Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“နံနံပင်ဈေးနှုန်းဈေးကွက်”

   နံနံပင်သည် အထင်ရှားဆုံးဟင်းခက်အမွှေးကြိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံတို့တွင်တွဲဘက်စားသုံးပြီး၊ တို့စရာအဖြစ်လည်းစားသုံးကြပါသည်။ နံနံပင်ကို ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာဈေးကြီးပေးဝယ်ရပါသည်။ နံနံစိုက်ပျိုးရန်အတွက် ရေမဝပ်သောနုံးမြေသည် အထူးသင့်လျော်ပါသည်။ နံနံပင်ကိုဘောင်များ ပြုလုပ်၍ စိုက်ပျိုးပါက ဘောင်ကို(၄-၅)လက်မပြုလုပ်ပြီး (၂-၃)ပေအကျယ်ဖြင့် အရှည်ကိုလိုသလို ပြုပြင်နိုင်ပြီး ဘောင်ပေါ်တွင်(၀.၅)လက်မ အနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များ ချကာ နွားချေးမှုန့်၊ မြေဆွေးမှုန့်များ ပါးပါးဖုံးပေးရပါသည်။ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်များပေါက်လာပါက ရေကိုလျော့လောင်းပေးခြင့်ဖြင့် ခါးရိရောဂါကို ကာကွယ်ပေးပြီးသားဖြစ်ပါးသည်။ နံနံမျိုးစေ့(၁)ပြည်လျှင် (၃၅၀၀/-) ကျပ်ဖြင့်ဝယ်ယူပြီး တစ်ဘောင် လျှင် တစ်ဘူးနှုန်းဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ နံနံကို ခရမ်းချဉ်သီး၊ငရုတ်၊ပဲများနှင့်ရော၍ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ကြောင်း၊ တနွေလုံးပေါက် နံနံပင်လိုချင်လျှင် (၂)ပတ်ခြား၊ (၄)ပတ်ခြား စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်သားမှ စတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ နံနံပင်တစ်ဘောင်လျှင် အစည်းရေ (၇၀)စည်းခန့် ထွက်ရှိပြီး၊ နံနံပင် (၁၀)ပင်ပါ တစ်စည်းလျှင် လက်ကားဈေး(၂၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် (၃၀၀) ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ အကျိုး အမြတ်အနေဖြင့် နံနံမျိုးစေ့(၁)ပြီစိုက်ပျိုးပါက (၇၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ နံနံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် နေ့စဉ်မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မျှစ်ပေါက်ရာသီကုန်၍ဈေးတက်

       မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးကွက်တွင် မျှစ်ပေါက်ဈေးမြင့်လာကြောင်း သိရသည်။ မျှစ်ပေါက်ကို ဒေသနေစားသုံးသူများက ချဉ်ပေါင်ရွက်ဖြင့်အချဉ်ရည်ချက်ခြင်း၊ ကြော်ခြင်းတို့အပြင် စားတော်ပဲနှင့် ရော၍ ကြော်စားလေ့ ရှိပါသည်။ ပေါက်ချောင်းဈေးကွက် လက်လီရောင်းချသူများအနေဖြင့် မျှစ်ကိုမိုး ရာသီလှိုင်လှိုင်ပေါချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာရှိတောဈေးသည်များကတစ်ဆင့် ဝယ်ယူရောင်းချကြပြီး သီးနှံအထွက်နည်းသည့်ကာလများတွင် မြို့မဈေးကြီးမှတစ်ဆင့်ဝယ်ယူကာ ပြန်လည်ရောင်းချကြပါသည်။ ဈေးကွက်သို့အဝင်များချိန်မိုးတွင်းကာလက မျှစ်ပေါက်တစ်ပိဿာလျှင် (၅၀၀၀/၆၀၀၀)ကျပ်ဈေးရှိခဲ့သော်လည်း ယခုအခါတစ်ပိဿာလျှင်(၇၀၀၀/၈၀၀၀)ကျပ်ဈေးဖြင့် ရောင်းချနေကြောင်း လက်လီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“နေလှဲ့ပင်စိုက်ပျိုးဝင်ငွေတိုး”

