Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ကြီးလယ်ယာသီးနှံများမှ“ဒေသမျိုးရင်း(ဆူကာသီးခေါ်)ဂေါ်ရခါးသီးဈေးကွက်တွင်းမှာ ကြွယ်ဝစွာ”

    လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ဟိုပုန်းမြို့များတွင် ဤတွင် ဒေသထွက်တည်သီးများ ထွက်ရှိသော ကာလ ပင်ဖြစ်သည်။        ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “ဆူကာသီး/ဂေါ်ရခါးသီး” ဈေးကွက်မှာ ‌ဒေသထွက်ကုန်ဖြစ်သည့်အလျှောက်  စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူတစ်ဦးနှင့် တောင်ကြီးဒေသထွက် ဆူကာသီး (ခေါ် )ဂေါ်ရခါးသီးဈေးကွက် အကြောင်းမေးမြန်းခဲ့ပါသည်။

          ဒေသခေါ် ဆူကာသီးများဖြစ်သော ဂေါ်ရခါးသီးများမှာ ပုံစံအမျိုးအစားအမျိုးမျိုးရှိသည်။ လုံးဝိုင်း၍ ပြောင်ချောကာ အရွယ်အစားပိုကြီးသော ထိုင်ဝမ်သီးနှင့် ဒေသမျိုးရင်းဖြစ်သော ဆူကာသီးမှာ အရွယ်အစားပုံစံကြီးသော်လည်း အခွံမျက်နှာပြင်မှာ ဆူးများပါရှိသည်။  ပိုချို၍ ပိုစား ကောင်းသည် ဟုဒေသထွက်ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ရောင်းချသူတစ်ဦးမှ ရှင်းပြချက် အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ဒေသထွက်ဖြစ်သော ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ပိုမို အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ကို အကြီး ၁လုံး လျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၃၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၂၀၀ ကျပ်မှ  ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၂၀ လုံးမှစ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လှျက်ရှိပြီး  အချို့နေရာဒေသပေါ်မူတည်၍ ပီနံအိတ်များဖြင့်လည်းရောင်းချလျက်ရှိကြောင်း ဆူကာသီး(‌ခေါ်) ဂေါ်ရခါးသီးများ‌ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။ 

DOCA(ရှမ်း)

 

ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    လောင်စာတောင့်ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် စပါးခွံလောင်စာတောင့် တစ်နေ့လျှင် ၁၅တန် ထုတ်လုပ်နိုင်ပြီး တစ်လလျှင် ရက် ၂၅ရက်ထုတ်လုပ်ပြီး လောင်စာတောင့် ၃၇၅ တန်ထုတ်လုပ်နိုင်ကြောင်း၊ ရန်ကုန်သို့ ၁လလျှင် တင်ပို့မှု တန် ၂၅၀ တင်ပို့ပြီး ၁၂၅ တန်ကို ဆန်စက်တွင် ပြန်လည်အသုံးပြုကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ဈေးနှုန်းအနေဖြင့် လောင်စာတောင့် ၁တန်လျှင် ၂၃၀၀၀၀ကျပ်ဖြင့် ၂၀၂၄ခုနှစ် ရောင်းချဝေးနှုန်းဖြင့် နှိုင်း ယှဉ်ပါက ၃၀၀၀၀ကျပ် ဈေးပိုမို မြင့်တက်လာပြီး ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း မိဘဂုဏ်ရည်ဆန်စက်ပိုင်ရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် နိုဝင်ဘာလ ၁လတာ ဆန် ဆန်ကွဲ စီးထွက်မှု အခြေအနေ

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်များမှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ နေ့စဉ် တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ါဘာလ ၁လတာအတွင်း  ဆန်တင်ပို့မှု ၁၃၈၆၄ အိတ်နှင့် တန်အားဖြင့် ၆၉၃ အိတ်၊  ဆန်ကွဲအနေဖြင့် ၁၀၂၅၁ အိတ်၊ တန်အားဖြင့် ၅၁၂ တန်၊ ယခင်လတင်ပို့မှုမှာ နှိုင်းယှဉ်ပါက  ဆန် ၁၂၈၀ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၉၄၀၁ အိတ် ပိုမို တင်ပို့ကြောင်း သိရသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အနေဖြင့် ဆန်စက် ၂၅ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်မှ နိုဝင်ဘာလ ဆန်ကွဲ ဆန် စီးထွက်မှု အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့် အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်း ဒေသကြီးသို့ နေ့စဉ် တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ဆန်များကို ရန်ကုန်ဆိပ်ကမ်းနှင့် ပွဲရုံများသို့ တင်ပို့ပြီး၊ ဆန်ကွဲများကို စက်မှုဇုန်ရှိရာ နေရာများသို့တင်ပို့သည်။

     ပန်းတနော်မြို့နယ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၅၇၃၂ အိတ်၊ တန်အားဖြင့် ၇၈၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၁၀၄၉၉ အိတ်၊ တန်အားဖြင့် ၅၂၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၃၆၇၂ အိတ် နှင့် တန်အားဖြင့်  ၆၈၄ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၄၁၀၉ အိတ်နှင့် တန်အားဖြင့် ၂၁ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၀၆၀ အိတ် နှင့်  ဆန်ကွဲ ၆၃၉၀ အိတ် ပိုမို တင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

“သံပုရာသီးဈေးနှုန်း အနည်းငယ်ကျဆင်း”

