Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၉.၉.၂၀၂၃ )

    ၁၉.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၉.၂၀၂၃ )

    ၁၉.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သရက်မြို့၌ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးမှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဆန်စက်နှင့် ဆန်ကုန်သည်များပူးပေါင်း၍ (၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် အမှတ်(၅)၊ တောင်မင်းတည်းရပ်ကွက်၊ သိမ်ကြီးဓမ္မာရုံ၌ ပြည်သူများအား ဈေးနှုန်းချိုသာစွာဆန်များရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် အိမ်ထောင်စု(၁)စုလျှင် ဧည့်မထဆန်(၁)ပြည်စီကို ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အိမ်ထောင်စု(၂၄၀)စုအား ဆန်များရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ပါသည်။

   အလားတူပင် ပြည်တော်အေးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်နှင့် ထုံးတောင်ကျေးရွာအုပ်စုတို့တွင်လည်း နောက်နေ့ရက်များ၌ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)

           

မင်းတုန်းမြို့၌ စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုအရ မင်းတုန်းမြို့၌ (၁၀-၉-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ သက်သာသောဈေးနှုန်းဖြစ်သည့် စားသုံးဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)ဈေးနှုန်းဖြင့် မင်းတုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့ပေါ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၅၅၀)စုအား ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ရောင်းချနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အတွင်း စားအုန်းဆီများရောင်းချလျက်ရှိသောဆိုင်ပိုင်ရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ စိစစ်ကြပ်မတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ကံမမြို့နယ်၌ စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ (၉-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နေ အိမ်ထောင်စု(၄၃၀)စုတို့အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်စုရပ်တွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်နေ အိမ်ထောင်စု(၄၂၀)စုတို့အားလည်းကောင်း၊ ပုဇင်းနိမ့်ကျေးရွာအုပ်စု၊ ပုဇင်းနိမ့်ကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုတို့အားလည်းကောင်း၊ စံပယ်ခြုံကျေးရွာအုပ်စု၊ စံပယ်ခြုံကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုတို့အားလည်းကောင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၆၀၀)ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေးအတွင်း၌ စက်တင်ဘာလ (ဒုတိယပတ်) အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးနှုန်းအခြေအနေ

    မကွေးမြို့၊ ကန်သာစျေး၌ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်း၊ ချောင်းဖြူ၊ မကျီးကန်ကျေးရွာ၊ နွားကူးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာဘက်တို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     မကွေးမြို့၊ ကန်သာစျေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ငါးကြင်း (မျက်ဆံနီ) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်းဖြူ(ခုတ်သား) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပုစွန်အကြီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀-၂၂၀၀၀)၊ ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင် ကျပ်(၂၅၀၀)၊ ကြက်သား (CP) အသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက် (CP) ပေါင် (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ အမဲသား  (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၉၀၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ချဉ်ပေါင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ပဲပင်ပေါက် (၁)ပိဿာလျှင် ကျပ် (၁၀၀၀)၊ ပဲသီး (၁)ထုံးလျှင် ကျပ်(၂၀၀၀)၊ ဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကင်ပွန်းချဉ် (၁)စည်းလျှင် ကျပ်(၂၀၀)၊ မျှစ်ချို (၁)ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ ခါကြက်ဥ (ထိုင်ဝမ်) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပန်းမုန်လာ (၁)ပွင့်လျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၄၀၀-၅၀၀)တို့ဖြင့် အသီးသီးအ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီး နယ်နိမိတ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစား ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၆၅၀၀)ကျပ်၊ ဧရာပဒေသာ တစ်ပြည်လျှင်(၆၀၀၀)ကျပ်၊ ဧည့်မထ တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ ပဲဆီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင်(၇၅၀၀)၊ မတ်ပဲတစ်ပိဿာ(၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ(၉၀၀၀)ကျပ်၊ ဂျင်း(ချင်း) တစ်ပိဿာ (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာ(၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) တစ်ပိဿာ(၁၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသထွက်) တစ်ပိဿာ(၂၀၀၀)ကျပ်၊ ဆား တစ်ပိဿာ(၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံး(၂၂၀၊ ၂၆၀)ကျပ်၊ ဘဲဥ တစ်လုံး (၃၄၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

