Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်တွင် စိုက်ပျိုးနေသော ဖူးစားပြောင်းများ ရန်ကုန်သို့ တင်ပို့ 

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ဒေသထွက် ဖူးစား ပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိနေကြောင်း မအူပင်မြို့ရှိ ဖူးစား ပြောင်း ရောင်းချသူများထံမှ သိရသည်။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ပြောင်းများမှာ ပြောင်းချို၊ ပြောင်းစီး၊ ဖူးစားပြောင်းတို့ကို စိုက်ပျိုးကြောင်း သိရသည်။

    မအူပင်မြို့နယ် လေးအိမ်စုကျေးရွာတါင် ပြောင်းဖူးများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ကတည်းက  စိုက်ပျိုးခဲ့ပြီး  ဖူးစားပြောင်းများ ယနေ့အထိ ထွက်ရှိနေပြီး  မအူပင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်သို့ လည်း တင်ပို့ရ ကြောင်း သိရသည်။  အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပြီးခဲ့သည့် ၂၀၂၅ခုမှစ် နှစ် ပြောင်းဖူးပေါ်ချိန်က ဖူးစားပြောင်းတစ်ဖူးလျှင် လက်ကား ငွေ ၀၀ ကျပ် စျေးသာရှိခဲ့ပြီး ယခုနှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၀၀ ကျပ်ထိ စျေးကောင်းရရှိနေကြောင်း သိရသည်။ ဖူးစားပြောင်း စတင်ထွက်ရှိချိန် ၂၀၂၅ခုနှစ် နိုဝင်ဘာလက ၁ဖူးလျှင် လက်လီဈေး ငွေကျပ် ၁၀၀၀နှုန်းဖြင့် လက်ကားဈေးရောင်းချရပြီး ၂၀၂ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ဖူးစားပြောင်း လက်လီ ဈေး ၁ဖူးလျှင် ၀၀-၅၀၀ကျပ် နှုန်းဖြင့်သာ လက်ကား ဈေးဖြင့် ရောင်းချတင်ပို့နေပြီး ဈေးနှုန်း နှိုင်းယှဉ်ပါက ငွေကျပ် ၀၀ ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

    ဖူးစားပြောင်း စိုက်ပျိုးမှုအနေဖြင့် ပြောင်းဇူးစေ့ (၅၀)ဂရမ်း ၁ထုတ်လျှင် ၂၅၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။  ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် အစိုဓာတ် ကောင်းစွာ ရရှိရန် လိုအပ်ပြီး နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ ကြောင်း၊ ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လအတွင်း ခုတ်၍ ရောင်းချနိုင်ကြောင်း သိရသည်။ ပြောင်းကို အတန်း လိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးပြီး ပြောင်းဖူး ပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး တစ်ပင်ကို သုံးဖူး၊ လေးဖူးအထိ ထွက်ရှိကြောင်း ၊ ၁ဧကအထွက်နှုန်းအနေဖြင့် အဖူးရေ ၃၅၀၀၀ ခန့် ထွက်ရှိ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ၁ဧကလျှင် ငွေကျပ် သိန်း ၆၀ခန့် ကုန်ကုန်ကျ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅ ၀၀၀ ၀၀၀/-ကျပ်ခန့် ကျန်ရှိကြောင်း ပြောင်း စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။ အချို့ ပြောင်းစိုက်ပျိုးသူတောင်သူ များသည် လယ် အငှားစိုက်ပျိုးသူ များရှိပြီး ယခုနှစစ် အဆင်ပြေလျှက်ရှိကြောင်း ပြောင်းကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့် စီးပွားဖြစ်စိူက်ပျိုးသူ များရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

 DOCA (ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

                  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၂၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၃၀၀၀၀ ကျပ်၊ ဧရာမင်း စပါး  (သစ်)  တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၇၃၀၀၀ ကျပ်၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၆၂၀၀၀ ကျပ်၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

   ကသာခရိုင်တွင် ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀ ကျပ်၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ ပြည်တစ်အိတ်မှာ ၅၀၀၀၀ ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။ 

            စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ ဧရာမင်း စပါး တင်း ၁၀၀ လျှင် ၃၁၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ မနောသုခ စပါးတင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး (ဟောင်း) တင်း ၁၀၀ လျှင် ၃၀၀၀,၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်းစပါး (သစ်) တင်း ၁၀၀ လျှင် ၂၂၀၀,၀၀၀၊  ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်မှာ (၁၁၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါး(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း စပါး(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ မနောသုခ စပါး(ဟောင်း)တင်း ၁၀၀ လျှင် ၁၈၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် ၊

          မနောသုခ စပါး(သစ်)တင်း ၁၀၀ လျှင် ၁၅၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ် ၊ ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ် ၊ ရွှေသွယ်ရင်  (စပါး) တင်း ၁၀၀ လျှင် ၁၂၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ပြည် တစ်အိတ်မှာ ၆၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချနေသော မူးငါးနှင့် မူးငါးခြောက်ဈေးနှုန်း

                    ရွှေဘိုမြို့ရှိ ဈေးများတွင် အသားငါးများကိုရောင်းချလျက်ရှိရာ မြစ်၊ ချောင်း၊အင်းအိုင်၊ မူးများမှ ရရှိသည့် မူးငါးများကိုလည်း ရောင်းချလျက်ရှိရာ မူးငါးများမှာ ပေါလာပြီဖြစ်၍ စားသုံးသူများမှာ မူးငါးများကို အများဆုံးဝယ်ယူစားသုံးကြကြောင်း သိရသည်။

             ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မူးငါးဈေးနှုန်းများမှာ ငါးစဉ်ရိုင်းအကောင် အကြီး/ အသေး သောင်းပြောင်း (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ ငါးမှုံတုံ (၁)ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်၊ ငါးဗျက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးများမှာ ပေါ်များလာပြီဖြစ်၍  အချို့ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သည့် တံငါသည်များမှာ ငါးများကို အခြောက် လှမ်း၍ ပြန်လည် ရောင်းချကြကြောင်း၊ အခြောက်လှမ်းသည့် ငါးများမှာ ငါးမှုံတုံနှင့် ငါးဗျက်များကို လှမ်းကြကြောင်း၊ ငါးမှုံတုံခြောက် (၁)ဗူးလျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးဗျက်ခြောက် ဈေးနှုန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ကျားခြေရာသီး(ခေါ်)ခရမ်းချဉ် အချဉ်သီးနှင့် ရွှေဘိုဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း

                 ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ဒေသမှထွက်ရှိသည့် ခရမ်းချဉ်သီး အချဉ်သီး(ခေါ်) ဒေသသီးများမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက်ရှိ ကြောင်း၊ အချဉ်သီးများမှာ ကျားခြေရာသီးနှင့် ဒေသသီးဟူ၍ (၂)မျိုးရှိကြောင်း၊ ခရမ်းချဉ်သီးများမှာ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးကောင်းပေး၍ ဝယ်ယူရကြောင်း သိရသည်။

           ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကျားခြေရာသီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်၊ ဒေသသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးရှိ အုန်းသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

                   မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများနှင့် ပြင်ဦးလွင်၊ အောင်ပန်း၊ မန္တလေး၊  သပြေတော၊ ကျေးရွာများမှ ရှောက်ပန်းသီးများ အဓိကဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ အုန်းပင်ကိုအရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။

                မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ရောင်းချနေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်မူတည်၍ အုန်းသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ဖြင့်လည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၁၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့တွင် ရောင်းချနေသော ကြက်သွန်မြိတ်ဈေးနှုန်း

                    ကြက်သွန်မြိတ်စားသုံးခြင်းဖြင့် လူသားတိုင်းအတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။ လူတော်တော်များများက အသုပ်စားတဲ့အခါ ကြက်သွန်မြိတ်ကို အသုံးပြုကြပါသည်။ ကြော်ချက်တဲ့အခါမှာဖြစ်ဖြစ်၊ ဟင်းရည် (သို့)စွပ်ပြုတ်၊ ဆန်ပြုတ်တို့တွင် ကြက်သွန်မြိတ်ကို ဟင်းအရသာကိုသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာရရှိပါသည်။ ကြက်သွန် မြိတ်များကို စစ်ကိုင်းမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး ကြက်သွန်မြိတ်ဥ (၁၀) ကျပ်သားလျှင် (၅၀၀ - ၈၀၀) ကျပ်၊ လှိုင်လှိုင်ပေါ်လာသည့် အချိန်ဖြစ်၍ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက် ရှိကြောင်း ကုန်စိမ်း ရောင်းသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဈေးနှုန်းကျဆင်းလာသည့် လယ်ကြွက်ဈေးနှုန်း

