Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,060 ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ  ၂၆ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,060 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။     

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

သာစည်မြို့နယ်ရှိ ဝါဈေးနှုန်း ဈေးကွက်

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်ရှိ ဝါဈေးနှုန်းအနေဖြင့် ဝါပေါက်တစ်ပိဿာလျင် (၅၀၀၀-၅၂၀၀) ကျပ်၊ ဝါဂွမ်း တစ်ပိသာလျင် (၁၁၅၀၀-၁၂၀၀၀) ကျပ်၊ဝါစေ့တစ်ပိဿာလျင် (၂၁၀၀-၂၁၅၀) ကျပ်နှုန်းဖြင့် ဈေး အနည်းငယ်မြှင့်တက်လာပြီး ဝါစေ့ဆီမှာ (၉၃၀၀-၉၅၀၀)ကျပ်ဖြင့် ဈေးနှုန်းကျလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျေးရွာရှိ ပွဲစားများ၊ မြို့ပေါ်ရှိ ဝါကြိတ်စက်များတွင် ရောင်းချကြကြောင်း၊ ဝါလက်ကားကုန်သည် ဦးသော်သော်မှာ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်စက်ရုံသို့ တင်ဒါစနစ်ဖြင့် တင်သွင်းရောင်းချကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာပေါက်ချောင်းဈေးတွင် ထောပတ်သီးဈေးနှုန်းအနည်းငယ်ကျဆင်း

   မိတ္ထီလာမြို့ပေါ်ရှိ ပေါက်ချောင်းဈေးထဲတွင် ထောပတ်သီးများကို စက်တင်ဘာလအစမှ စတင်ရောင်းချခဲ့ရာ ယခုဒီဇင်ဘာလတွင် ထောပတ်သီးအဝင်များပြားလာသဖြင့် ထောပတ်သီးဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်းသိရသည်။ ထောပတ်သီးများကို ပြင်ဦးလွင်၊ တောင်ကြီး၊ ကလောဘက်များမှ အများဆုံးဝင်ကြောင်းသိရသည်။ ယခင် နိုဝင်ဘာလတွင် ထောပတ်သီးများကို အကြီးတစ်လုံးလျှင် ၉၀၀ကျပ် ၈၀၀ကျပ် အသေးတစ်လုံးလျှင် ၆၀၀ကျပ် ၅၀၀ကျပ် အသီးသီး ရောင်းချခဲ့ကြပြီး ယခု ဒီဇင်ဘာလတွင် ထောပတ်သီး အဝင်များလာသောကြောင့် အလုံးကြီး တစ်လုံးလျှင် ၅၀၀ ကျပ်၊ ၄၀၀ ကျပ် အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ဟူ၍ ထောပတ်သီးဈေး အနည်းငယ်ကျဆင်း ကြောင်း ရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးထဲရှိအရောင်းသွက်သောကိုက်လံရွက်

   မိတ္ထီလာမြို့ဈေးကြီးအတွင်းရှိ ကုန်ဈေးရောင်းချသူများထံတွင် ရှမ်းပြည်ဘက်မှတင်သွင်းသော ကိုက်လံရွက်များ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ ကိုက်လံရွက် အရသာသည် အချိုနှင့် အခါးဟူ၍ (၂)မျိုးရှိပြီး အချိုကိုပို၍စားသုံးသူများပြားကြပေသည်။ ကိုက်လံရွက်ကို အသားများနှင့်သော် လည်းကောင်း ၊ ရေနွေးဖျော၍ ငါးပိချက်၊ ငါးပိရည် တို့နှင့်သော်လည်းကောင်း၊ ရေနွေးဖျော၍ ဆီချက်တို့နှင့် သုပ်၍လည်းကောင်းအမျိုးမျိုးချက်ပြုတ်စားသုံးကြသည်။ ယခု၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန် မှစ၍ ဒီဇင်ဘာလ ပထမပတ်တွင် ကိုက်လန်ရွက်အထုံးသေးတစ်စီးလျှင် (၁၅၀၀)ကျပ်၊ ကိုက်လန်ရွက် အထုံးကြီးတစ်စီးလျှင် (၄၅၀၀)ကျပ် စသဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

