးမျိုး‌ရောင်းချသူထံမှ သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ပန်းမျိုးစုံဈေးနှုန်း မှာ သစ္စာပန်းတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ဂန္ဓမာပန်းတစ်စည်းလျှင် (၃၅၀၀)ကျပ်၊ နှင်းဆီအနီ ၁၀ပွင့်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်နှင့် မေမြို့ပန်းတစ်စည်းလျှင် ( ၁၃၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းအမျိုးမျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော ထန်းမြစ် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ရာသီ‌ပေါ်ထန်းမြစ်များ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။အညာဒေသထွက် ရာသီစာထန်းမြစ်များကို ဆောင်းဦးကာလ အတွင်းသာရရှိနိုင်သည့် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်း လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ထန်းမြစ် ဈေးနှုန်းမှာထန်းမြစ် (၂၅)ချောင်း (၁)စီးလျှင် (၂၅၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ ‌ရောင်းချလျက်ရှိကြောင်း ထန်းမြစ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ  တစ်ပိဿာလျှင် (၈၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင်  (၉၂၀၀၀)ကျပ်၊ နှမ်းနက်(သစ်)တစ်တင်းလျှင် (၂၃၅၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၄၀) ကျပ် တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လျက်ရှိ

                မုံရွာမြို့နယ်ရှိ တောင်သူများသည် ခရမ်းချဉ်ကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပြီး နတ်တော်လတွင် မုံရွာစျေးကွက်သို့ ခရမ်းချဉ်သီး ဝင်ရောက်မှု အပေါ်မူ အနည်းငယ်လျော့ကျခြင်း၊ ယခုနှစ်တွင် တောင်သူများသည် မိုးများ၍ စိုက်ခင်းများ ပိုးကျခြင်းကြောင့်  အထွက်နှုန်းနည်းရခြင်းဖြစ်ပြီး  စျေးနှုန်းအနည်းငယ်မြင့် တက် လျက်ရှိကြောင်း သိရှိရပါသည်။

      မုံရွာမြို့ရှိ နန္ဒာဝန်ဈေး၊ ဈေးဟောင်း၊ သံလမ်းဈေး၊ မြသလ္လာဈေး၊ ကန်သာယာဈေး၊ သာစည်ဈေးများတွင် ခရမ်းချဉ် တောင်ကြီးသီး အင်းသီး၊ တိုင်ထောင်သီးနှင့် ဗမာ (ကျားခြေယာ)သီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ဒီဇင်ဘာလ တတိပတ် အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ လက်လီစျေး အင်းသီး တစ်ပိဿာလျှင်    ၁၀၀၀၀ ကျပ်၊ တိုင်ထောင်သီး လက်က္ကားတစ်ပိဿာလျှင်  ၆၅၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်၊ ဗမာသီး (ကျားခြေယာ) လက်က္ကား တစ်ပိဿာလျှင်   ၈၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်၍ အရောင်းသွက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၂၃၀-၁၂၄၀)ကျပ်ဖြင့် ဈေးကျဆင်းနေသော်လည်း ပြည်ပသို့ အခွန်လွတ်တင်ပို့မှုကာလနီးကပ်လာမှုကြောင့် ဝယ်လက်များသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုများလာပါသည်။

    ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၂၅၀၀ကျပ်၊ ထူး ၂-၃၅၀၀ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၆၀၀၀ကျပ်၊ ထူး ၅-၇၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် ဈေးငြိမ်နေပြီး ဈေးကွက်ဝယ်လိုအား လျော့ကျသဖြင့် စီးဆင်းမှုမှာ လျော့နည်းနေပါသည်။

   အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၆၀၀၀-၆၅၀၀)ကျပ်၊ မျက်နီ S1/S2 (၅၅၀၀-၆၀၀၀)ကျပ်၊ OK-၅၀၀၀ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဖြင့်  ရန်ကုန်၊ မန္တလေး နှင့် ကျောက်ပန်းတောင်းဒေသများမှ ဝယ်လိုအားကောင်းနေသော်လည်း အရည်အသွေးလျော့ကျမှုကြောင့် ဈေးကျဆင်းသွား၍ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါ သည်။

        ချင်းသီးနှံမှာ ဥသစ်အခက်တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ် ဖြင့် ဈေးကျဆင်းနေပြီး ပြည်တွင်းဈေးကွက်သုံးသာရှိသဖြင့် စီးဆင်းမှုမှာ နည်းနေပါသည်။

        ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၂၀၀၀-၂၅၀၀)ကျပ်၊ ပန်းမုံလာ (၂၅၀၀-၃၀၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၃၀၀၀)ကျပ်၊ မုန်ညှင်း (၅၅၀၀-၆၀၀၀)ကျပ်၊ ဖရုံသီး (၁၅၀၀-၂၀၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၄၅၀၀-၅၅၀၀)ကျပ်၊ ငရုတ်ပွ (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀)ကျပ်၊ ဘိုစား (၈၀၀၀-၉၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ရွှေပဲ၊ မုန်ညှင်း၊ မုန်လာဥနီ နှင့် ဘိုစား သီးနှံများမှာ ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသွားပြီး ပန်းမုံလာ၊ ခရမ်းချဉ်သီးနှံနှင့်ငရုတ်ပွသီးနှံတို့မှာဈေးကွက်အဝင်နည်းသဖြင့်ဈေးတက်လာပါသည်။ ကျန်ကုန်စိမ်း သီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဒေသစုံမှ သီးနှံထွက်ရှိမှုရှိသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်အောက် လျော့နည်းနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း