                         ရွှေဘိုမြို့ရှိ ဈေးများတွင် လယ်ကြွက်များကို ရောင်းချလျက်ရှိကြောင်း၊  အညှီနံ့သက်သာ စေရန်၊ ခြောက်သွေ့စေရန်နှင့် ရောင်းပန်းလှစေရန်အတွက် မရောင်းချခင် ကြွက်များကို အရေခွံ ချွတ်၍ ဆီဖြင့်အိုးကင်ပူတိုက်ပြီး ရောင်းချကြကြောင်း၊ စပါးများရိတ်သိမ်းချိန် ပြီးဆုံးတော့ မည်ဖြစ်၍ လယ်ကြွက်များ ပေါ်များလာသောကြောင့် လယ်ကြွက်များ ဈေးနှုန်းကျဆင်းလျက် ရှိကြောင်းသိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချနေသော လယ်ကြွက်ဈေးနှုန်းမှာ အရွယ်အစားအကောင်အကြီးအသေးပေါ်မူတည်၍ (၁)ကောင်လျှင် (၁၅၀ဝိ/-)ကျပ်၊ (၂၀၀ဝိ/-)ကျပ်၊ (၃)ကောင်လျှင် (၅၀၀၀ )ကျပ်ဖြင့် ရောင်းချကြောင်း၊ လယ်ကြွက်များကို ရွှေဘိုမြို့၏ အနီးအနားရှိ ကျေးရွာများမှ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှု အခြေအနေ

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး(၇-၁-၂၀၂၆၊ ၈-၁-၂၀၂၆၊ ၉-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

    စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၁၂၀၄) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၆၀၀၀၀/-ကျပ် ဖြင့်၊ မအူပင်မြို့နယ် မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ကရင်မ စပါးကို (၅၀)ပေါင် (၅၀၈) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၆၅၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ကရင်မ စပါး (၃၀၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၆၃၀၀၀/- ကျပ်ဖြင့် ကျောင်းကုန်ဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

      ၈-၁-၂၀၂၆ ရက်နေ့က GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ဧည့်မထ စပါး (၈၀၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၃၅၀၀၀/- ကျပ်၊ အသွယ်စပါး တင်း (၁၉၅၀၀)တင်း ဈေးနှုန်း ၁၄၃၅၀၀၀ကျပ်၊ ကရင်မစပါး (၇၀၀၀)တင်း၊ ဈေးနှုန်း ၁၄၆၀၀၀၀ကျပ်၊ ရက်(၉၀)စပါး ၁၂၄၇ တင်း၊ ဈေးနှုန်း ၁၄၆၀၀၀၀ကျပ် ဖြင့် ကျောင်းကုန်းဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