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာ ကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံး စိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ အပင် လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက် ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီး အထွက်နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက် ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုးနှင့် သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ယခင်လတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၂၃၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၃၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၁၂၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၁၅၀ )ကျပ် ၊ ယခုလတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၂၀၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၂၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၇၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၇၀ )ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ သံပုရာသီးများ ဈေးများတွင် ဝင်ရောက်မှုများပြားလာသဖြင့် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သံပုရာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၉.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၂၃၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၅၆၇ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၀၂၁ နှင့် ဈေးနှုန်းမှာ ၄၈၅၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၄၇ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၃၂၈ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၃၆၄ အိတ်နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၇၈၄ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၈၄ နှင့် ဈေးနှုန်းမှာ ၄၈၅၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၅၈ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၅၇၉ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ မှ ရှယ်စ ၄၃၅၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၂၉၆ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စ အိတ်ရေ ၃၁၀၅ နှင့် ဈေးနှုန်းမှာ ၄၈၅၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၄၂ နှင့် ဈေးနှုန်း များမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၂၃၅ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။       

        ၉.၁၂.၂၀၂၅ ရက်နေ့တွင် ရှယ်စ(၁၂၉၆၀)၊ ဆန်ကြမ်း(၁၀၆၄၇)၊ လက်စ(၉၃၁၀)၊ ၂၅ မတ် ဆန်(၄၁၄၇)၊ ဆန်ကွဲ(၁၉၁၄၂) အိတ်ဝင်ရောက်ခဲ့ပြီး ယခင်နေ့ထက်အနည်းငယ်လျော့နည်း၍ ဝင်ရောက်ခဲ့ရာ  ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ဈေးနှုန်းမြင့်တက်လျက်ရှိသော ကီလိုမာလကာသီး”

  ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့်  အရှေ့ သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ် အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ယခုမိုးဦးကျနှင့် မိုးရာသီတွင် အသီးများ ဖြိုင်ဖြိုင်ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီး အထွက်နှုန်း လျော့နည်းပါသည်။ ဈေးများတွင် ကီလိုမာလကာသီးများ ဝင်ရောက်မှုနည်းပါးသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ယခင်လတွင် ကီလိုမာလကာသီး တစ်လုံးလျှင် လက်လီဈေး (၆၀၀-၇၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ် မူတည်၍ (၅၀၀-၆၀၀)ကျပ်၊ ယခုလတွင် ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၁၀၀၀-၁၅၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး ၊ အသေးပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း မာလကာသီးအများဆုံး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

DOCA(မန္တလေး)

“ဈေးကောင်းရသောချဉ်ပေါင်ရွက်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ဈေးကောင်းရသည့်ချဉ်ပေါင်ပင်များကို အများဆုံးစိုက်ပျိုး လာသည်ကို တွေ့ရှိရပါသည်။ တောင်သူများအနေဖြင့် ချဉ်ပေါင်စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အချိန်တိုအတွင်း ဝင်ငွေအလွယ်တကူရရှိလာသောကြောင့် ချဉ်ပေါင်ပင်များကို အလေးထား စိုက်ပျိုးလာကြပါသည်။ ချဉ်ပေါင် (၁)ဧက စိုက်ပျိုးလျှင် ချဉ်ပေါင်မျိုးစေ့(၈)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ဈေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၇၀၀၀/-) ကျပ် ဝယ်ယူရကြောင်း၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် (၂၅၀၀၀၀-၃၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)လ (၁)လခွဲသား အရွယ်တွင် စတင်ရိတ်သိမ်းခူးဆွတ်ရောင်းချရကြောင်း၊ ချဉ်ပေါင်ရွက်ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်ပင်(၅)ပင် (၁)စည်းလျှင် ဖောက်သည်ဈေး (၂၀၀/-)ကျပ်ဖြင့် ပေးသွင်းရပြီး လက်လီဈေးအနေဖြင့် (၃၀၀/-)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ (၁)ဧက အထွက်နှုန်း အနေဖြင့် ချဉ်ပေါင်အစည်းပေါင်း (၅၀၀၀၀) စည်းထွက်ရှိကြောင်း၊ ချဉ်ပေါင် (၁)ဧက အကျိုးအမြတ် အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ အမြတ်များပြီး နေ့စဉ်ဝင်ငွေရရှိနေသော ချဉ်ပေါင်ပင်ကို ပိုမိုစိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ဆောင်းဖူးစားပြောင်းများ စတင်ထွက်ရှိ”

       ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာလကုန်မှစတင်၍ ဆောင်းဖူးစား ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြား ပြောင်းမျိုးကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြပြီး ထောပတ်ပြောင်းမျိုးနှင့် ရှမ်းပြောင်းမျိုးကို တောင်သူများအနေဖြင့် အနည်းငယ်သာစိုက်ပျိုးကြကြောင်း၊  (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့(၈) ပြည်စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၁၀၀၀၀/-)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးကြကြောင်း၊ ယခုဒီဇင်ဘာလမှစတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း(၆၀၀၀)ဖူးခန့် ထွက်ရှိ ကြောင်း၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့်တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်၊ လက်လီတစ်ဖူးလျှင် (၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ် စျေးများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်း သွက်ကြောင်း ၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သ‌ရေစာအဖြစ် စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၁၀၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် ဖူးစားပြောင်းသည် လတိုသီးနှံဖြစ်သောကြောင့် အကျိုးအမြတ်များလည်းရရှိသည့်အပြင် တိရစ္ဆာန်အစာအဖြစ်လည်း ဖူလုံသောကြောင့် ပြောင်းဖူးသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

၉.၁၂.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ် အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၉.၁၂.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၅၀၅၀၀) ကား (၁၀၇) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၉၆၅၀၀) ကား (၃၂) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန် ပိဿာပေါင်း (၇၁၄၀၀)  ကား (၄၉) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း