Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ရှမ်းပြည်မှဝင်ရောက်လာသည့် ဟင်းသီးဟင်းရွက်များ ဈေးကျ

        တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသထွက်နှင့် အခြားအရပ်ဒေသများမှဝင်ရောက်လာသော ဟင်းသီးဟင်းရွက်များရောင်းချလျက်ရှိရာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ် ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်က ဟင်းသီးဟင်းရွက်များ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခုအခါတွင် ဈေးနှုန်းများကျဆင်းလာပြီဖြစ်ပါသည်။

         ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ဂေါ်ရခါးသီးများမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၅၀၀ကျပ်၊ ၁၀လုံးယူလျှင် ၄၅၀၀ကျပ်ရှိခဲ့ပြီး ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်လုံးလျှင် ၃၀၀ကျပ်၊ ၁၀လုံးနှင့်အထက်ယူပါက ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။      

          မုန်ညင်းထုပ်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းလာပါသည်။

          မုန်လာဥနီမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ကန်စွန်းဥနှင့် အာဒါလွတ်ဥ

           တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီအလိုက်သီးနှံများကို ရောင်းချလျက်ရှိရာ ကန်စွန်းဥနှင့် အာဒါလွတ်ဥများ ရောင်းချနေပြီဖြစ်ပါသည်။

          ကန်စွန်းဥတွင် ငချိပ်နှင့် ရွှေဝါဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ပေါ်ခါစတွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိသော်လည်း ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းလာပါသည်။

            အန်ဒါလွတ်ဥမှာ ပေါ်ခါစ ပေါ်ဦးပေါ်ဖျားဖြစ်ပါသည်။ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိပါသည်။ ကန်စွန်းဥမှာ နူးညံ့သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းသော်လည်း အာဒါလွတ်ဥမှာ ကန်စွန်းဥကဲ့သို့ လူကြိုက်မများသဖြင့် အရောင်းအဝယ်ပါးကြောင်း ကန်စွန်းဥနှင့် အာဒါလွတ်ဥရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငါးများ ဈေးကျ

          တောင်ငူဒေသတွင် မြစ်ချောင်းအင်းအိုင်များ၌ ငါးများပေါများလာပြီဖြစ်ရာ ဈေးများတွင် ငါးများဈေးနှုန်းကျဆင်းလျက်ရှိနေပါသည်။

          ငါးမြစ်ချင်းတစ်ပိဿာလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ဈေးနှုန်း ၁၅၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၃၀၀၀ကျပ် ကျဆင်းလာပါသည်။

          ငါးကြင်းဖြူဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

           ငါးတန်ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ကျဆင်းလာပါသည်။

          ငါးခူမှာ အကောင်အသေး/အကြီးပေါ်မူတည်၍ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိကျဆင်းကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ငါးရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကြက်သား၊ ငါးဖယ်ခြစ်နှင့် ပုစွန်ဈေးတက်

        တောင်ငူမြို့တွင် အိမ်မွေးကြက်သားမှာ ယခင်စက်တင်ဘာလ၊နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ စီပီကြက်သားမှာ  ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးတက်လာပါသည်။ ‌

         ချောင်းပုစွန်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ဈေးနှုန်း ၅၀၀၀ကျပ်၊ ဘော့ပုစွန်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀၀ကျပ် ဈေးနှုန်းမြင့်တက်လာပါသည်။

            ငါးဖယ်ခြစ်ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးတက်လျက်ရှိကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်း ပြန်လည်ကျဆင်း

         တောင်ငူမြို့တွင် စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပတ်ကျော်ခန့် ရေကြီးနစ်မြှုပ်ဖြစ်ပွားခဲ့မှုကြောင့် သီးနှံများပျက်စီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် သီးနှံဈေးနှုန်းများမြင့်တက်ခဲ့ရာ ယခုအောက်တိုဘာလဆန်းတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီဖြစ်ပါသည်။

           ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀၀ကျပ်ကျဆင်းလာပါသည်။

            ဂေါ်ဖီဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၃၅၀၀ကျပ်ကျဆင်းလာပါသည်။

            ခရမ်းသီးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ကျဆင်းလာကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

     မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌ သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ စက်တင်ဘာလအတွင်းတွင် တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၈)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

      ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တောဈေးဂျွန်တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၄၀၀) ဈေးနှုန်းဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလအတွင်း ကြက်သွန်နီ ဈေးနှုန်းမြင့်တက်ခြင်းမရှိသော်လည်း ရာသီကုန်ဆုံးချိန်ရောက်ခါနီး၍  ရောင်းချမှုများခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

     ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင်ဘာလအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၁၀)သိန်း ကားအစီးရေ(၁၀၀)စီး၊ ပြည်၊ ပုသိမ်မြို့သို့ ကြက်သွန်နီ ပိဿာချိန်(၁)သိန်း ကားအစီးရေ (၁၂)စီး၊ မြဝတီမြို့သို့ ပိဿာချိန် (၅)သိန်း ကားအစီးရေ (၃၈)စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီ ပိဿာ ချိန် (၁)သိန်း ကားအစီးရေ (၁၀)စီး၊ စုစုပေါင်းကြက်သွန်နီပိဿာချိန် (၁၈)သိန်းခန့် တန်ချိန်အားဖြင့် (၂၉၃၉)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

တောင်ငူမြို့တွင် ဩဇာသီးဈေးအနည်းငယ်တက်

         တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် ဩဇာသီးများ အဝင်နည်းလာကြောင်းသိရပါသည်။ ဩဇာသီးသည် အပြင်အခွံမာသော်လည်း အတွင်းသားမှာ နူးအိ၍ အရသာလည်းကောင်းသဖြင့် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါသည်။