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည်အပူပိုင်းဒေသဖြစ်သည့်အတွက်ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလှဲ့ပင်များလည်း ပေါက်ရောက်လျက်ရှိပါသည်။ ယခင်ကအလေ့ကျ ပေါက်ရောက်လျက်ရှိပြီး ယခုအခါတွင် တောင်သူများမှ မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ နေလှဲ့(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး(၃)ပြည်ကုန်ကျကြောင်း၊ မျိုး(၁) ပြည်လျှင်(၇၀၀၀)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးကြပါသည်။ မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ နေလှဲ့ကိုထွန်းဖုံးပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ သြဂုတ်လမှ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်း၊ နေလှဲ့သီးများရင့်မှည့်ချိန်တွင် အပင် ခြေမှခုတ်ယူ၍ အကိုင်းမျာကိုတုတ်ဖြင့် ရိုက်၍ခြွေကြရကြောင်း၊ ယခင်နှစ် နေလှဲ့စေ့ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းခဲ့ရပြီး ယခုနှစ် နေလှဲ့တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ နေလှဲ့စိုက်ပျိုးမှုတွင် ကနဦးစိုက်ပျိုးစရိတ်သာကုန်ကျပြီး ကျန်နှစ်တွင် အတက်မွေး၍ နေလှဲ့စေ့ကိုရယူကြောင်း၊နေလှဲ့စိုက်ပျိုးမှုတွင် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးကြောင်း၊  နေလှဲ့စေ့ကိုကြိတ်၍ အဆီထုတ်ကာ တိုင်းရင်း‌‌ဆေးအဖြစ် အသုံးပြုကြောင်း၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည် ဆိုရိုးစကားအတိုင်း နေလှဲ့ပင်၏ အကျိုးကိုသိရှိသူများရှိသလို မသိရှိသူများ လည်းရှိကြောင်း၊ နေလှဲ့ပင်သည် မြေလွတ်မြေရိုင်းများတွင် ပက်ကြဲစနစ်ဖြင့် စိုက်ပျိုးရသဖြင့်  ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများများရသဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“အရည်အသွေးမြင့်၊ဈေးနှုန်းသင့်၊မြန်မာ့ပြည်တွင်းဖြစ် စက်ရုံချုပ် (Export)ထည်အနွေးထည်များ တောင်ကြီးမြို့မှာ ထင်ရှား”

    လတ်တလော နီပေါနိုင်ငံ ဧဝရတ်တောင်မှရေခဲများ ၊နှင်းများအချိန်အခါဟုတ် ပျော်ကျနေ ခြင်းကြောင့် သုတေသနပညာရှင်များ၏ လေ့လာထုတ်ပြန်ချက်မှာ အာရှတိုက် တစ်ဝန်း အအေးလှိုင်းဖြတ်ကာ ယခင်ဆောင်းထက်ကို ပိုမိုအေးနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်အရ တောင်ကြီးဆောင်း၏ အအေးဓာတ်မြင့်တက်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်၊ မင်္ဂလာရပ်ကွက်ရှိ စက်ရုံချုပ်အင်္ကျီ အဝတ်အထည်များ သီးသန့် လက်လီ /လက်ကားရောင်းချလျက်ရှိသော “နှင်းရွှေရည်ထွန်း (Export)ထည်” အမည်ဖြင့် ဖွင့်လှစ် ရောင်းချနေသည်။အဆိုပါဆိုင်မှ  “အရည်အသွေးမြင့် ၊ ဈေးနှုန်းသင့် ၊ မြန်မာ့ပြည်တွင်းဖြစ် စက်ရုံချုပ် အထည်များရောင်းချနေမှုတွင် ကျားဝတ် /မဝတ် /ကလေးဝတ် များထဲမှအနွေးဝတ်များ အင်္ကျီလက်ရှည်များ တောင်ကြီးမြို့ပေါ် ဈေးကွက်အတွင်း အဝယ်လိုက်ကာ အရောင်းသွက် လျက်ရှိပါသည်။

     ပုံမှန်အဝတ်အထည်များထက် အရည်အသွေးကောင်းသော မြန်မာနိုင်ငံ စက်ရုံချုပ် အဝတ်အထည်များ နိုင်ငံခြားဈေးကွက်သို့ မရောက်မီ ပြည်တွင်းဈေးကွက်ထဲမှာပင် အရောင်းသွက်ကာ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်သည့် အလားလာရှိသည်။

    (Export) ထည် ဈေးကွက်မှ ဈေးနှုန်း မှာ အနွေးထည် တစ်ထည်ကို ၇,၅၀၀ ကျပ် မှ ၃၅,၀၀၀ ကျပ် အထိ ရှိပြီး အများပြည်သူများ အတွက် “အရည်အသွေးမြင့် ၊ ဈေးနှုန်းသင့် ၊ မြန်မာ့ပြည်တွင်းဖြစ် စက်ရုံချုပ် အထည်များ ကိုဈေးနှုန်းသင့်စွာ ဝယ်ယူနိုင်သည့် ဈေးကွက်တစ်ခု အဖြစ် ရပ်တည်လျက်ရှိကြောင်း ဈေးဝယ်တစ်ဦးထံမှ သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)

