Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီ၏ ဈေးကွက်အခြေအနေ

    ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ (၈)ရက်နေ့ (ပထမပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့်စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

    စက်တင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၃၁၀၀-၂၇၀၀)၊ အလတ်စ ကျပ်(၂၉၀၀-၂၅၀၀)၊ အနိမ့်ဈေး ကျပ်( ၂၈၅၀-၂၄၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၃၂၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုပပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၁၅၀)၊ အလတ်စ ကျပ်(၂၀၀)နှင့် အသေးစ ကျပ်(၃၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     စက်တင်ဘာလ(ပထမပတ်)၌ ကြ    ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ရခြင်းမှာ မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ကျမှုများခြင်းနှင့် ပြည်တွင်းသို့ ပြည်ပတရုတ်နိုင်ငံမှ ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးစီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုစက်တင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှပိဿာ(၃)သိန်းခန့်၊ (၁၀၀၀၀)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

         

ကသာမြို့တွင် စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် စက်တင်ဘာလဒုတိယအပတ်အတွင်း  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ စက်တင်ဘာလ ပထမအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး မြေပဲဆီဈေးနှုန်းမှာ ကျပ်(၂၀၀၀) ခန့် လျော့နည်းလာကြောင်း တွေ့ရှိရသည်။

     စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး (အသေး/အကြီး) ပေါ် မူတည်၍ တစ်ပိဿာ (၄၀၀၀ မှ ၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၅၀၀ မှ ၃၈၀၀)ကျပ်၊ ချင်းတစ်ပိဿာ (၈၀၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

      အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀ မှ ၁၁၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀) ကျပ် နှင့် ငါးကြင်း တစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး အလုံး (အသေး/အကြီး)ပေါ် မူတည်၍ (၂၆၀/ ၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ စက်တင်ဘာလ ပထမအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီနှင့် ချင်းဈေးနှုန်းမှာ ကျပ် (၅၀၀)ခန့် မြှင့်တက်လာကာ အသား/ငါး ဈေးနှုန်းနှင့် ကျန်အခြေခံစားသောက် ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၈.၉.၂၀၂၃ )

၁၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၈.၉.၂၀၂၃ )

၁၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၉.၂၀၂၃ )

    ၁၈.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဂန့်ဂေါ်မြိုင် မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြိုင် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၁၀၀) ဦးနှင့် ဆရာ/မ (၅) ဦး၊  စုစုပေါင်း(၁၀၅)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါ ဟောပြောပွဲတွင် မင်းပြားမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး) က ကျောင်းသား/သူများ စားသုံးသူအခွင့်အရေးများကိုသိရှိစေရန်အတွက် ဦးစွာပထမ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်းကုန်ဆုံးနေသော အစားအသောက်များကိုဝယ်ယူမစားသုံးကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမရှိသော ကုန်စည်များကိုဝယ်ယူမသုံးစွဲကြစေရန်အလို့ငှာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ၂၈၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၆၁၅၀၀၊ တန်အားဖြင့် ၃၀၇၅တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊မန္တလေးသို့ အိတ်ရေ ၁၈၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၀၆၀၀၊ တန်အားဖြင့် ၂၅၃၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၀၉၀၀၊ တန်အားဖြင့် ၅၄၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

     ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ စက်တင်ဘာလ၊ ဒုတိယအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းမှ သွင်းကုန်များအနေဖြင့် အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်၍ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၁၃)သန်းဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၀.၀၁၃) သန်းရရှိခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၂၄)သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၁၃)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

    တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ ဆေးရွက်ကြီး၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၅၁၃)သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁.၆၂၂)သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၀၆)သန်းပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၆၅၇)သန်းဖြစ်ပြီး တင်သွင်းမှုတိုးလာသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်းတိုးလာကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

  အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းသီးနှံအသစ်များထွက်ရှိလျက်ရှိပြီး နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၆-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၄၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၁၂-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၃၀၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၈၅၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀၀) အသီးသီးဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်များဖြင့် နှမ်းနက်(စမုံ)(၄၈၀၀)အိတ်၊ နှမ်းနီ(၁၃၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိခဲ့ရပါသည်။

 ပဲမျိုးစုံဈေးကွက်အနေဖြင့် ပဲတီစိမ်းမှာ(၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၄၂၀၀၀-၅၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၈၀၀၀-၅၈၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀)ဈေးမြင့်တက်ခဲ့ပါသည်။ မတ်ပဲ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၇၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(H-L)ယခင်အပတ်တွင် ကျပ်(၉၄၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် ပဲတီစိမ်း(၁၉၀၀)အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ ကုလားပဲ (H-L)(၁၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၅၀)အိတ်၊ ပဲကြီး(၄၅၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၂၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၆၀၀၀-၁၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့်  မြေပဲလုံးဆံဖြူ(၁၄၀၀)အိတ်၊ မြေပဲတောင့်အစို တင်း(၅၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ နှမ်း၊ ပဲတီစိမ်း၊ မြေပဲတို့မှာ သီးနှံအသစ်ထွက်ရှိသည့်ရာသီဖြစ်၍ ရောင်းဝယ်မှုအနည်းငယ်မြင့်တက်လာပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ အပတ်စဉ်ပုံမှန်တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ်လျှော့ချအသုံးပြုစေရေးနှင့် အင်ဖက်အစားထိုးအသုံးပြုစေရေးတို့အတွက် အသား၊ ငါး ရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

    ထို့နောက် သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်း (၁၁-၉-၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(ပုသိမ်) ဆန်(၁)ပြည်လျှင် ကျပ်(၅၀၀၀-၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်)ဆန်(၁)ပြည်လျှင် ကျပ်(၄၆၀၀-၅၀၀၀)၊ မနောသုခဆန်(၁)ပြည်လျှင် ကျပ်(၃၅၀၀)၊ မှော်ဘီဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀-၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၇၀၀-၂၈၀၀)၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် ကျပ်(၈၈၀၀-၉၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၃၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၃၀၀)၊ ငရုတ်စို (၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)အသီးသီးရှိခဲ့ပြီး စက်တင်ဘာလ၊ ပထမအပတ်နှင့် ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စားကုန်ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိသော်လည်း အာလူး(၁)ပိဿာလျှင် ယခင်အပတ်အောက် ယခုအပတ်တွင်  ကျပ်(၂၀၀-၃၀၀)ဈေးလျော့ကျခဲ့ပါသည်။

      အသီးအရွက်နှင့် အသား၊ ငါးတို့ကို အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ဆန်နှင့်ဆီတို့မှာ ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိရာ နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)         

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း