Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေးနှုန်း

       ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

       ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲလွန်းဖြူ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲလွန်းဖြူ ()ပြည်လျှင်(၂၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပဲလွန်းဖြူအဟောင်း()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် အရောင်းအဝယ်ပိတ်သွားပြီး အသစ်ပေါ်ချိန်တွင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးထဲရှိငါးဈေးနှုန်း

      မိတ္ထီလာမြို့ဈေးကြီးထဲရှိ ငါးဒိုင်တွင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းရောင်းချနေသော ငါးဈေးနှုန်းမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၂၀၀၀ကျပ်၊ (၂၅ကျပ်သား)လျှင် ၆၀၀၀ကျပ်နှုန်းနှင့် ငါးကြင်း အကောင်လိုက် (၁)ပိဿာလျှင် ၁၉၀၀၀ ကျပ်ဖြင့်ရောင်းချနေပြီး မြစ်ငါးမြင်းဈေးနှုန်းမှာ မြစ်ငါးမြင်း ခုတ်သား (၁)ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ (၂၅ကျပ်သား)လျှင် ၅၅၀၀ ကျပ်၊ ငါးမြင်းအကောင်လိုက်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းတွေ့ရပါသည်။ ငါးမုတ်များကို (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် အကောင်လိုက်အရှိသာ ဝယ်ယူနိုင်ကြောင်း သိရပါသည်။ ပလာတူးငါး များကိုမူ (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးတန်(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း  သိရပါသည်။ ငါးကြင်းအသားမှာ နူးညံ့ပြီး အရိုးနည်းသောကြောင့် ဝယ်ယူမှုပိုမိုများပြားကြောင်း သိရပါသည်။ ငါးကြင်းခေါင်းကိုမူ မုန်ညှင်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်စသည်တို့နှင့်ရော၍ ဟင်းချို၊ အချဉ်ဟင်း ချက်ပြုတ်၍ စားသောက်ရောင်းချကြသည်။ ငါးကြင်းခေါင်းကိုမူ စားသောက်ဆိုင်များမှ အများဆုံးသီးသန့်ဝယ်ယူကြကြောင်း ရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

 

ရွှေဘိုဈေးကွက်တွင် ပဲပုတ်စေ့နှင့်မတ်ပဲခြမ်းဈေးနှုန်း ငြိမ်နေ

         ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၆၇၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၇၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၆၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကုန်း)

ဈေးအနည်းငယ်တက်သောကုလားအော်သီး

       မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ကုလားအော်သီးပင်များကိုတနိုင်တပိုင် စိုက်ပျိုးကြပြီး ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြသည်။ ယခုအခါ ကုလားအော်သီးများ ဈေးကောင်းလျက်ရှိကြောင်း ကုလားအော်သီးရောင်းချသူထံမှ သိရှိရပါသည်။ ကုလားအော်သီးများကို (၁၀)ကျပ်သားလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချနေပြီး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုလားအော်သီး ရောင်းချသူထံမှသိရှိရပါသည်။ ယခင်လတွင် ကုလားအော်သီးများကို ၁၀ ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ဈေးအနည်းငယ်တက်ရောင်းကြောင်း သိရပါသည်။

DOCA(မန္တလေး) 

ရွှေဘိုဈေးကွက်တွင် ပဲကြားဈေးအနည်းငယ်တက်ပြီး  ပဲနီလေးဈေးငြိမ်နေ

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊  တတိယအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၁၀၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် ပဲကြား()ပြည်လျှင်(၅၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည် လျှင်(၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        အောက်တိုဘာလ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၉၈၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၁၅၀၀ဝိ/-)၊  ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၉၈၀၀ဝိ/-)ကျပ်၊ ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500ccတစ်ဗူးလျှင်(၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင် (၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ်ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးကွက်

                  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ရွေဖရုံသီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်အများဆုံးစိုက်ပျိုးကြပါသည်။ ပူနွေးသောရာသီဥ တုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အနည်းငယ်အေးသော ရာသီတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ ဒေသထွက်ဖရုံသီးများကို ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရ သည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းများ  ပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။ အစေ့ကို ဖရုံစေ့ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်သော အသီးဖြစ်သည်။ မြိတ်ဒေသတွင် ဖရုံစေ့ တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ် လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

‌စျေးကွက်ထိုးပေါက်လာနိုင်မည့် နာနတ်သီးနှင့် ဒေသတွင်းစျေးကွက်

         တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် စီးပွားဖြစ် ကွမ်းသီး၊ ရာဘာများစိုက်ပျိုး၍ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိပြီး ဒေသထွက်နာနတ်သီးများသည်လည်း ပြည်တွင်းသာမ က ပြည်ပသို့ပါတင်ပို့နိုင်ကြောင်းသိရှိရပါသည်။ မြိတ်ခရိုင်တွင် နာနတ်သီးကို တနင်္သာရီမြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး မြို့ပေါ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်စိုက်ပျိုးကြသူ များလည်းရှိပါသည်။ မြိတ်ဒေသထွက်နာနတ်သီးများကို ပြည်တွင်းတွင် အဓိကသုံးစွဲကြကြောင်း သိရှိရသည်။ စျေးနှင့်အခြားဒေသများသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်းစီးပွားဖြစ် တိုးချဲ့ထုတ် လုပ်နိုင်သော အသီးတစ်မျိုးဖြစ်သည်။ နာနတ်သီးအမျိုးအစားများအနက် Smooth Cayenne မျိုး ကိုအများ ဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံနှင့် မြိတ်ခရိုင်တို့တွင်လည်း ၎င်းမျိုးကိုစိုက်ပျိုးကြသည်။

