Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလတတိယပတ်ရှိငါးနှင့် ပုဇွန်စျေးကွက်

   မန္တလေးမြို့၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင်   မိုးရာသီအတွင်း ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာစျေးနှုန်းများမှာငါးသလောက်၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/၊ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်  ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ ၁၃၀၀ဝိ/- နှင့်  ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-၊ငါးမြစ်ချင်း၊ ငါးပတ်နှင့်ငါးရံ့များမှာ ၁၃၀၀ဝိ/- နှင့်၁၈၀၀ဝိ/-၊ တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး ၃၀၀၀ဝိ/- နှင့် ၄၃၀၀ဝိ/- ၊မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊ပုဇွန်ကြားနှင့်ရေချိုပုဇွန်ထုပ်မှာ၄၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေးတို့ဖြင့်    ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ မင်္ဂလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။  

DOCA(မန္တလေး)

 

ကြက်မောက်သီးများအရောင်းသွက်လျက်ရှိ

    ဝါတွင်းကာလ ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်ရာသီဖြစ်၍ ကြက်မောက်သီး အပါ အဝင်သစ်သီးမျိုးစုံအရောင်းသွက်ကြောင်း သိရှိရပါသည်။ မန္တလေးသစ်သီးစျေးကွက်သို့ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ထွက်သည့် ကြက်မောက်သီးများ ဝင်ရောက်မှုများပြားကြောင်း  သိရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်၊ ၂၈လမ်းသစ်သီးတန်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့်မင်းကွတ်သီးစျေးနှုန်းများမှာ ၁၀လုံးလျှင်(လုံးကြီး) ၈၀၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ (လုံးလတ်) ၆၅၀၀ကျပ်နှင့်၇၀၀၀ ကျပ်၊(လုံးသေး) ၄၀၀၀ ကျပ်နှင့် ၄၅၀၀ကျပ်စျေး တို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးသစ်သီးစျေးကွက်ရှိ မင်းကွတ်သီး

    မန္တလေးသစ်သီးစျေးကွက်သို့ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့မှ ထွက်သည့်မင်းကွတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်၊ ၂၈လမ်းသစ်သီးတန်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်မင်းကွတ်သီးစျေးနှုန်းများမှာ ၁၀လုံးလျှင်(လုံးကြီး) ၉၀၀၀ ကျပ်နှင့် ၉၅၀၀၀ကျပ်၊ (လုံးလတ်) ၆၀၀၀ကျပ်နှင့်၇၅၀၀ ကျပ်၊(လုံးသေး) ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံး အရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်ရာသီဖြစ်၍ မင်းကွတ်သီးအပါအဝင် သစ်သီးမျိုးစုံအရောင်းသွက်ကြောင်း  စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                                      

ပန်းဂေါ်ဖီထုပ်စျေးအနည်းငယ်ကျ

     ကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ရောင်းစျေးအနည်းငယ် ကျဆင်းသွား ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းစျေးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီထုပ် ၁ ခုလျှင် အပွင့် (ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိုးရာသီပန်းဂေါ်ဖီပွင့်စိမ်း စျေးကွက်

    ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းစျေးတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ပွင့်စိမ်း ၁ ခုလျှင် အပွင့်(ကြီး) ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၂၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀) စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်မန္တလေးစျေးကွက်ရှိကညွတ်

   မန္တလေးစျေးကွက်သို့ မိုးရာသီချိန်ဖြစ်၍ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကညွတ်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းစျေးရှိ ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ကညွတ်ကုန်စိမ်းအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် (အဖူးကြီး) ၅၀၀၀ကျပ် နှင့် ၇၀၀၀ကျပ်၊(အဖူးငယ်) ၄၀၀၀ ကျပ်နှင့်၄၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ကညွတ်ကုန်စိမ်းမှာ ကျန်းမာရေး အစားအစာအဖြစ် စားသုံးခြင်းတို့ကြောင့်  ကုန်စိမ်းစျေးကွက်တွင် အရောင်းသွက်သည့် အမယ်တစ်မျိုးဖြစ်ကြောင်း မြင်းတန်းစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ကိုက်လံဟင်းရွက်စျေးအနည်းငယ်ကျ

    မန္တလေးစျေးကွက်အတွင်းသို့ မိုးရာသီချိန်ဖြစ်၍ ဟင်းရွက်ကုန်စိမ်းများဝင်ရောက် မှုများပြား လျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁ လမ်းကုန်စိမ်းစျေးနှင့် သီရိမာလာစျေးတို့တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင် ၅၀၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်း လျှင် ၇၀၀ကျပ် နှင့် ၈၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာ စျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိုးဖရဲသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

