Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ငရုတ်စျေးနှုန်းစျေးကွက်အခြေအနေ”

                 မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ခရိုင်အတွင်းတွင် ငရုတ် စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၃၁၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၀၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၆၇၆)ဧက ၊ စုစုပေါင်း(၄၉၉၀)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရ ပါသည် ။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သာမို ၊ဒီမွန် နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်း ကောင်းသော(၆၉၂)မျိုးကိုပိုမိုစိုက်ပျိုးကြကြောင်း၊ ငရုတ်ဆောင်းကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင်စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ငရုတ် (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း  ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၃၀၀-၃၅၀)ခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ငရုတ်သီး အညှာပါ အခြောက်(၁)ပိဿာလျှင် (၁၃၀၀၀/-)ကျပ် ၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၂၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ဝန်းကျင် ခန့်မြတ်ကြောင်း ၊ ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက် ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။ 

DOCA(မန္တလေး)

 

 

“နွေနှမ်းများအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သောနွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၄၅၅၆၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက ၊ စုစုပေါင်း(၉၈၁၅၃)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်းကို မတ်လနှင့်ဧပြီလများတွင်စတင်စိုက်ပျိုးခဲ့ပြီး နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါ သည်။(၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း(၅၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက မျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ ယခုအချိန်တွင်မိုးရွာသွန်းမှု ကောင်းသောကြောင့်နှမ်းပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အပွင့်များ စတင်ဖူးပွင့်နေပြီဖြစ်ပါသည်။ နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၀၀၀၀/-) ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာလျှင်(၁၈၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ ပါသည် ။ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံ အဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိပါသည် ။ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“ပဲတီစိမ်း(မိုး)များ‌အောင်မြင်ဖြစ်ထွန်းမှုနှင့်‌စျေးနှုန်းအခြေအနေ”

                 မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲတီစိမ်း သီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုး လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် ပဲတီစိမ်း(မိုး) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၇၁၄)ဧက၊ မြစ်သားမြို့နယ်တွင် (၆၃၇)ဧက ၊ စုစုပေါင်း (၂၃၅၁)ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ပဲတီစိမ်း(မိုး)ကို မတ်လ နှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ပဲတီစိမ်းများ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အပွင့်များစတင်ဖူးပွင့်နေပြီဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးမှုမျိုးအနေဖြင့် ကျောက်စိမ်းမျိုနှင့်ရေးဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက မျိုးစေ့(၅-၆) ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုး စျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၇၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ ဖျောက်ဆိပ်ပင်၊ ဓါတ်တော်၊ ရေပြားတောရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၊ ပဲတီစိမ်း စိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး အတန်းလိုက်စနစ်ဖြင့် အစေ့ချစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၂၀၀၀၀/-)ကျပ်‌စျေးနှုန်း များဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ တောင်သူများမှ သီးနှံထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက် သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။ပဲတီစိမ်းနှမ်းသီးနှံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုး အမြတ် ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း ၊ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၄-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၄-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မိတ္ထီလာခရိုင်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

              မိတ္ထီလာဈေးကွက်အတွင်း ဆီထွက်သီးနှံဈေးနှုန်းများမှာ သီးနှံစိုက်ပျိုးရာသီချိန်နီးသဖြင့် ပွဲရုံများ ၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

          ယခုဧပြီလစတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင်(၁၂၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၆၅၀၀-၂၀၀၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၅၄၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းဖတ်ဈေးနှုန်းမှာ တည်ငြိမ်နေပြီး နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ကုန်ကြမ်း လက်ကျန်နည်းလာခြင်း၊သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။

           ဈေးကွက်အတွင်း၌မြေပဲဆီဆန်တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀-၂၁၀၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၉၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင်  ဆီဆန်တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာ လျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာပြီး ပဲဖတ် ဈေးတည်ငြိမ်နေကြောင်းသိရပါသည်။

            ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင်  (၈၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိဿာလျှင်  (၂၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် (၁၀၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာပြီး နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းကြက်သွန်နီဈေးအနည်းငယ်မြင့်တက်လျက်ရှိ

                မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီအသစ်များဝင်ရောက်လာပြီး ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန်       ( ၃၀၀  )တန်ခန့်ဝင်ရောက်လျက်ရှိပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိ ရပါ သည်။

              ဈေးကွက်အတွင်း ယခု ဧပြီလစတုတ္ထပတ်တွင်  ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံများ၌ ကြက်သွန်နီ(သစ်) လက်ကား တစ်ပိသာလျှင် (၁၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်နီ လက္ကားတစ်ပိဿာလျှင်(၃၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လှောင်လတ်သမားများအဝယ်လိုက်လာခြင်း၊ ပြည်ပတင်ပို့မှုများ ကြောင့် ဖြစ်သည်ဟုသိရပါသည်။