          မြန်မာ့နာနတ်သီးသည် အခြားနိုင်ငံ၏ နာနတ်သီးများနှင့် မတူညီဘဲ အနံမွေးသည့်အပြင် အသီး၏ အရသာမှာလည်း ချိုချဉ်အရသာ နှင့် အရည်ရွှမ်းသောကြောင့် ပြည်တွင်း၌ သာမက ပြည်ပရှိ စားသုံးသူများစွာကို အလွယ်တကူ ဆွဲဆောင်နိုင်သော အသီးတစ်မျိုးဖြစ်သည်။ အချိုနိုင်ငံများတွင် Smooth Cayenne နာနတ်သီးကို အသင့်စားနာနတ်စည်အဖြစ် အဆင့်မြှင့်ထုတ်ပိုးပြီး ပြန်လည် ရောင်းချလျက်ရှိသည်။ မြိတ်ဒေသထွက် နာနတ်သီး တစ်လုံးလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ခန့် ထိရှိပြီး ဒေသတွင်းဝင်ရောက်လာသော နာနတ်သီးစည်တစ်လုံးလျှင် ၆၅၀၀၀ကျပ်ခန့်စျေးရှိကြောင်း သိရှိရပါသည်။

      နာနတ်သီးသည် ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်သီးနှံတစ်ခု ဖြစ်လာနိုင် ခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအတွက် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ပြီး အဆင့်မြှင့်ထုတ်ကုန်များဖြင့်ပြည်ပစျေးကွက်သို့တင်ပို့ရောင်းချနိုင်သောထုတ်ကုန်ဖြစ်လာနိုင်မည်ဖြစ်သည်။

DOCA(တနင်္သာရီ)

မိတ္ထီလာဈေးကွက်တွင် မိုးကြက်သွန်နီအသစ်များဈေးပို

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ၌ မိုးကြက်သွန်နီအသစ်မှာ ဟောင်းထက်ဈေးပို ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီစိုက်ပျိုးမှုရှိသော မလှိုင်မြို့နယ်မှ အသစ်ထွက်ရှိလာသော ကြက်သွန်နီမှာ အဟောင်းထက်ရောင်းပန်းပိုလှပြီး ယခင်နှစ်လက်ကျန် အဟောင်းများမှာ အညှောင့်ပေါက်သည့်အတွက် နယ်ဝေးဝယ်လက်များသို့ အသစ်ကိုပိုမိုတင် ပို့ရရောင်းကြောင်းသိရသည်။ ကြက်သွန်နီဈေးမှာတစ်ပိဿာလျှင် အဟောင်းမှာ(၈၀၀-၉၀၀)ကျပ်၊ အသစ်မှာ(၁၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူတင်ပို့နေကြောင်းကုန်သည်များထံ မှသိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်ဝယ်လက်များမှ အဝယ်အေးပြီး ပြည်တွင်းဈေးကွက် များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ်မြို့များသို့ အခြားကုန်များနှင့်ရော၍ တင်ပို့ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်

DOCA(မန္တလေး)  

မိတ္ထီလာဈေးကွက်ရှိ အရောင်းသွက်သောဆန်ဈေးနှုန်းများ

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သိရသည်။ ဒေသတွင်းအရောင်းသွက်သောဆန်အမျိုးအစားများ မနောသုခ၊ ရက်(၉၀)မျိုးများ မှာကျေးလက်နေတောင်သူဝယ်လက်များကြောင့် အရောင်းသွက်ကြောင်း သိရသည်။ ဒေသတွင်းစိုက်ပျိုးထွက်ရှိသော သီးနှံကိုရောင်းချရသောငွေဖြင့် တစ်နှစ်စာ စားသုံးရန်ဆန်ဝယ်ယူလေ့ရှိသည့် တောင်သူများ၏ရှေးရိုးဓလေ့အရ ယခုနှစ်ငရုတ်စိုက် တောင်သူများ ကလည်း မနောသုခနှင့်ရက်(၉၀)ဆန်အသစ်တို့ကို (၅/၁၀) အိတ်ဝယ်ယူစုဆောင်းကြောင်း ဆန်ပွဲရုံများမှ သိရသည်။ တောင်သူများအဝယ်သွက်သည့် ဆန်အမျိုးအစား များမှာ မနောသုခ(သစ်)တစ်အိတ်လျှင်(၅၅၀၀၀-၆၀၀၀၀)ကျပ်၊ ရက်(၉၀) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဝန်းကျင်ဖြင့်ရောင်းချရကြောင်း ဒေသတွင်း သီးနှံပေါ်ချိန်တွင် အရောင်းသွက်ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)    

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း