Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့အေးမြသီတာဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

    မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ စားသောက်ကုန်အမျိုးမျိုးနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၌ရောင်းချ လျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေး ဆန် တစ်ပြည်လျှင် (၇၅၀၀ - ၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာလျှင် (  ၇၂၀၀-၇၄၄၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၅၀၀- ၁၃၈၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၉၀၀ - ၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၅၅၀၀ - ၆၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၂၈၀၀၀ - ၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင်(၂၂၀၀၀- ၂၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၉၀၀၀ - ၂၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက  ယခုလတွင် ပေါ်ဆန်းမွှေးနှင့် အမဲသား ဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီ၊ ပဲဆီသန့်၊ ကြက်သွန်နီနှင့် ကြက်သားဈေး များမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ သိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းကျဆင်းလာသောမြင်းခြံ‌ဒေသထွက်မြစ်ငါးဘတ်

    မြင်းခြံ‌မြို့နယ်အတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာနှင့် အနိမ့် ကျေးရွာတို့သည် ဧရာဝတီမြစ်ဖြင့် နီး၍ ကျေးရွာသူ၊ကျေးရွာသားများသည် ငါးဖမ်းလုပ်ငန်း၊ ငါးရောင်းချခြင်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မြစ်အတွင်းမှ ရရှိသော ငါးများကို အနီးအနားပတ်ဝန်းကျင်များသို့ရောင်းချ၍ ပိုလျှံသေားငါးများကို ‌စံပြဈေးနှင့် အေးမြသီတာဈေးများသို့ ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ မြစ်ငါးဘတ် ၂၅ ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် မြစ်ငါးဘတ် ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊  တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုသို့ မြစ်ငါးဘတ်များ ဈေးနှုန်းကျဆင်းခြင်းမှာ ပခုက္ကူမြို့မှ ငါးဘတ်များ ဝင်ရောက်လာသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊  ငါးဘတ်မွှေကြော်သည် လူသိများသော ဟင်းတစ်မည်ဖြစ်ပြီး "ငါးဘတ်ပုပ်ပုပ်၊ ငရုတ်စပ်စပ်" ဟူ၍ဆိုရိုးစကားအတိုင်း လူကြိုက်များ၍ စားသုံးမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ ငါးဘတ်အသားမှာ နုညံ့ချိုမြသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း၊  ဈေးကွက်တွင်နေ့စဉ် (၁၀-၂၀) ပိဿာချိန်ခန့်ရောင်းချရကြောင်း၊ မြစ်အတွင်းမှ သဘာဝငါးဘတ်ဈေးနှုန်းသည် မွေးမြူရေးငါးများထက် ဈေးနှုန်းပိုများကြောင်း ငါးရောင်းချ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြန်မာ့ရိုးရာအစားအစာငှက်ပျောဆိုင်းထုပ်ဈေးနှုန်း

   အညာ‌ဒေသဖြစ်သော မြင်းခြံမြို့မြို့ရှိ  အေးမြသီတာဈေးအတွင်း၌ မြန်မာ့ရိုးရာမုန့်အမျိုးမျိုး ရောင်းချလျက်ရှိရာ ငှက်ပျောဆိုင်းထုပ်မျာကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပတ်တွင် ရောင်းချနေသောငှက်ပျောဆိုင်းထုပ် (၂၅) ကျပ်သားပါတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ ‌နှစ်ထုပ်လျှင် (၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာ အစား အစာဖြစ်သောကြောင့် လူကြိုက်များ၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်း ကြောင်း၊ နေ့စဉ်ပုံမှန်အထုပ်အရေအတွက် (၁၀၀-၁၅၀)ခန့်ရောင်းချရကြောင်း၊  ငှက်ပျောဆိုင်းထုပ် ပြုလုပ်ရာ တွင် ကောက်ညှင်းဆန်ကို (၅) နာရီကြာရေစိမ်ရကြောင်း၊ ဆယ်ယူ၍ကောက်ညှင်းဆန်ကို ရေစစ်ထားရကြောင်း၊ သန့်စင်ပြီး  အပူပေးထားသော ငှက်ပျောဖက်ရွက်ပေါ်သို့ ကောက်ညှင်းဆန်တစ်ထပ်ထည့်ပါ ပြီးလျှင်ကြိတ်ချေထားသော ငှက်ပျောသီးနှင့်သကြားများ ကိုအလယ်မှာထည့်၍  ကောက်ညှင်းဆန်ဖြင့်ထပ်မံ ဖုံးအုပ်၍ ငှက်ပျောဖက်ကိုလိပ်ပြီး ကျစ်ကျစ်လစ်စွာထုပ်ပိုး၍ နှီးကြိုး ဖြင့်ချည်နှောင်ပြီး ပွက်ပွက်ဆူသော ရေနွေးအိုးထဲသို့ တစ်နာရီခန့်ထည့်ပြုပ်ရကြောင်း၊ ထို့နောက်  မွှေးကြိုင်ချိုစိမ့်နူးနှပ်သော ငှက်ပျောဆိုင်းထုပ်များရရှိကြောင်း ငှက်ပျောထုပ်ပြုလုပ်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ကံကော်ပျိုးပင်ဈေးနှုန်း

   မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်းအုပ်စု ကြက်လျှာကျေးရွာ၌ စိုက်ပျိုးရေးပျိုးပင် များရောင်းချသော အရောင်းဆိုင်တွင် သီးပင်၊ စားပင်၊ နှစ်ရှည်ပင် ပန်းအလှပင်များနှင့် အရိပ်ရပင်များဖြင့် စုံစုံလင်လင် ရောင်းချလျက်ရှိရာ ကံ့ကော်ပျိုးပင်မျာကိုလည်း ရောင်းချကြောင်း၊ ၎င်းပျိုးပင်များကို ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ရွာမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ကံ့ကော်ပျိုးပင်တစ်ပင်လျှင် (၂၀၀၀) ကျပ်၊ ကိုင်းဆက် အပင်ကြီး တစ်ပင်လျှင် (၁၀၀၀၀) ကျပ်၊ ကိုင်းဆက်(အဖူးပါ)တစ်ပင်လျှင် (၁၅၀၀၀-၂၀၀၀၀) ကျပ်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ကံ့ကော်ပင်စိုက်ပျိုးသူများ၍ ရောင်းချရကြောင်း ပျိုးပင်ရောင်းချ သူထံမှသိရှိ ရသည်။ ကံ့ကော်ပင်သည် အမြဲစိမ်းသောအပင်ကြီးမျိုးဖြစ်၍ သစ်မာပင် တစ်မျိုးဖြစ် ကြောင်း၊ ကံ့ကော်ပင်တစ်ပင်ဖြစ်ထွန်းပါက မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ ကံ့ကော်ပင် သည် စီးပွားဖြစ်အပင်မျိုးဖြစ်ပြီး အကိုင်းအခက် အရွက်အပွင့်များကို ဘုရားပန်းအဖြစ် ရောင်းချကြ ကြောင်း၊ ကံ့ကော်ပင်သည် ထင်ရှားသောတော်ဝင်ပန်းဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများအနေဖြင့် ကံ့ကော်သားပင်စည်ကိုဘုရားထုကိုးကွယ်ခြင်း၊ အကိုင်းအခက်အညွှန့်နှင့် အပွင့်များကို ဘုရားပန်းထိုးခြင်း ဘာသာရေးတွင် အသုံးပြုသောကြောင့် ကံ့ကော်ပင်ကို စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏မြစ်ငါးသလောက်

    ငါးသလောက်ငါးသည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ငါးအမျိုးအစားများ၌ ပါဝင်၍ အရသာမှာလွန်စွာ‌ကောင်းလို့ "ငါးမှာငါးသလောက်" လို့ပါ ဆိုရိုးစကားထဲ ဝင်ထားသောငါး ဖြစ် ကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော မြစ်ငါးသလောက်ငါး တစ်ပိဿာ လျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မြစ်ငါးသလောက်ငါးတစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်ခန့်ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ပင်လယ်ငါးသလောက်ငါးများဈေးကွက်၌ ထွက်ပေါ်မှု မရှိသေးသဖြင့် ဈေးနှုန်းများမြင့် တက်ခြင်းဖြစ်ကြောင်း၊ စားသုံးမှုများ၍ အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ငါးအရောင်းဆိုင် ဒိုင်များမှ သိရှိရသည်။ ဒါးကျွန်းကျေးရွာ၊ ဖိုးတုတ်ဖြူကျေးရွာ၊ လေးအိမ်တန်းကျေးရွာနှင့် အနိမ့်ကျေးရွာများသည် ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် တည်ရှိ၍ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း၊ မြစ်အတွင်းမှ ဖမ်းယူရရှိသောငါးများကို မြင်းခြံမြို့အတွင်းရှိ ငါးဒိုင်များသို့ ရောင်းချကြကြောင်း၊ ငါးဒိုင်သွင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ်ခန့် ဈေးများဖြင့် ဒိုင်မှကောက်ကြောင်း တံငါလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၅.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၆၈၉ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၆၅ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၈၉၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၉ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၁၂၃ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၉၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၆၂ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၀၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၄၇ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီ တိုင်းမှ မှ ရှယ်စ ၃၅၈၄ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၇၆၉ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၄၆ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၀၄ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၁၉၄ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