              ဈေးကွက်အနေဖြင့် ကြက်သွန်နီကို ဒေသတွင်းရှိတန်ဖိုးမြင့်ထုတ်ကုန်ကြက်သွန်ကြော်လုပ်ငန်း များတွင်အသုံးပြုမှုအပြင် ပြည်တွင်းရှိ ရန်ကုန်၊ပဲခူး၊တာချီလိတ်၊မိုင်းလား၊တောင်ကြီး၊ မော်လမြိုင်မြို့ များသို့ တစ်ပတ်လျှင်ကုန်ချိန်(၁၈၅)တန်ခန့်တင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လက်သို့ နယ်စပ်လမ်း ကြောင်းအနေဖြင့် တာချီလိတ်၊ မိုင်းလားတို့မှတဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေကြောင်း ကြက်သွန်နီပွဲရုံများမှသိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်၏နွေကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

                   မြင်းခြံမြို့သည် မြန်မာနိူင်ငံအလယ်ပိုင်းတွင် တည်ရှိပြီးမိုးနည်းရပ်ဝန်းဒေသ ဖြစ်သော် လည်းဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊   မိုးကောင်းသောက် လယ်ယာမြေများတွင် ရာသီအလိုက်သီးနှံများဖြစ်သော ပဲစဉ်းငုံ ၊ကုလားပဲ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်နီသီးနှံများ စိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ခရိုင်တွင် ကြက်သွန်နီကို နှစ်ရာသီ စိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်နီကိုအများဆုံးစိုက်ပျိုးကြသည်။ ယခုအချိန်တွင် မိုးကြက်သွန်နီများ ရာသီကုန်၍ ဈေးကွက်မှ ထွက်ခွာချိန်တွင် ဆောင်းကြက်သွန်နီများ မတ်လ ဒုတိယပတ်အတွင်း စတင်ရိပ်သိမ်းကာ ဧပြီလပထမပတ်မှစ၍ ဈေးကွက်အတွင်း လှိုင်လှိုင်ထွက် ပေါ်ခဲ့သည်။  ၂၀၂၆ခုနှစ် ၊ မေလ ဒုတိယပတ်၌ ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီကြီးစ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၉၀၀) ကျပ်၊ အသေးစ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ(၁၂၀၀) ကျပ်နှုန်းများဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီအစစုံတစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၇၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မိုးကြက်သွန်နီများကုန်ဆုံးချိန်ဖြစ်၍  နွေကြက်သွန်နီများသည် အရည်အသွေးကောင်းပြီးတာရှည်ခံသဖြင့် သိုလှောင်ခံသောကြောင့် ဝယ်လိုအားများသဖြင့်  ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ နေ့စဉ်ကုန်ချိန် ပိဿာ(၅၀၀၀၀)မှ (၇၀၀၀၀)ပိဿာခန့်ကို မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက် ရောင်းချလေ့ရှိသည်။  ကြက်သွန်နီ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိသည်။ အဓိကဈေးကွက် အနေဖြင့် ရန်ကုန်ဘုရင့်နောင်ရှိပွဲရုံ များသို့ အများဆုံးတင်ပို့ပြီး၊ မန္တလေးမြို့၊ နေပြည်တော်၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့ များသို့ အပါတ်စဉ်တင်ပို့ လျှက်ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကုန်ချိန်ပိဿာ(၂၉၁၄၉၇)ပိဿာ၊ တန်ချိန်အားဖြင့် (၄၇၆)တန် တင်ပို့ရောင်းချ ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နွေကြက်သွန်နီ ကုန်ချိန်ပိဿာ (၂၃၈၈၃)၊ တန်ချိန်(၃၉)တန်ပိုမိုတင်ပို့ခဲ့သည်။

DOCA(မန္တလေး)

ကြံခင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများ ဈေးကောင်းရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံကို စိုက်ဧက ၄၆၅၀ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

        နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုံ)ကိုအဓိက စိုက်ပျိုးကြပြီး တစ်ဧကလျှင် နှစ်ပြည်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၂၃၀၀၀၀-၂၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်များမှတဆင့် ရန်ကုန်မြို့၊ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်ခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိ

             ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် ၂၀၂-၂၀၂ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ    မြန်အောင်မြို့နယ်တွင် ၁၀၁၇၈ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၉၉၅ ဧက၊ အင်္ဂပူမြို့နယ်တွင် ၂၆၂၈၆ ဧကနှင့် စုစုပေါင်း ၃၈၄၅၉ ဧက စိုက်ပျိုးခဲ့ပါသည်။ နွေစပါးစိုက် တောင်သူများအနေဖြင့် မြန်အောင်ခရိုင်တွင် နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်တို့မှ ဆည်ရေရရှိပြီး အောင်ရေအတွက် လိုအပ်ပါက စက်ရေတွင်းဖြင့် ရေတင်စိုက်ပျိုးကြပါသည်။ ဆင်းသုခ၊ ပခန်းရွှေဝါ၊ GW 11 နှင့်ထိုင်း ရက် ၉၀ ဆာဖိုးသာ(၁)နှင့် ဗီယက်နမ်-၅၄၅၁ စပါးမျိုးများကို အများဆုံးစိုက်ပျိုး‌ကြောင်း သိရသည်။

