Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင်နှင့် မိမိတို့ပိုင်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ကန်ဇွန်းဥ ၅၀ကျပ်သားလျှင် (၁၅၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်လိုအားများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မလွန် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း၊ ဇူလိုင်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီးဈေးနှုန်းစတင်ကျဆင်းပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး) အလိုက် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာ လျှင် ကျပ်(၇၀၀-၉၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာများရှိ တနိုင်တပိုင်ခရမ်းချဉ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသည့်အတွက် ဇေယျာသီရိဈေးအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ဈေးမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက် များကို မြို့ပတ်ဝန်ကျင်းရှိ ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် အင်းလေးဒေသတို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး)အလိုက် ကျပ်(၃၀၀၀-၃၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀) ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၅၀၀-၇၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချသည့်အပြင် မိုးတွင်းကာလဖြစ်၍ ရှမ်းပြည်နယ်မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်မားလာသည့်အပြင် ဒေသတွင်းရှိ ပန်း ဂေါ်ဖီနှင့်ဂေါ်ဖီထုပ် စိုက်ခင်းများမှာလည်း  ထွက်ရှိချိန်ကာလမဟုတ်သည့်အတွက် ဈေးနှုန်းမှာမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

  မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအားနေ့စဉ် ထုတ်ပြန်ပေးလျက် ရှိပါ သည်။ မကွေးမြို့တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးနေပြီး ၂၀၂၅ခုနှစ်၊ (တတိယပတ်)တွင်   ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ 92()လီတာလျှင်  ကျပ်(၃၀၅၅) 95(၁) လီတာလျှင် ကျပ်(၃၁၁၀)၊ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၈၃၀)၊ ဒီဇယ်(ပရီမီယံ)() လီတာလျှင် ကျပ်(၃၄၇၅)ဖြစ်ပြီး (ဒုတိယပတ်)တွင် 92()လီတာလျှင် ကျပ်(၃၀၈၅) 95()လီတာလျှင် ကျပ် (၃၁၄၀)၊ ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၈၀၅)၊ ဒီဇယ်(ပရီမီယံ)()လီတာလျှင် ကျပ်(၃၄၅၀) ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် 92()လီတာလျှင် ကျပ်(၃၀) 95() လီတာလျှင် ကျပ်(၃၀)ဈေးနှုန်းကျဆင်းခဲ့ပြီး  ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၅)၊ ဒီဇယ်(ပရီမီယံ) ()လီတာ လျှင် ကျပ်(၂၅)ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရသည်။

DOCA(မ‌ကွေး)

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော မြင်းခွာရွက် ပူစီနံရွက် နှင့် မုံညှင်းရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချလျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ ()ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ်()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်()စီးလျှင်(၅၀၀) ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း၊ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  မန်ကျည်း သီးစိမ်း ဈေးနှုန်းအနေဖြင့် မန်ကျည်းသီးစိမ်း တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၇၀၀) ကျပ်နှင့် မန်ကျည်းသီးစိမ်း()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊သရက်သီးဈေးနှုန်း အနေဖြင့် သရက်သီး အကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်း အနေဖြင့် သရက်ချဉ် တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊(၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ သရေစာ နှမ်းပျစ်ယို၊ ကြံသကာ၊ သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော နှမ်းပျစ်ယို ဈေးနှုန်းများမှာ နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ကြံသကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ သကြားခွေ ဈေးနှုန်း အနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျန်းမာရေးအတွက် အရေးပါသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် လည်းကောင်း အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံ များဖြစ်သော ကြက်သွန်၊ ငရုတ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ စတုတ္ထပတ်တွင် မြင့်တက်လျက်ရှိသော စက်သုံးဆီဈေးနှုန်း

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမိဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခု  ဇူလိုင်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၅၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၀၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၆၄)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၀၈)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု  ဇူလိုင်လ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၃)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၂)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၂၉)ကျပ်၊  95တစ်လီတာလျှင် (၂၈) ကျပ် ကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်(၂၂)ကျပ်၊ ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာ လျှင်(၂၄)ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို စိုက်ပျိုးကြပြီး စားသုံးပိုလျှံသည့် အသီးများကို ရှားပါးသောရာသီတွင် ရောင်းချရန်အတွက် အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးကွက်ရှိရာသို့ လာရောက်ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီးခြောက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းသီးခြောက်(၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ခရမ်းသီးခြောက်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီး ခြောက် တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီတစ်ဘူးလျှင်(၁၀၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း