    ၅.၁၂.၂၀၂၅ ရက်နေ့တွင်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှယ်စ(၁၀၅၇၁)၊ ဆန်ကြမ်း(၈၅၉၆)၊ လက်စ(၈၉၄၁)၊ ၂၅ မတ်ဆန်(၂၇၂၀)၊ ဆန်ကွဲ(၁၈၁၆၄) ဆန်အိတ်ရေစုစုပေါင်း (၄၈၉၉၂) အိတ် ဝင်ရောက်ခဲ့ပြီး ၄.၁၂.၂၀၂၅ ရက်နေ့ထက် အနည်းငယ်ပို၍ ဝင်ရောက်ခဲ့ပြီး  ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့၏ကွမ်းရွက်ဈေးနှုန်းမြင့်တက်လာခြင်း

   ကွမ်းရွက်သည် မြန့်မာယဉ်ကျေးမှုအရ အစားအသောက်အလေ့အထများနှင့် ဆေးဖက်ဝင် ကျန်းမာရေးအတွက် အရေးပါသောအရွက်ဖြစ်ကြောင်း၊ မြင်းခြံမြို့ရှိ ကျေးရွာများတွင် ကွမ်းခြံ များစိုက်ပျိုးထားရှိကြောင်း၊ စိုက်ခင်းများမှ ထွက်ရှိသော ကွမ်းရွက်များကို ဒေသတွင်း၌ ရောင်းချလျက်ရှိပြီး ဈေးကွက်လိုအပ်ချက်အရ လိုအပ်သော ကွက်နုဝါများကို မုံရွာမြို့တို့မှ တင်သွင်း ပြီး ဒေသအတွင်း၌ရောင်းချကြကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ခန့်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ဖြင့်  ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ စိုက်ခင်းများမှ ကွမ်းရွက်အထွက်နှုန်းနည်းလာသောကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကွမ်းဒိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ() ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၈၁၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၂၆၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၅၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၆၀၀၊ အကြီးမှာ ကျပ် ၁၁၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင်  ဆိပ်ဖြူနှင့် မြင်းခြံ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်လျက်ရှိပါသည်။ မုံရွာနှင့် တောင်သာကြက်သွန်နီမှာ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံ‌‌‌ဒေသထွက်နံနံပင်ဈေးနှုန်းများကျဆင်းလာခြင်း

  မြင်းခြံမြို့နယ် အတွင်းရှိ နဘူးအိုင်ကျေးရွာ၊  ဒါးကျွန်းကျေးရွာနှင့် တလုပ်ကျေးရွာများတွင် နံနံပင်များအား စီးပွားဖြစ်စိုက်ပျိုးထားရှိသည်။ စိုက်ခင်းများမှထွက်ရှိသော ဟင်းခက်အမွှေးအကြိုင် နံနံပင်များကို တောင်သူများကိုယ်တိုင် စံပြဈေးနှင့် အေးမြသီတာဈေးများသို့ လာရောက် ရောင်းချ ကြောင်း၊  မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ နံနံပင် (၁၀) ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် နံနံပင်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ယခုကာလ၌ ဒေသတွင်း စိုက်ပျိုးထားသော  နံနံပင်များ ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ် ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစား သုံးရန်နှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး စားသုံးမှုများပြားကြောင်းနှင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း နံနံပင်ရောင်း ချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

“တွံတေးမြို့နယ်၌ Drum Seeder စိုက်ပျိုးထားသောမိုးစပါးများ စတင်ရိတ်သိမ်းခြွေလှေ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားစိုက်ဧက (၈၁၃၆၂)ဧကအား ဖြစ်ထွန်းအောင်မြင်စွာဖြင့် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး Drum Seeder ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ယခုအချိန်တွင် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများ စပါးရိတ်စက်ကြီးများနှင့် စတင်ရိတ်သိမ်းခြွေလှေနေပြီးဖြစ်ကြောင်း သိရသည်။

          တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှံစပါး စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်း စားရေးရိက္ခာ ဖူလုံစေရန်နှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံတောင်သူများ တစ်မြို့နယ်လုံးအတိုင်းအတာ မိုးစပါးသီးနှံစိုက်ဧက (၈၁၃၆၂) ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ကြောင်း  ဒေသခံတောင်သူများ အဓိကထားစိုက်ပျိုးသည့် သီးနှံများမှာ ဧည့်မထ(အထွက်ကောင်းမျိုး)နှင့် အခြားစပါး (အထွက်ကောင်းမျိုး) စပါးများကို အဓိက ထားစိုက်ပျိုးကြပြီး ယခုအချိန်တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသော လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေလျက်ရှိပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၇၇.၅၀)တင်းထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း