Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ စက်တင်ဘာလတတိယအပတ်တွင် ရောင်းချနေသောဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၇၀၀ ကျပ်၊ အဝိုင်းဖရုံသီး တစ်လုံး (၅၀၀-၁၀၀၀) ကျပ်၊ ဂေါ်ရခါးသီး ၁လုံး ၅၀၀ ကျပ်၊ ကိုင်းငရုတ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၁၅၀၀၀ ကျပ်၊ ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၁၀၀၀ ကျပ်၊ ပဲစောင်းလျားသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး (အသေး)တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး(အကြီး) တစ်လုံးလျှင်၇၀၀ ကျပ်၊ ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက် တစ်ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊ သံပုရာသီး တစ်လုံးလျှင် ၁၀၀ကျပ်၊ မုန်လာဥနီ တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ဂျူးမြစ် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ မုန်ညှင်းထုပ်ဆစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ရုံးပတီသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ သခွားသီး တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၅၀၀ ကျပ်၊ ဖရုံညွန့် တစ်စည်းလျှင် ၇၀၀ ကျပ်ဈေး၊ ပန်းဂေါ်ဖီ ၃၀၀၀ကျပ်ဈေးဖြင့် ရောင်းချနေကြကြောင်း လက်ပံတန်းမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ  မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့မဈေးအတွင်း၌စက်တင်ဘာလတတိ ယပတ်တွင်ရောင်းချလျက်ရှိသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၈၀၀၀ကျပ် မှ ၁၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၇၀၀၀ကျပ် မှ ၈၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ် (တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ (တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ငါးကျီး(တစ်ပိဿာ)လျှင် ၁၇၀၀၀ ကျပ်၊ ငါးသလောက် (တစ်ပိဿာ)လျှင် ၃၅၀၀၀ ကျပ်၊ ငါးဘတ် (တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ (တစ်ပိဿာ) လျှင် ၃၅၀၀၀ကျပ် မှ ၄၀၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း အသားငါးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်၌ကောက်စောစပါးများရိတ်သိမ်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စုရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ မြို့နယ်အတွင်းလယ်ယာစိုက်ပျိုးသော ဧကမှာ ၉၃၁၅၅ ဧကရှိပြီး စပါးကိုအဓိကစိုက်ပျိုးကြပြီး ယခုစက်တင်ဘာလဆန်းပိုင်းတွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ လယ်ယာလုပ်သားများ၊ လယ်သမားများ ရိတ်ခြွေစက်များဖြင့် အချိန်တိုအတွင်းတွင် ရိတ်ခြွေနိုင်ပါသည်။ ရိတ်ခြွေစက်များဖြင့် ရိတ်ခြွေခြင်းဖြင့်အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း လယ်ယာလုပ်ကိုင်နေသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ချင်းနှင့် ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ ယခင်ဩဂုတ်လတတိယအပတ်တွင် ချင်း (၁၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်ဇူလိုင်လနောက်ဆုံးပတ်တွင်လည်း (၁၀၀၀)ကျပ် ရှိနေပါသည်။ ယခုစက်တင်ဘာလတတိယ အပတ်တွင်လည်း ချင်းဈေးနှုန်းမှာ (၈၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိဖြစ်နေပါသည်။

    ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ယခုစက်တင်ဘာလတတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးငြိမ်နေပါသည်။

   ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် (၁၃၀၀) ကျပ်ပေါက်ဈေးရှိနေပြီး ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥတစ်လုံး ဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မျှစ်အကြောင်း တစ်စေ့တစ်စောင်း

        မျှစ်သည် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပြီး မိုးရာသီတွင် အများဆုံးပေါက်လေ့ရှိပါသည်။ မိုးရာသီတွင် အိမ်ရှင်မများ၏ မိသားစုထမင်းဝိုင်းတွင် ရာသီစာဟင်းလျာအဖြစ် မျှစ်ကိုပြုတ်ကာ ငါးပိရည်အတို့အမြှပ်အဖြစ် စားကြသကဲ့သို့ တချို့အိမ်ရှင်မများကလည်း ဟင်းလျှာအမျိုးမျိုးအဖြစ် ချက်စား၊ ကြော်စားကြပါသည်။ မျှစ်သည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်သည့် အစားအသောက်တစ်ခုဖြစ်ပါသည်။