     ၉-၁-၂၀၂၆ ရက်နေ့တွင် ရွှေဝါနဒီကုမ္ပဏီမှ ထွန်းပုစပါး  (၄၇၁) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၀၀၀၀၀/-ကျပ် ဖြင့်၊ မအူပင်မြို့နယ် စံကင်းကျေးရွာ မှ စပါးအစို ဝယ်ယူခြင်းဖြစ်ကြောင်း၊ ဆင်းသုခ စပါးကို (၅၀)ပေါင် (၅၀၃) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၅၀၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။ ကရင်မစပါး တင်း(၂၂၈၂)တင်းကို ဈေးနှုန်း ၁၄၅၈၀၀၀ကျပ်ဖြင့် မအူပင်မြို့နယ်မှ ဝယ်ယူခဲ့ကြောင်း၊ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ထွန်းပုစပါး  (၅၂၀) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၀၀၀၀၀/-ကျပ် ဖြင့်၊ ကျောင်းကုန်းမြို့နယ်မှ စပါးအခြောက်ကိုလည်းကောင်း၊ ဆင်းသုခ စပါးကို (၅၀)ပေါင် (၇၉၆) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၄၅၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ဘက်မှ လည်းကောင်း၊ ကရင်မစပါး တင်း(၆၃၂)တင်းကို ဈေးနှုန်း ၁၄၅၅၀၀၀ကျပ်ဖြင့် ပန်းတနော်မြို့နယ်မှ ဝယ်ယူခဲ့ကြောင်းသိရသည်။ ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှုရှိပါက မြို့နယ်ဦးစီးမှုးရုံးသို့ ဝယ်ယူမှု တင်းနှင့် ဈေးနှုန်းအခြေအနေများကို နေ့စဉ် ရှိ မရှိ စာရင်းအား  ပြုစုပေးပို့  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းဂေါ်ဖီထုပ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

     ၂၀၂၅-၂၀၂၆၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ပန်းဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် စပါးရိတ်သိမ်းပြီးချိန် မြေပြန့်လွင်ပြင်၊ ဥယျဉ်ခြံများတွင် နွေမိုးဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌သာအများဆုံး စိုက်ပျိုးကြပါသည်။ မြေပြန့် ဥယျာဉ်ခြံဒေသများဖြစ်သော ယန်းလော၊ လွယ်လုံ၊ ကတ်ထိုက်၊ မိုင်းလပ်၊ လွယ်မွေ၊ မိုင်းဇင်း ကျေးရွာအုပ်စုတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် တောင်သူကြီးများထံမှ မေးမြန်းခဲ့ပါသည်။

     ပန်းဂေါ်ဖီထုပ်စတင်စိုက်ပျိုးသည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် မြေကိုထွန်ယက်၍ ဘောင်စနစ်ဖြင့်စိုက်ပျိုးကာ ဒီဇင်ဘာလတွင်ထွက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧက၏ စိုက်ပျိုးမှုအတွက် ပျိုးခင်း၊ မြေပြုပြင်ခြင်း၊ စိုက်ခင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ မျိုးစေ့၊ သွင်းအားစု များ၊ ကွန်ပေါင်း၊ ယူရီးယား၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မြေဆွေး၊ နွားချေး၊ ပျိုးပင်၊ လုပ်အားခစသည်တို့သည် ယခုနှစ်တွင် တစ်ဧကလျှင် သွင်းအားစု စုစုပေါင်း (၂၃) သိန်းခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ရှိသော ပန်းဂေါ်ဖီထုပ်များသည် တစ်ဧကလျှင် အထုပ်အပွင့်ပေါင်း ၅၀၀၀-၆၀၀၀ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိသော ပန်းဂေါ်ဖီထုပ် များကို ကျိုင်းတုံ၊ မြို့မဈေး၊ နောင်ကွမ်ဈေး၊ အာခါဈေး၊ ယန်းခမ်းဈေးတို့၌ အရွယ်အစားပေါ် မူတည်၍ လက်ကားဈေးနှုန်း တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ခန့်ဖြင့် ဖြန့်ဖြူးရောင်း ချကြောင်းသိရပါသည်။ ပန်းဂေါ်ဖီထုပ် ရောင်းရငွေမှာ လက်ကား အနိမ့်ဆုံးဈေးဖြင့်တွက်လျှင် (၅၀) သိန်းခန့်ရရှိ၍ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၂၃) သိန်းနှုတ်လျှင် ပန်းဂေါ်ဖီထုပ် စိုက်တောင်သူကြီးများအနေဖြင့် တစ်ဧကကို အကျိုးအမြတ်မှာ (၂၇)သိန်းခန့် ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်မြို့၏ပဲကြီးဈေးကွက်