 

 

“တောင်ကြီးလယ်ယာစိုက်ပျိုးသီးနှံများမှ ပေါ်ဦးပေါ်ဖျားစတော်ဘယ်ရီသီးများ ဈေးကွက်တွင်းမှာကြွယ်ဝစွာ”

       လယ်ယာထွက်ကုန်ပစ္စည်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ် ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ပင်းတယ စသော မြို့များတွင် ဤရာသီဆောင်းအကုန်နွေအကူးတွင် ကလေး၊ လူကြီးအကြိုက် စတော်ဘယ်ရီသီး များစတင်ဈေးကွက်အတွင်းပေါများလျက်ရှိသည်။ စတော်ဘယ်ရီသီးမှာ ဒေသထွက်အသီးမျိုးနှင့် ဂျပန်သီးဟူ၍ နှစ်မျိုးရှိသည်။ ဒေသသီးပုံစံမှာအနည်းငယ်ရှည်ပြီး အရသာမှာချဉ်ချိုဖြစ်၍ ဂျပန်သီးမှာ အချဉ်ပေါ့ အချိုအရသာ ပိုကဲသည်။ ဒေသထွက်ကုန် သဘာဝလယ်ယာထွက် သီးနှံများ ဖြစ်သောကြောင့် ပိုလတ်ဆတ်/ပိုဘေးကင်းကာ ပိုနူးညံ့ပြီးစား ကောင်းသည့် စတော်ဘယ်ရီသီး များကို ထုတ်ပိုးမှု ပုံစံပြောင်းကာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ယခင် ဝါးခြင်းလေးများဖြင့် ရောင်းချ နေရာမှ ယခုအခါ ကော်ခြင်းများ ကော်ရေပုံးများဖြင့် ၁ ပိဿာ ၅၀ သား (အဝက်သား)ခွဲ၍ ရောင်းချလျက်ရှိကြောင်း ရောင်းချသူတစ်ဦးမှ ရှင်းပြချက်အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ရာသီစာဖြစ်သော ဒေသထွက်ကုန် သဘာဝလယ်ယာထွက် သီးနှံများ ဖြစ်သောရှမ်းပြည်စိုက် ဒေသအခေါ် ဂျပန်သီးနှင့် ဒေသစတော်ဘယ်ရီသီးများ ပိုမိုအရောင်းသွက် လျက်ရှိကြောင်း သိရှိရသည်။ ထို အသီးများကို ဈေးကွက်ပေါ်ရောက်စဖြစ်သောကြောင့် လက်လီ ကော်ပုံး ၁ ပုံး၊ လျှင် ၁ ပိဿာရှိပြီး  ၃၀,၀၀၀ ကျပ် မှ ၃၅,၀၀၀ ကျပ်အထိ အလုံး အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ လက်ကားဈေးမှာ ၁ ပိဿာ ၂၈၀၀၀ ကျပ် ဖြင့် ၁၀ ပိဿာဆံ့သော သစ်သီးဖာများဖြင့်ရောင်းချကာ အရောင်းသွက်လျက်ရှိကြောင်း တောင်ကြီး စတော်ဘယ်ရီသီးများ ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

တောင်ကြီးလယ်ယာသီးနှံများမှ“ဒေသမျိုးရင်း(ဆူကာသီးခေါ်)ဂေါ်ရခါးသီးဈေးကွက်တွင်းမှာ ကြွယ်ဝစွာ”

    လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ဟိုပုန်းမြို့များတွင် ဤတွင် ဒေသထွက်တည်သီးများ ထွက်ရှိသော ကာလ ပင်ဖြစ်သည်။        ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “ဆူကာသီး/ဂေါ်ရခါးသီး” ဈေးကွက်မှာ ‌ဒေသထွက်ကုန်ဖြစ်သည့်အလျှောက်  စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူတစ်ဦးနှင့် တောင်ကြီးဒေသထွက် ဆူကာသီး (ခေါ် )ဂေါ်ရခါးသီးဈေးကွက် အကြောင်းမေးမြန်းခဲ့ပါသည်။