      မွေးမြူရေးထွက်ကုန်များအနေဖြင့် ဒေသကြက်(ဗမာ) တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ မွေးမြူရေး ကြက်(CP)ရင်အုံ တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ပေါင်သား  တစ်ပိဿာ(၉၀၀၀)ကျပ်၊ ဝက်သား တစ်ပိ  ဿာ(၁၅၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ဆိတ်သား  တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးကြင်း  တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးရံ့ တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာ(၈၀၀၀)ကျပ်၊ ငါးပတ် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာ(၃၂၀၀၀)ကျပ်၊ ရေချိုပုဇွန်(လတ်) တစ်ပိဿာ(၃၈၀၀၀)ကျပ်၊ ရေငန်ပုဇွန်(လတ်) တစ်ပိဿာ(၂၄၀၀၀)ကျပ်၊ အာပြဲခြောက်  တစ်ပိဿာ(၂၈၀၀၀၊)ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ ငါးနီတူးခြောက်တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ပုဇွန်ခြောက် တစ်ပိဿာ(၆၀၀၀၀၊၇၀၀၀၀၊၉၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် သက်သာဈေးအရောင်းဆိုင်ဖြင့် ရောင်းချပေး

    မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးအတွင်း၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလဒုတိယပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံကုန်စည် ဒိုင်တို့ပူးပေါင်း၍ စားသုံးသူပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖြင့်(တတိယအကြိမ်မြောက်) ရောင်းချပေးခဲ့ ပါသည်။

      အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၃၀)ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ အရိုးနှင့်အသားပါတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးအကြမ်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ အရိုးနှင့် အသားတွဲလျက်တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အရိုးကြမ်း တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ အမဲသား(အသားသန့်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက်တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အရိုးတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း (မြင်းခြံ)မှလည်း စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

 

မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းသည် ဆဋ္ဌမအကြိမ်မြောက် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းအနေဖြင့် (ဆဌမအကြိမ်မြောက်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ ဆုံရပ်ကွက်၊ သီလမဂ္ဂင်ဓမ္မာရုံရှေ့၌ ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် သီးထပ်ဇီယာ(၉၅%)ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၂၀)၊ လူဦးရေ (၄၈၀)အား ရောင်းချပေးခဲ့ပြီး မကွေးမြို့နယ်ဆန်စပါးကုန်သည်များအသင်းသည် ပထမအကြိမ်အဖြစ် (မကွေးမြသလွန်ဘုရား) ညနေစျေး၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (နံကပ်ကျွန်း)ကျေးရွာအုပ်စု၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် (ရန်ပယ်စျေး)၌လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် သိင်္ဂါ(မင်္ဂလာစျေး)၌လည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာမြို့၌ ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များအား ရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိသော မိတ္ထီလာမြို့မဈေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်စျေးနှုန်း ကျဆင်းရေးနှင့် ပြည်သူလူထုများ ပြင်ပပေါက်စျေးများထက် သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်‌ရေးအတွက်ရည်ရွယ်၍  (၁၂.၉.၂၀၂၃) ရက်နေ့တွင် မိတ္ထီလာမြို့ ၊ မြိုသစ်စျေး၌ စားသောက်ကုန် ပစ္စည်းများကို ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူဖြန့်ဖြူးသူများ၏ ဈေးနှုန်း သက်သာရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

       ရောင်းချရာတွင် အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား(အသားထုပ်) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သား (အရိုး/အသား)တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမြင်းချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ တီလားဗီးယား တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ရေချိုပုဇွန် တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဆန် (မနောသုခ) တစ်ပြည်လျှင် (၃၁၅၀) ကျပ်၊ ဆန် (ဧည့်မထ) တပြည်လျှင် (၂၅၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှင့် ဆား တစ်ပိဿာလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း