      မျှစ်စားခြင်းမှရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ(၁၀)ချက်ကို ကျန်းမာရေးဆိုင်ရာ သိကောင်းစရာဗဟုသုတအဖြစ် ကောက်နုတ်ကိုးကားဖော်ပြအပ်ပါသည်။ ၎င်းတို့မှာ- ကယ်လိုရီပါဝင်မှုနည်းပါးခြင်း၊ သကြားပါဝင်မှုနည်းပါးခြင်း၊ အဆီပါဝင်မှုမပါသလောက်နည်းပါးခြင်း၊ ပရိုတင်းဓာတ်ပါဝင်ခြင်း၊ ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်ခြင်း၊ ဝိတ်ကျစေခြင်း၊ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အူမကြီးလုပ်ဆောင်ချက်ကို ကူညီပေးနိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး မျှစ်သည် စားသုံးသင့်သည့် အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ထွက်ရှိသော မျှစ်ဈေးနှုန်းမှာ ကျိုင်းတုံမြို့မဈေး၌ တစ်စည်းလျှင် အစည်းအကြီးအသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ပေးဝယ်ရပါသည်။ တစ်စည်းလျှင် (၁၀) လက်မခန့်အရှည်ရှိသည့် မျှစ် ၅ချောင်း/ ၆ချောင်းရှိပြီး မျှစ်သည် အရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ သဘာဝကပေးသော တောတောင်များ၌ မျှစ်ရှာသွား၍ မျှစ်ချိုးသူများသာရရှိကာ မျှစ်ကိုရောင်းချခြင်းဖြင့် အိမ်သုံးစရိတ်ဝင်ငွေရရှိနေကြောင်းသိရပါသည်။

DOCA(ရှမ်း)

တစ်ပိုင်တစ်နိုင်လုပ်ငန်းအနေဖြင့် ဝင်ငွေပုံမှန်ရရှိကာ အဆင်ပြေနေသော ဂျုံခေါက်ဆွဲလုပ်ငန်းများ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မိသာစုလုပ်ငန်းများအဖြစ်လုပ်ကိုင်နေသော ဂျုံခေါက်ဆွဲလုပ်ငန်း (၁၁) ခုရှိပါသည်။ ပြင်ပလုပ်သားများငှားရမ်ခြင်းမရှိဘဲ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး ဒေသအတွင်း ဖြန့်ဖြူးရောင်းချကာ မိသားစု ပုံမှန်ဝင်ငွေရရှိနေသောလုပ်ငန်းများဖြစ်ပါသည်။

          ဂျုံခေါက်ဆွဲများတွင် ကုန်ကြမ်းအဖြစ် ဂျုံ၊ စားဆီ၊ ဆား၊ အရောင်တင်မှုန့်များကိုသုံးစွဲကြပါသည်။ မိသားစု(၂)ဦးမှ (၅)ဦးအထိ ဝိုင်းဝန်းလုပ်ဆောင်ကြပြီး တစ်ရက်လျှင် ဂျုံခေါက်ဆွဲ (၅၀)kg မှ (၁၀၀)kg ထိထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ ဂျုံခေါက်ဆွဲပြုလုပ်သော စက်ပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူသုံးစွဲကြပြီး ကျပ်(၇၅)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ ထုတ်လုပ်ရရှိသော ဂျုံခေါက်ဆွဲများကို တာချီလိတ်မြို့နယ်အတွင်းသာမက ရှမ်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။ ဂျုံခေါက်ဆွဲများကို (၁)kg အထုပ်နှင့် (၂၅၀)g အထုပ်ဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး (၁)kg တစ်ထုပ်ကို (၄၅၀၀)ကျပ်နှင့် (၂၅၀)g တစ်ထုပ်ကို (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ဂျုံခေါက်ဆွဲလုပ်ငန်းများသည် မိသားစုတစ်နိုင်တစ်ပိုင်ပြုလုပ်ကြ၍ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေသော လုပ်ငန်းများဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ညဈေးတန်းမှ ဒေသထွက်အစားအစာများ

       ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ ညနေပိုင်းတွင်သာ ဖွင့်လှစ်ရောင်းချသည့် ညဈေးတန်းတွင် ဒေသထွက်သီးနှံနှင့် အစားအစာများ တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။

          ညဈေးတန်းဟုခေါ်ဆိုသည့်အတိုင်း နေ့စဉ်နေ့လယ် (၁၄း၀၀)နာရီအချိန်မှ ည(၀၉း၀၀)နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ ညဈေးတန်းများကို ဆိုင်ခန်းများနှင့်သော်လည်းကောင်း၊ ကား/ တွန်းလှည်းများဖြင့် ရောင်းချလျက်ရှိပါသည်။ ဈေးတန်းတွင် ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ၊ ဝက်သားချဉ်၊ ဟင်းထုပ်၊ ငါးပေါင်း စသည့်ဒေသထွက်အစားအစာများနှင့် အကင်မျိုးစုံ၊ မာလာဟင်း၊ မာလာမောက်ချိုက်၊ ကယားဝက်အူချောင်း၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကောက်ညှင်းပေါင်း၊ အကြော်စုံ စသည့်အစားအစားများ စုံလင်စွာရောင်းချလျက်ရှိပါသည်။

          ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ညဈေးတန်းသည် ဒေသခံပြည်သူများကြားတွင်သာမက Online ပေါ်တွင် ကြော်ငြာမှုကြောင့် Food Blogger၊ Travel Blogger များကလည်း လာရောက်လည်ပတ်၍ ဆွဲဆောင်မှုရှိသောနေရာအဖြစ် Video များရိုက်ကူးလျက်ရှိကြောင်းသိရပါသည်။

          စားသုံးသူပြည်သူများလည်း ညနေခင်းအေးအေးတွင် လမ်းလျှောက်ရင်း ဝယ်ယူစားသောက်ကြသဖြင့် ဈေးသယ်များမှာလည်း အရောင်းအဝယ်ဖြစ်ပြီး ညဈေးတန်းမှာလည်း ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကလောခရိုင်၊ အောင်ပန်းမြို့၏ အခြေခံစားသောက်ကုန်များဈေးနှုန်းအခြေအနေ

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်မှစ၍ မိုးများခြင်း၊ ရေးကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာတွင် အခြေခံစားသောက်ကုန်များအားရောင်းချရန် အခက်အခဲများဖြစ်ပေါ်ခဲ့ပါသည်။

       ယခုအခါ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် ရာသီဥတုအခြေအနေ၊ လမ်းခရီးအခြေအနေများမှာ ပုံမှန်ပြန်ဖြစ်ပြီး ရေများပြန်လည်ကျသွားပြီဖြစ်ရာ အခြေခံစားသောက်ကုန်(ကုန်စိမ်း)များအား ပုံမှန်အတိုင်း ပြန်လည်ရောင်းချလျက်ရှိပါသည်။

