Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၂၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၇၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သည့်  ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကို အဓိကစိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၂)စည်းလျှင်(၆၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၄၀၀) (၃)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်အတွင်း ဆီထွက်သီးနှံ ဧက သုံးထောင်ကျော် စိုက်ပျိုးရန်လျာထား

   မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဆီထွက်သီးနှံဧကသုံးထောင်ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

       ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် နေကြာ ၃၅၂၀ ဧက၊ မြေပဲ ၁၁၉ ဧက၊ နှမ်း ၂၅ ဧက စုစုပေါင်း ဆီထွက်သီးနှံ ၃၆၆၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

         အလားတူ ပဲမျိုးစုံ ၅၂၇၁ ဧကနှင့် ပိုက်ဆံလျှော် ၂၀ ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

            မြင်းခြံမြို့၏ကိုက်လန်ရွက်ဈေးနှုန်းကျဆင်းလာခြင်း

       မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် စားဖိုဆောင် အုပ်စုဝင် ရာသီပေါ်ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ကိုက်လန်အရွက် များကိုလည်း ရောင်းချလျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ကိုက်လန်ရွက်တစ်စည်းလျှင် (၅၀၀) ကျပ်၊ ဆယ်စည်းလျှင် (၄၅၀၀) ကျပ်ခန့်၊  ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကိုက်လန်တစ်စည်းလျှင်(၁၅၀)ကျပ်၊ ဆယ်စည်းလျှင်(၁၀၀၀) ကျပ်ခန့်  ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အညာဒေသ၌ စိုက်ပျိုးထွက်ပေါ်သော ဆောင်းစိုက် ကိုက်လန်ရွက်များ ဈေးကွက်၌ လှိုင်လှိုင်ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းလာ ကြောင်း၊ စိုက်ပျိုးသောကျေးရွာများမှာ ပတ္တာကျေးရွာ၊ ဂေါင်းကွဲကျေးရွာ၊ သဲဖြူဝ ကျေးရွာနှင့် ဒါးကျွန်း‌ကျေးရွာတို့၌ စိုက်ပျိုးထားရှိကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ လိုအပ်ပါက ရှမ်းပြည်နယ် တောင်ပိုင်း ‌အောင်ပန်းမြိုတို့မှ လည်းတင်သွင်း‌ရောင်းချရကြောင်း၊ ထိုကိုက်လန်များသည် ‌ဒေသထွက် ကိုက်လန်များထက် ဈေးအနည်းငယ်မြင့်ကြောင်း၊ ရာသီစာကိုက် လန်ရွက်များအား စားသုံးမှုများ၍ နေ့စဉ်ကိုက်လန်ရွက်အစည်း (၂၀၀-၃၀၀) စည်းခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့၏မုန့်ညင်းစိမ်းဈေးနှုန်းကျဆင်းလာခြင်း

      မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ရာသီပေါ်မုန်ညင်းစိမ်းများကိုလည်း ရောင်းချလျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ မုန်ညင်းစိမ်းတစ်စည်းလျှင် (၄၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မုန်ညင်းစိမ်း တစ်စည်းလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အညာဒေသတွင် ဆောင်းရာသီ၌ စိုက်ပျိုးထွက်ပေါ်သော ရာသီစာမုန့်ညင်းစိမ်းများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းများကျဆင်းပြီး စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ စားသုံးရကြောင်း၊ စိုက်ပျိုးသော ကျေးရွာများမှာ အနိမ့်ကျေးရွာ၊ ဂေါင်းကွဲကျေးရွာနှင့် ပတ္တာကျေးရွာများ၌ စိုက်ပျိုးထားရှိကြောင်း၊ ရာသီစာမုန်ညင်းစိမ်း များအား စားသုံးမှုများ၍ နေ့စဉ်ကုန်ချိန်(၂၅၀-၄၀၀)စည်းခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ‌ဖောက်သည်များလည်း ပေးရကြောင်း၊ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

          မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  တတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၆၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၈၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၇၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့် ကုလားပဲရွက်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများ၊ လူသုံးကုန်ပစ္စည်းများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   မန်ကျည်းရွက်နှင့် ကုလားပဲရွက် များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်  မြသလ္လာဈေးတွင် ဖြစ်ပေါ်နေသော မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၀၀၀)ထိ ရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅-၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏အောင်မြင်ဖြစ်ထွန်းနေသောဆောင်းငရုတ်စိုက်ခင်းများ

      မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း၌ တည်ရှိပြီး၊ ဆည်မြောင်းကန်ချောင်း များ အသင့်အတင့်ရှိ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်လျက် ရှိအနက် ရာသီအလိုက်စားဖိုဆောင် သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိသည်။ ဆောင်းငရုတ်သီးနှံ စိုက်ပျိုးထားရှိသောကျေးရွာများမှာ ကူရွာ၊ ကွမ်းစိုက်ရွာ၊ ဂင့်ဂဲရွာ၊ ထနောင်းတိုင်ရွာ၊ ဒါးကျွန်းရွာ၊ ဆီမီးခုံရွာ၊ နဘူးအိုင်ရွာ၊ ရွာသစ်ရွာနှင့် ပတ္တာကျေးရွာတို့၌ စိုက်ပျိုးထားကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်၌ ဆောင်းငရုတ်ကို မြင်းခြံမြို့နယ်တွင် စီမံကိန်းသီးနှံအဖြစ် (၅၀၀) ဧက လျာထားခဲ့ရာ စိုက်ပျိုးပြီးဧက (၇၄၇) ဧကစိုက်ပျိုးခဲ့ကြောင်း၊ စီမံကိန်းလျာထားဧကထက် (၂၄၇)ဧကကျော်ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာ၏ စာရင်းများအရသိရှိရသည်။ ဆောင်းငရုတ်များကို အောက်တိုဘာလတို့တွင် ပျိုးထောင်၍နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ စိုက်ပျိုးထားရှိသောမျိုးမှာ ဒီမွန်မျိုး၊ ၆၉၂ မျိုးနှင့် အထွက်နှုန်းကောင်း စပ်မျိုးများကို စိုက်ပျိုးကြောင်း၊ မျိုးစေ့ကိုပျိုးထောင်၍ ပျိုးပင်သက်တမ်း တစ်လအကြာတွင် စိုက်ခင်း သို့ရွှေ့ပြောင်းပြီး ပင်ခြားတန်းခြား တစ်ပေခွဲခြား၍ စိုက်ဘောင်၌ စိုက်ပျိုးရကြောင်း  သိရှိရသည်။ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် (၃၈၀-၄၀၀) ပိဿာခန့်ထွက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာများပုံမှန်ကျွေးနိုင်ပါက ငရုတ်အထွက်နှုန်းများ ကောင်းနိုင် မည်ဖြစ်ကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း  ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိ ရသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  9  ရက်နေ့မှ  ၁၅  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၁၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း