Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကုန်စိမ်းစျေးရှိပန်းဂေါ်ဖီထုပ်

          ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ပိန်းပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

    ပိန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ပိန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ပိန်းပင်များ ပေါများစွာပေါက် ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ပိန်းပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။ ပိန်းပင်သည် ရိုးတံရှည်ရှည် အရွက်ဖားဖားအပင် ငယ်မျိုးဖြစ်ပြီး အရွက်နုနုလေးများကို စားသုံးနိုင်ကြောင်း၊ ယခုအခါ ပိန်းပေါင်းပြုလုပ်ရာတွင် ပိန်းရွက်နုနုလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ ဆား၊ဆီ၊ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့် ထုပ်ကာပေါင်းပြီးပိန်းပေါင်း အဖြစ်ရရှိလာကြောင်း၊ ရရှိလာသော ပိန်းပေါင်းများကို ကန့်ဘလူမြို့မ ဈေးသို့လာရောက်ရောင်းချကြောင်း၊ ပိန်းပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ်လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ပိန်းပေါင်း သည်၏ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ တတိယပတ်အတွင်း တစ်ရက်လျှင် ပိန်းပေါင်း ထုပ်(၃၀မှ၄၀)ခန့်အထိရရှိပြီး ပိန်းပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမ စိုက်ရဘဲထိုက်သင့်သည့် မိသားစုဝင်ငွေရရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

   ၂၀၂၅ခုနှစ်၊စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ပြောပြချက်အရ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၅၀၀) ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်းအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံ သီး()ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ် ()စိတ်လျှင်(၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး() ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မန္တလေးကုန်စိမ်းစျေးရှိပန်းဂေါ်ဖီပွင့်ဖြူ

         ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီပွင့်ဖြူများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ပွင့်ဖြူ ၁ ခုလျှင် အပွင့်(ကြီး) ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၂၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် သစ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချလျက်ရှိကြောင်း သိရသည်။  

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင် (၅၀)ကျပ်၊ ()လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး()လုံး လျှင်(၅၀)ကျပ်၊()လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူ ဒေသထွက် သင်္ဘောသီးအစိမ်း/အမှည့်ဈေးနှုန်း

    သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအ စိမ်း()ပိဿာလျှင်(၁၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျို စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သင်္ဘော သီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့်  အထောင်းစုံရောင်းသည့် ဆိုင်များမှဝယ်ယူကြသဖြင့် သင်္ဘောသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကြံခင်းမြို့နယ်၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

    ကြက်သွန်နီသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်စားသုံးကြသော မီးဖိုချောင်သုံး အခြေခံ စားသောက်ကုန်တစ်မျိုးဖြစ်ပြီး၊ မြန်မာလူမျိုးအများစုအနေဖြင့် ဟင်းအနှစ်လုပ်ခြင်း၊ အသုပ်မျိုးစုံ အတွက် ဆီချက်ချက်ခြင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ် စားသုံးခြင်းဖြင့် အသုံး များ ကြောင်းသိရှိရပါသည်။

          စားသုံးသူများ နေ့စဉ် ဝယ်ယူအသုံးပြုနေသော ကြက်သွန်နီများကို ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့မှတဆင့် ကြံခင်းမြို့နယ်ရှိလက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ကြံခင်းမြို့နယ်လက် လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ကြံခင်းမြို့မဈေးတွင် ကြက်သွန်နီ အလတ်စလက်လီဈေး တစ်ပိဿာလျှင် ၁၈၀၀/- ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ အကြီး တစ်ပိဿာလျှင် ၂၂၀၀/-ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကြက်သွန်နီအသစ်များ ဝင်ရောက်ခြင်းကြောင့် ဈေးနှုန်းကျ ဆင်းလျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်၊ ကုန်စုံအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရာသီစာ မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေး တွင်လာရောက်ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၂၂၀၀) ကျပ်၊ မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၃၀၀)ကျပ်နှင့် မန်ကျည်းရွက်နု(၁)ပုံလျှင် (၃၀၀)ကျပ်နှင့် မန် ကျည်းရွက်နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်း နှင့်မန်ကျည်းရွက်နုများအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင် လည်းအသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိုးရာသီဂေါ်ရခါးညွှန့်ဟင်းရွက်စျေးနှုန်း

           မန္တလေးစျေးကွက်သို့ မိုးရာသီချိန်ဖြစ်၍ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မှ ဂေါ်ရခါးညွှန့်ဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဂေါ်ရခါးညွှန့်ဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၅၀၀ကျပ် နှင့် ၇၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း