အခြေခံစားကုန်ဈေးနှုန်း

     ယခုဒီဇင်ဘာလ ပထမပတ်၌ မိတ္ထီလာမြို့မဈေးကြီးထဲမှ အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းတစ်ပြည်လျှင်(၆၂၅၀)ကျပ်၊ ဧည့်မထ တစ်ပြည်လျှင် (၃၃၅၀)ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တပိဿာလျှင်(၇၂၄၀)ကျပ်၊ ကြက်သွန်နီ တပိဿာလျှင် (၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုပ်ပု တစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင် (၄၀၀၀၀)ကျပ် ငါးကြင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၅၆၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ငါးတံခွန် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဟူ၍ အသီးသီးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်လျှင် ကြက်သား(CP)ဈေးမှာ အနည်းငယ်ကျဆင်းလျက်ရှိသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

  မိတ္ထီလာမြို့၊ ဒီဇင်ဘာလပထမပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့များမှ ဝင်ရာက်၍ မိတ္ထီလာမြို့မဈေးကြီး၊ ဖြိုးဝေဈေးတန်း၊ ၈နာရီဈေးနှင့် ပေါက်ချောင်းဈေးတို့တွင်ရောင်းချ ကြပါသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဖြင့်ရောင်း ချလျက်ရှိပြီး နိုဝင်ဘာလစတုတ္ထပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချ ခဲ့ရာဈေးနှုန်းယှဉ်ပါက ယခုတစ်ပတ်တွင်(၁၀၀၀)ကျပ်မြင့်တက်လာကြောင်းသိရသည်။

DOCA(မန္တလေး)

ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

            ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၃၇၆၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀)တင်း၊ တန်အားဖြင့် (၃၁)တန်၊ နှမ်းနက် တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၈၀၀)တင်း၊တန်အားဖြင့် (၄၄)တန်၊ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၀၀)၊တန်အားဖြင့် (၇)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းဥစိုက်ပျိုးခြင်းအကြောင်းသိကောင်းစရာ