        ဩဇာသီးတွင် ဗီတာမင် B6, ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်တို့ပါရှိပြီး နှလုံးအားနည်း၍ နှလုံးခုန်မမှန်ခြင်း စသည့်နှလုံးရောဂါဝေဒနာရှင်များအတွက် အထူးစားသုံးသင့်သော အာဟာရဓာတ်စာဖြစ်သည့်အပြင် နှလုံးရောဂါနှင့်ဆက်စပ်၍ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါများကိုလည်း ကာကွယ်ပေးကြောင်းသိရပါသည်။

        ဩဇာသီးအလုံး အသေး/အကြီးပေါ်မူတည်၍ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၃၀၀ကျပ်မှ ၆၀၀ကျပ်အထိရောင်းချခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်လုံးလျှင် ၇၀၀ကျပ်အထိရောင်းချကြောင်း၊ အရသာကောင်းသည့်အပြင် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်သဖြင့် ရောင်းအားကောင်းကြောင်း သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်းစိုက်ပင်စိုက်ကြက်သွန်နီများ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်အတွင်း ကြက်သွန်နီ စိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်) အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ ယောစ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စတစ်ပိဿာလျှင်ကျပ်(၁၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀)ဖြစ်ပြီး၊ ပုလဲစထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရသည်။ 

     မြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အနိမ့် တစ်ပိဿာ လျှင် ကျပ်(၁၈၀၀)ဈေးတို့ဖြင့်ရောင်းချနေကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော နေ့စဉ်ကုန်ချိန်မှာ တစ်နေ့လျှင် ကုန်ချိန်(၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်းရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်တွင် (မိုး)နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဆိပ်ဖြူမြို့အနောက်ပိုင်းရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အဓိကစိုက်ပျိုးကြကြောင်း၊ ယခုနှစ် ကုန်း၊ ယာမြေများတွင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး သီးသန့်စိုက်ခင်းများအပြင် မြေပဲ၊ နှမ်း၊ ပြောင်းခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးပြီး စိုက်ဧက(၅၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကမများသော်လည်း မိသားစု စားသုံးဆီ ဖူလုံရေးအတွက် စိုက်တောင်သူများမှာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများကြောင်း သိရသည်။

    နေကြာသီးနှံကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ နေကြာမျိုးစေ့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဆင်းရွှေကြာ(၂) နေကြာမျိုးများကို အများဆုံးစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၂)ပြည်ခန့် ကုန်ကျပြီး သီးညှပ်စိုက်ပျိုးပါက မျိုးစေ့(၁)ပြည်ခန့်သာ ကုန်ကျကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းခန့် ကုန်ကျပြီး အထွက်တင်းမှာ ရာသီဥတုပေါ်မူတည်ပြီး တင်း(၂၀)မှ(၂၅)ထိ ထွက်ရှိကြောင်း၊ ယခင်နှစ်က(ဆောင်း)နေကြာသီးနှံပေါ်ချိန်တွင် နေကြာတစ်တင်းလျှင် ကျပ်(၇၅၀၀၀)၊ နေကြာ ဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ နေကြာတစ်တင်း ကြိတ်လျှင် နေကြာစေ့ အောင်မြင်မှုအပေါ်မူတည်၍ (၂)ပိဿာခွဲမှ (၃)ပိဿာထိ ထွက်ရှိကြောင်း၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ နေကြာဈေးကွက်ကောင်းမွန်ခြင်းကြောင့် တစ်ဧကလျှင် အကျိုးအမြတ် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက် လုပ်ငန်းရှင်များသို့ ရောင်းချကြောင်း၊ တောင်သူအများစုမှာ နေကြာဆီ ကြိတ်ခွဲထုတ်လုပ် ရောင်းချမှုများကြောင်း၊ စားသုံးသူများမှ ကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီကို ဝယ်ယူစားသုံးမှုများကြောင်း၊ ယခု မိုးသီးနှံနေကြာ ရိတ်သိမ်းချိန်တွင် သီးနှံအထွက်ကောင်းပြီး ဈေးနှုန်းဈေးကွက်ကောင်းမွန်ပါက စိုက်တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့နယ်၌ ပျားရည်ဆမ်းဖရဲ(ဝါ)စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် နှစ်စဉ် နှမ်း၊ ပဲမျိုးစုံတို့အပြင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလျက်ရှိရာ  လူအများ နှစ်ခြိုက်စွာ စားသုံးကြသည့် ဖရဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။

    ဖရဲပင်ကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ခူးဆွတ်ကြကြောင်း၊ မျိုးအနေဖြင့် ပျားရည်ဆမ်း ဖရဲ(ဝါ) မျိုးကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၆)ထုပ်ခန့်  ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ပျိုးအိတ်ဖြင့် ပျိုးထောင်၍ ၂၀ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၈၅၀၀၀၀ ခန့် ကုန်ကျပြီး အလုံးရေ ၁၀၀၀-၁၂၀၀ ခန့် ထွက်ရှိ၍ ငွေကျပ် ၁၂၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)အတွင်း လက်ကားဈေးနှုန်း ပျားရည်ဆမ်းဖရဲသီး(ဝါ) တစ်လုံးလျှင် ငွေကျပ်(၁၇၀၀-၂၂၀၀)ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း သစ်သီးဒိုင်များမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြကြောင်းနှင့် မင်းဘူး၊ မကွေးမြို့များပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့ ရောင်းချကြောင်း၊ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းအသင့်အတင့် ရှိသော်လည်း ဈေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း