          ဒေသခေါ် ဆူကာသီးများဖြစ်သော ဂေါ်ရခါးသီးများမှာ ပုံစံအမျိုးအစားအမျိုးမျိုးရှိသည်။ လုံးဝိုင်း၍ ပြောင်ချောကာ အရွယ်အစားပိုကြီးသော ထိုင်ဝမ်သီးနှင့် ဒေသမျိုးရင်းဖြစ်သော ဆူကာသီးမှာ အရွယ်အစားပုံစံကြီးသော်လည်း အခွံမျက်နှာပြင်မှာ ဆူးများပါရှိသည်။  ပိုချို၍ ပိုစား ကောင်းသည် ဟုဒေသထွက်ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ရောင်းချသူတစ်ဦးမှ ရှင်းပြချက် အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ဒေသထွက်ဖြစ်သော ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ပိုမို အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ကို အကြီး ၁လုံး လျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၃၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၂၀၀ ကျပ်မှ  ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၂၀ လုံးမှစ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လှျက်ရှိပြီး  အချို့နေရာဒေသပေါ်မူတည်၍ ပီနံအိတ်များဖြင့်လည်းရောင်းချလျက်ရှိကြောင်း ဆူကာသီး(‌ခေါ်) ဂေါ်ရခါးသီးများ‌ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။ 

DOCA(ရှမ်း)

 

ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    လောင်စာတောင့်ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် စပါးခွံလောင်စာတောင့် တစ်နေ့လျှင် ၁၅တန် ထုတ်လုပ်နိုင်ပြီး တစ်လလျှင် ရက် ၂၅ရက်ထုတ်လုပ်ပြီး လောင်စာတောင့် ၃၇၅ တန်ထုတ်လုပ်နိုင်ကြောင်း၊ ရန်ကုန်သို့ ၁လလျှင် တင်ပို့မှု တန် ၂၅၀ တင်ပို့ပြီး ၁၂၅ တန်ကို ဆန်စက်တွင် ပြန်လည်အသုံးပြုကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ဈေးနှုန်းအနေဖြင့် လောင်စာတောင့် ၁တန်လျှင် ၂၃၀၀၀၀ကျပ်ဖြင့် ၂၀၂၄ခုနှစ် ရောင်းချဝေးနှုန်းဖြင့် နှိုင်း ယှဉ်ပါက ၃၀၀၀၀ကျပ် ဈေးပိုမို မြင့်တက်လာပြီး ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း မိဘဂုဏ်ရည်ဆန်စက်ပိုင်ရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် နိုဝင်ဘာလ ၁လတာ ဆန် ဆန်ကွဲ စီးထွက်မှု အခြေအနေ

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်များမှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ နေ့စဉ် တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ါဘာလ ၁လတာအတွင်း  ဆန်တင်ပို့မှု ၁၃၈၆၄ အိတ်နှင့် တန်အားဖြင့် ၆၉၃ အိတ်၊  ဆန်ကွဲအနေဖြင့် ၁၀၂၅၁ အိတ်၊ တန်အားဖြင့် ၅၁၂ တန်၊ ယခင်လတင်ပို့မှုမှာ နှိုင်းယှဉ်ပါက  ဆန် ၁၂၈၀ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၉၄၀၁ အိတ် ပိုမို တင်ပို့ကြောင်း သိရသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အနေဖြင့် ဆန်စက် ၂၅ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်မှ နိုဝင်ဘာလ ဆန်ကွဲ ဆန် စီးထွက်မှု အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့် အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်း ဒေသကြီးသို့ နေ့စဉ် တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ဆန်များကို ရန်ကုန်ဆိပ်ကမ်းနှင့် ပွဲရုံများသို့ တင်ပို့ပြီး၊ ဆန်ကွဲများကို စက်မှုဇုန်ရှိရာ နေရာများသို့တင်ပို့သည်။

     ပန်းတနော်မြို့နယ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၅၇၃၂ အိတ်၊ တန်အားဖြင့် ၇၈၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၁၀၄၉၉ အိတ်၊ တန်အားဖြင့် ၅၂၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၃၆၇၂ အိတ် နှင့် တန်အားဖြင့်  ၆၈၄ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၄၁၀၉ အိတ်နှင့် တန်အားဖြင့် ၂၁ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၀၆၀ အိတ် နှင့်  ဆန်ကွဲ ၆၃၉၀ အိတ် ပိုမို တင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

“သံပုရာသီးဈေးနှုန်း အနည်းငယ်ကျဆင်း”

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာ ကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံး စိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ အပင် လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက် ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီး အထွက်နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက် ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုးနှင့် သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ယခင်လတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၂၃၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၃၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၁၂၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၁၅၀ )ကျပ် ၊ ယခုလတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၂၀၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၂၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၇၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၇၀ )ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ သံပုရာသီးများ ဈေးများတွင် ဝင်ရောက်မှုများပြားလာသဖြင့် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သံပုရာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း