      ကန်စွန်းဥ စိုက်ပျိုးရာ ဒေသမှာ အမေရိကတိုက်၏ အရှေ့ပိုင်းဒေသသည် မူရင်းဒေသဖြစ်သည်။ ကန်ဇွန်းဥကိုမြန်မာပြည်၌ဒေသအနှံအပြားတွင်စိုက်ပျိုးသည်။ကန်စွန်းဥမျိုးပေါင်းမြောက်များစွာရှိသည်။ အသားမာမျိုးနှင့် အသားပျော့ မျိုးနှင့်ဟူ၍ ခွဲခြားနိုင်သည်။ အချို့အပင်ပေါက်ပုံအလေ့အထ မူတည်၍ ခွဲကြသည်။အလွယ်ဆုံးမှာ ကန်စွန်းဥ၏ အရောင်ပေါ် မူတည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။သဲမြေ၊ သဲနှုန်းမြေ၊တို့တွင် ကန်းစွန်းဥကို ကောင်းစွာစိုက်ပျိုးနိုင်သည်။ သို့သော် အောက်ခံမြေသည် နုန်းစနယ်ဖြစ်ရန်လိုသည်။မြေသည်ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို ခံနိုင်ကြချေ။အလွန်စေးသော မြေတွင်ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍာမမှန်တော့ပေ မြေ၏အသင့်တော်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်သည်ကန်စွန်းဥသည်အသင့်ချဥ်သောမြေတွင်စိုက်ပျိုး၍ရသည်။အနဉ်းဆုံးပူနွေးသောရာသီ(၄)လရှိရန်လိုအပ်သည်။မိုးအသင့်အတင့်ရွာသောဒေသဖြစ်ရမည့်အပြင် အလင်းရောင် ကောင်းစွာရရှိရမည်။ ကန်စွန်းဥ စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ရသည်။သင့်လျော်မည့်အရှည်ကို ပျိုဘောင်ပြုလုပ်ပေးရသည်။ အလွန်ဖွယ်သောမြေသဲဆန်သောမြေတွင် ပြုလုပ်ပါသည်။ အပင်များမြေပေါ်သို့က်လာသောအခါအပင်ခြေတွင်မြေဖို့ပေးရပါသည်။ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည်အရင်းပိုင်းတွင် ၃/၄လက်မအထိ အမြစ်များထွက်လာပါသည်။ပျိုးပင်များရှည်လာ၍ မိမိလိုအပ်သော ကိုင်အရေအတွက် ရနိုင်လောက်မည့်အရွယ်တွင်စိုက်ခင်းကိုရွေ့ပြောင်းစိုက်ပျိုးနိုင်သည်။နွားချေးများထည့်စိုက်ပျိုးရပါသည်။မြေဆွေးများထည့်၍လည်းစိုက်ပျိုးရပါသည်။တစ်တန်းနှင့်တစ်တန်း တစ်ပေခြား၍ စိုက်ပျိုးရသည်။ ကန်စွန်းဥကို မေလ/ဇွန်လ အတွင်း စတင်စိုက်ပျိုးရသည်။ စိုက်ပြီး အစောပိုင်း ကာလတွင် ပေါင်းမြတ်ကိုရှင်းရသည်။ အပင်များ တစ်ပင်နှင့်တစ်ပင် ရောယှက်၍ မြေကိုဖုံးသွားပါက ပေါင်းလိုက်ရန် အလိုတော့ခြေ ။ စိုက်ပြီးနှစ်လ ခွဲအကြာ တွင်အပင်ခြေရင်း၌မြေတင်ပေးရသည်။ကန်စွန်းဥသည် မိုးတွင်းစိုက်ပျိုးသောသီးနှံဖြစ်၍ရေသွင်းရန်မလိုအပ်ပေ။ ဆောင်းနှင့်နွေရာသီ စိုက်လျှင် (၄)ရက် နှင့်(၉)ရက်အကြားတွင် ရေသွင်းပေးရသည်။

    ကန်စွန်းဥဈေးကောင်းကို မရင့်မှီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။တစ်ဧကလျှင် တစ်ပိသာချိန်(၃၀၀၀မှ၅၀၀၀)ကျော်ထိ ထွက်ရှိသည်။တစ်ပိသာကို ၇၀၀၀ကျပ်ဖြစ်ပါသည်။

(Doca ဧရာဝတီ)

မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်း/ဈေးကွက်

     မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ဒီဇင်ဘာလပထမပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းအနေဖြင့် ကြက်ဥအလုံးအသေးတစ်လုံးလျှင် (၃၈၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၄၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥအသေးတစ်လုံးလျှင်(၆၀၀)ကျပ်၊ အကြီး တစ်လုံးလျှင်(၆၅၀)ကျပ်ဖြင့်လည်းကောင်း အသီးသီးရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်းဈေးကွက်မှသိရပါသည်။ မိတ္ထီလာ ဈေးကွက်သို့ ကြက်ဥ၊ ဘဲဥများမှာ တောင်ကြီး၊ ပဲခူးတို့မှ ဝင်ရောက်ကြောင်းသိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့၊ ထောပတ်ပဲနှင့်ပဲလိပ်ပြာဈေးနှုန်းဈေးကွက်

   မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ထောပတ်ပဲနှင့်ပဲလိပ်ပြာ ဈေးကွက်တွင် ဒီဇင်ဘာလပထမပတ်၌ ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ နိုဝင်ဘာလပထမပတ်တွင် ထောပတ်ပဲကို နို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀-၁၃၀၀)ကျပ်၊ ပဲလိပ်ပြာနို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀)ကျပ်ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ ထောပတ်ပဲနှင့် ပဲလိပ်ပြာများကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ဘက်မှ အများဆုံးဝင်ရောက် ကြောင်းဈေးကွက်မှသိရသည်။ ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ပဲဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လာကြောင်း ပြည်သာယာဈေးရှိကုန်စိမ်းသည် များထံမှသိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း