       ဧပြီလ တတိယသီတင်းပတ်တွင် စတင်ရိတ်သိမ်းကြပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀ မှ ၂၀ ကြားထွက်ရှိသည့်အတွက် နွေစပါးစိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိပါသည်။ အစိုဓာတ် ၂၃ ရာနှုန်းဝန်းကျင်ရှိ နွေစပါး ၅၁ ပေါင် တင်း (၁၀၀)လျှင် ကွင်းအထိုင်ဈေး ၃သိန်း ကျပ်ခန့်ရှိပြီး ဆန်စက်အရောက်ဈေးမှာ သိန်းကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂-၂၀၂ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးခြင်းအတွက် မျိုး၊ထွန်ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတ်ခြွေခအပါအဝင် တစ်ဧက စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ကိုးသိန်း ခန့်ရှိပါသည်။ တစ်ဧက ပျမ်းမျှ ထွက်နှုန်းတင်း ၁၀ ကို စက်အရောက် စပါးတင်း (၁၀၀)ဈေး ၅ သိန်းကျပ်နှင့်တွက်ပါက ၆ သိန်း ၅သောင်းကျပ်ခန့် ရရှိသည့်အတွက် ကုန်ကျစရိတ်နှုတ်ပြီး တစ်ဧကလျှင် ၇သိန်း ၅သောင်း ကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

          နွေစပါးသည် လိုအပ်သော ရေ Level ကို ထိန်းညှိနိုင်ခြင်း၊ သွင်းအားစုကို စနစ်တကျ ထည့်သွင်းခြင်း၊ နေရောင်ခြည်လုံလောက်စွာရရှိခြင်းတို့ကြောင့် တစ်ဧက တင်း (၁၀၀) ကျော်ထွက်ရှိနိုင်သည့်အတွက် တောင်သူတို့ တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးမှုဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးစိမ်း တင်ပို့

         မအူပင်မြို့နယ်နှင့် အနီးတစ်ဝိုက်မှ ထွက်ရှိသော ကွမ်းသီးစိမ်းများသည် ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားရှိနေပြီး နေ့စဉ်ပုံမှန်တင်ပို့လျက်ရှိသည်။ မအူပင်၊ ကျိုက်လတ်နှင့် ရေလဲဒေသများမှ ကွမ်းသီးများကို ကုန်ကားကြီးများဖြင့် ရန်ကုန်သို့ နေ့စဉ် တင်ပို့ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှိပြီး တစ်ပတ်လျှင် ၄ရက်ခန့် ၆ဘီးကား ၃ စီးမှ ၅စီးအထိ တင်ပို့နေရကြောင်း ကွမ်းသီးစိမ်းရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

           ကွမ်းသီးခြောက်ဈေးကွက်အနေဖြင့် ဧပြီလကုန်ပိုင်းတွင် ဘိတ်ကွမ်းသီးမျိုးများ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။ ယခင်နှစ်များက ကွမ်းသီးမှည့် တစ်လုံးလျှင် ၂၅၀ ကျပ်ခန့်ရောင်းချနေပြီး  ယခုနှစ်တွင် ကွမ်းသီး အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ၁၂၀ မှ ၁၅၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ရန်ကုန် တင်ပို့မှု ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၂၅၀,၀၀၀ ကျပ် တင်ပို့ရကြောင်းသိရသည်။ ကွမ်းသီးစိမ်း များ ဇန်နဝါရီလမှ ဧပြီလအထိ တင်ပို့မှု တန်ချိန် ၄၅၀ ခန့် တင်ပို့ပြီးကြောင်း သိရသည်။ ကျေးရွာများမှ ကွမ်းသီးနု အလုံး၁၀၀ လျှင် ၁၅၀၀၀ ကျပ်၊ အလုံး ၁၀၀၀ လျှင် ၁၅၀၀၀၀ ကျပ် ဖြင့် ဝယ်ယူပြီး ရန်ကုန်သို့ တင်ပို့ကြောင်း သိရသည်။ မအူပင်မြို့တွင် ကွမ်းသီး နှစ်ရှည်စိုက်ပျိုးသူသည် အပင်ပေါင်း ၅၀၀၀ကျော် စိုက်ပျိုးထားပြီး ကွမ်းသီးနုများကို ရောင်းချလျက်ရှိကြောင်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်းတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း