      မန္တလေးတိုင်းဒေသကြီးအတွင်း  ဩဂုတ် ၊ စက်တင်ဘာနှင့် အောက်တိုဘာလ များသည် မိုးဖရဲသီးနှံများ ပေါ်ထွက်သောကာလများဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင်ဖရဲသီးနှံ  စိုက်ဧကစိုက်ပျိုး၍ မြင်းခြံမြို့နယ်တွင်အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံ များကိုယခင်နှစ်များက ဒေသအရောက်ကွင်းဆင်းဝယ်ယူမှုဖြင့် ဈေးကွက်အတွင်းအရောင်း အဝယ်ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နယ်မြေဒေသလုံခြုံမှုအခြေအနေများနှင့် ရာသီဉတုအခြေအနေများကြောင့် ဒေသအရောက်ဝယ်ယူမှုမရှိသလောက် အလွန်နည်း ပါးလျက်ရှိသည်။စိုက်ပျိုးတောင်သူများမှလည်းဈေးကွက်အရောက်ပို့ဆောင်၍ အရောင်း အဝယ်ဆောင်ရွက်ရန်အတွက် ခက်ခဲမှုများရှိသောကြောင့် ဈေးကွက်ဆုံးရှုံး မည့်အရေး ဖရဲစိုက်တောင်သူများ စိုးရိမ်လျက်ရှိကြောင်းသိရှိရသည်။ မန္တလေးတိုင်း ဒေသတိုင်းဒေသကြီး အတွင်း စိုက်ပျိုးထွက်ရှိသည့် မိုးဖရဲသီးနှံများကို ဒေသတွင်းစားသုံး ၍ ပိုလျှံသည်များကို နေပြည်တော် ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိရာ တစ် ရက်လျှင် ပျမ်းမျှ (၁၀) ဘီးကား ၊ (၁၀) စီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံလုပ် ငန်းရှင်များထံမှ သိရှိရသည်။ မိုးဖရဲသီးနှံအား ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မှုအားနည်းပြီး ပြည်တွင်းဈေးကွက် သာအဓိက ထားရောင်းချလျက်ရှိကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံဈေးနှုန်းမှာ အရွယ်အစားအကြီးအသေး ပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်၃၀၀၀မှ ၈၀၀၀အထိ ရှိကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံ ဈေးနှုန်းသည် ရက်အလိုက်သူ့ဈေးနှုန်းနှင့်သူအပြောင်းအလဲရှိသော‌ သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နွားထိုးကြီးမြို့နယ်၏မိုးနေကြာစိုက်ပျိုးထားရှိမှု     

     မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း သိရှိရသည်။  မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧက ရှိသည့်အနက် ယခုစက်တင်ဘာလ တတိယပတ်အထိ စိုက်ဧက (၁၂၉၃) ဧကစိုက်ပျိုးခဲ့ပြီး၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက်စိုက်ပျိုးနေကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

 

နွားထိုးကြီးမြို့၏ပဲလွမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်း

   နွားထိုးကြီးမြို့နယ်သည် ပြောင်းပြာဆည်ရှိပြီး မိုးကောင်းသောက်ယာမြေများတွင် ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲနှင့် နှမ်းသီးနှံများ စိုက်ပျိုးထားသည့်အနက် ပဲလွမ်းသီးနှံကို လည်းစိုက်ပျိုးထားကြောင်း၊ မိုးပဲလွမ်းသီးနှံ စိုက်ပျိုးချိန်မှာ ပဲလွမ်းသီးနှံအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥဟုခေါ်ကြကြောင်း၊ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသောအပူချိန်ကိုခံနိုင်သည့် ပဲတစ် မျိုးဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိစိုက်ပျိုးကြပြီး၊ ရိတ်သိမ်း ချိန်မှာ ဒီဇင်ဘာလမှစ၍   ဇန်နဝါရီ လအထိ ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲလွမ်းစီမံကိန်းသီးနှံ အဖြစ် (၂၂၉၅) ဧကလျာထား ချက်အပေါ်(၅၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်းနှင့် ဆက်လက်စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား အောက်တိုဘာလအထိ လျာထားချက်ပြည့်မှီအောင်  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။  တောင်သူများ အနေဖြင့် ပဲလွမ်း သီးနှံအား ရေဆင်း-၁မျိုးနှင့် ရေဆင်း-(၂) မျိုးကိုစိုက်ပျိုး ထားရှိကြောင်း၊ ပဲလွမ်းသီးနှံ စိုက်ပျိုးထားရှိမှုကို တန်းကြားစနစ်ဖြင့် နှံစားပြောင်း၊ ဝါသီးနှံတို့ဖြင့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် နွားထိုးကြီးမြို့နယ်ရှိပွဲရုံများ၌ ပဲလွမ်း (ဟောင်း)တစ်တင်းလျှင် (၆၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း