          ပဲကြီးသည်အဖြူရောင်ဖြစ်ပြီး များသောအားဖြင့် အရွယ်အစားတူညီလေ့ရှိသည်။ ပဲကြီးသည် ချိုသောအရသာရှိသဖြင့် စွတ်ပြုတ်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ဟင်းသီးဟင်းရွက် ဟင်းအဖြစ်သော်လည်းကောင်း၊ ပဲအနှစ်အဖြစ်သော်လည်းကောင်း စားသုံးတတ်ကြပါသည်။ ပဲကြီးကို လှော်၍ဖြစ်စေ၊ ကျော်၍ဖြစ်စေ လဘက်ရည်ကြမ်းဖြင့် တွဲဖက်၍အမြည်းအဖြစ် စားသုံးတတ်ကြပါသည်။ ထို့အပြင် ပဲကြီးအိုးကပ်နှပ်၊ သတ်သတ်လွတ်စားသူများအတွက် သက်သက်လွတ်ပဲကြီးနှပ်၊ ပဲကြီး ဆူးပုတ်ရွက်ဟင်းချိုအဖြစ်လည်းကောင်း၊ ပဲကြီးကို အသားမျိုးစုံဖြင့် မိမိတို့ဒေသကိုလိုက်၍ နည်းမျိုးစုံချက်ပြုတ်စားသောက်ကြကြောင်း သိရှိရပါသည်။ ယခုနောက်ပိုင်းတွင် ပဲကြီးကို Ready made ဗူးများဖြင့် ဈေးကွက်ထဲသို့ design မျိုးစုံဖြင့် တံဆိပ်မျိုးစုံ ဒေသထွက်ကုန်အနေဖြင့် ရောင်းချလာကြပါသည်။ ထို့ကြောင့်ပဲကြီးသည် စီးပွားရေးအရတွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နေ့ထက်တစ်နေ့ စိုက်ပျိုးမှုသည် ပိုမိုများပြားလာခဲ့ပါသည်။ ပဲကြီး၏အကျိုးကျေးဇူးများမှာ များပြားလှပါသည်။ ပဲကြီးပင်ကို သစ်စိမ်းမြေသြဇာ (သို့မဟုတ်) ကျွဲစာ၊ နွားစာအဖြစ်အသုံးပြုကြပါသည်။ ပဲကြီးပင်သည် နိုက်ထရိုဂျင် ဖမ်းယူမှုအားကောင်းသော သီးနှံလည်းဖြစ်ပါသည်။ အသီးတောင့်ကို ဟင်းသီးဟင်းရွက် သီးနှံအဖြစ် စားသုံးကြပါသည်။ အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်လှပါသည်။ ပဲကြီးတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ပဲကြီးကို စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေသည်။ ပဲကြီးတွင် ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်သောကြောင့် အစာလည်းဆေး ဆေးလည်းအစာအဖြစ် ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေပါသည်။ ပဲကြီးသည် စိုက်ပျိုးသောနည်းစနစ် အပေါ်မူတည်၍ သော်လည်းကောင်း၊ မျိုးပေါ်လိုက်၍သော်လည်းကောင်း အထွက်နှုန်း ကွာခြားနိုင်ပါသည်။ တစ်ဟက်တာတွင် အသီးတောင့် ၁၀,၀၀၀ ကီလို မှ ၁၂,၀၀၀ ကီလို အထိ ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။ ပဲကြီး ၅ တန် မှ ၁၀ တန်အထိ တိရိစ္ဆာန်အစာ အဖြစ်သော်လည်းကောင်း၊ သစ်ရွက်စိမ်း မြေသြဇာအဖြစ်သော်လည်းကောင်း သစ်စိမ်းဓာတ်များ ရရှိနိုင်ပါသည်။ ပဲကြီးကို ပြည်မြို့ မြို့မစည်ပင် သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပဲကြီးအစိမ်း တစ်ဆယ်သားလျှင် ကျပ် (၁၀၀၀) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲကြီးကို Value added ပြုလုပ်၍ ပဲကြီး ready made အခြောက်ပြုလုပ်၍ တစ်ထုတ်လျှင် ကျပ် (၁၀၀၀) ကျပ်ဖြင့် စားသုံးသူများအနေဖြင့် အချိန်မရွေး လွယ်ကူစွာ ဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူစားသုံးနိုင်ခြင်းကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း