       ထိုသို့ရောင်းချရာတွင် ကလောခရိုင်၊ အောင်ပန်းမြို့၌ ခရမ်းချဉ်အသေးတစ်ပိဿာလျှင် (၁၂၀ဝိ/-) ကျပ်၊ ခရမ်းချဉ်သီးအကြီး ရှယ်တစ်ပိဿာလျှင် (၁၅၀ဝိ/၁၇၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) ဥတစ်လုံးတစ်ပိဿာလျှင် (၂၀၀၀ဝိ/- မှ ၂၅၀၀ဝိ/-)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၃၀ဝိ/- မှ ၂၇၀ဝိ/-)ကျပ်၊ ချင်းအလတ်တစ်ပိဿာလျှင် ၃၅၀ဝကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀ဝကျပ်၊ အာလူးအသစ်တစ်ပိဿာလျှင် (အလုံးသေး ဂေါ်လီဆိုဒ်မျက်နီတစ်လုံးလျှင် (၁၅၀ဝ/၁၈၀ဝ) ကျပ်၊ အလတ်စားတစ်လုံးလျှင် (၃၅၀ဝ/၄၀၀ဝကျပ်)၊ နနွင်းတက်တစ်ပိဿာလျှင် အညံ့စ ၉၀၀၀ကျပ်၊ တောင်ပို့လ (၁၂၀၀ဝ/၁၂၅၀ဝ)ကျပ်နှင့် ဆင်တောင် (၁၁၀၀ဝ/၁၁၈၀ဝ)ကျပ်၊ ပြောင်းဆံတစ်ပိဿာကျပ် ၁၆၀ဝကျပ်၊ ငရုတ်ခွဲကြမ်းတစ်ပိဿာလျှင် ၁၀၀၀ဝကျပ်တို့ဖြင့် အခြေခံစားသောက်ကုန်စိမ်းများကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဂေါ်ရခါးသီး (ခေါ်) စူကာသီးဈေးကွက်

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့နယ်တွင် ဂေါ်ရခါးသီး(ခေါ်)စူကာသီးများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

     ဂေါ်ရခါးသီး(ခေါ်)စူကာသီးများကို တစ်ဧကစိုက်ပျိုးလျှင် ခန့်မှန်းကုန်ကျစရိတ်မှာ အလုပ်သမားငှားရမ်းခ၊ စင်ထိုးရသောဝါးလုံး၊ မျောတိုင်နှင့် ဓာတ်မြေဩဇာအပေါ်မူတည်၍ ကုန်ကျစရိတ် သိန်း(၂၀) ကျပ်မှ သိန်း (၃၀)ကျပ်အထိကုန်ကျပြီး  ဂေါ်ရခါးသီးကို စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ခန့်မှန်း (၄)လ အကြာတွင် စတင်ခူးဆွက်နိုင်ကြောင်း၊ အသီးများစောစောထွက်ပါက ဈေးကောင်းပိုရကြောင်းသိရှိရပါသည်။ အသီးသာမက အရွက်များကိုလည်းရောင်းချရကြောင်းသိရှိရပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် (၈၀)ကျပ်မှ (၁၀၀)ကျပ်အထိရောင်းချရကြောင်းနှင့် ထွက်ရှိလာသော ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ်တွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိပါသည်။

DOCA(ရှမ်း)

ခရမ်းချဉ်သီးဈေးနှုန်း၊ ဈေးကွက် ပြန်လည်တည်ငြိမ်လာ

    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းဒေသတဝိုက်တွင် ထွက်ရှိလျက်ရှိသော ခရမ်းချဉ်သီးနှံသည် ယခုနှစ် ဇူလိုင်လတွင် တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ရှိခဲ့ရာမှ ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလ အစောပိုင်းကာလတို့တွင် ကုန်စည်၏အရည်အသွေးကျဆင်းခြင်း၊ စိုက်ခင်းများရေ နစ်မြုပ်မည်ကိုစိုးရိမ်၍ မရင့်မှည့်မီ ခူးဆွတ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခိုက်အတန့်ပြတ်တောက်မှုကြောင့် ကုန်စီးဆင်းမှုမရှိသဖြင့် ဈေးနှုန်းများကျဆင်းသွားခဲ့ပါသည်။ ယခုအခါ သဘာဝရေဘေးကြောင့် ခေတ္တပိတ်နေသည့် ခရီးလမ်းကြောင်းများပွင့်လာ၍ ကုန်စီးဆင်းမှုပုံမှန်ရှိလာခြင်း၊ ဝယ်လိုအား၊ ရောင်းလိုအားမျှခြေရှိလာခြင်းတို့ကြောင့် ခရမ်းချဉ်တစ်ပိဿာလျှင် (၁၂၀၀-၁၇၀၀) ဈေးဖြင့် လက်ကားရောင်းဝယ်မှုနှင့် လက်လီရောင်းဝယ်သည့် နေရာဒေသစုံသို့ တင်ပို့ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း