Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဖက်ဖယ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

     ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဖက်ဖယ်ရွက် များကို စိုက်ပျိုးကြကြောင်း၊ ဖက်ဖယ်ရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၂၅၀)ကျပ်၊ ဖက်ဖယ်ရွက် (၃)စည်းလျှင်(၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ဖက်ဖယ်ရွက်များကို  အိမ်ရှင်မများဟင်းချက်ရာ တွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အကင်ဆိုင်များမှ အနံအရသာအတွက် မပါမဖြစ်ဝယ်ယူ အသုံးပြုကြသဖြင့် ဖက်ဖယ်ရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချ သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကွမ်းရွက်ဈေးနှုန်း အနည်းငယ်ကျဆင်းလာ

   ဧရာဝတီတိုင်းဒေသကြီး၌ ကွမ်းရွက်ပင်ကို မြို့တိုင်းနီးပါး စိုက်ပျိုးကြပြီး ဟင်္သာတခရိုင်တွင် (၁၇၈၀)ဧက စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ဟင်္သာတခရိုင်အနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ် ငန်းများကိုသာ အဓိကစိုက်ပျိုးကြပြီး၊ ဥယျာဉ်ခြံမြေလုပ်ငန်းများကိုလည်း မိသားစုဝင်ငွေရရှိသည့် အတွက် တစ်နိုင်တစ်ပိုင်   စိုက်ပျိုးကြပါသည်။ ဒေသတွင်း ကွမ်းစားသုံးမှု မြင့်တက်လျက်ရှိခြင်းကြောင့် တောင်သူများသည် မိမိတို့ ဥယျာဉ်ခြံမြေများတွင် ကွမ်းရွက်ကို အလေးထား စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ် ကွမ်းရွက်စခူးချိန် ဝါခေါင်လဆန်းတွင် ကွမ်းရွက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းချရပြီး တော်သလင်း နှောင်းပိုင်းကာလတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရှိရ ပါသည်။ ကွမ်းရွက်ကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်သီရီမင်္ဂလာဈေးရှိ ကွမ်းဒိုင်များသို့ နေ့ချင်း အရောက်တင်ပို့၍ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဖူးစားပြောင်းဈေးနှုန်း

   ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူ ဒေသတွင်းမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုး အစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာ အဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်ကြသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက် အရပြောင်းဖူးအစိမ်းအကြီး (၁)ဖူးလျှင် (၄၀၀)ကျပ်၊ အသေး(၁)ဖူးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာ ဩဇာသီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိ

     ဩဇာသီးသည် တစ်နှစ်ပတ်လုံးသီးသော်လည်း မိုးရာသီအကုန် စက်တင်ဘာလမှစပေါ်ပြီး ဆောင်းရာသီ အစဖြစ်သော အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း အများဆုံးထွက်ရှိပါသည်။ ဟင်္သာတခရိုင်တွင်း ဩဇာသီး စိုက်ပျိုးမှု နည်းပါးလျက်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ အိမ်ခြံဝန်း အတွင်း စိုက်ပျိုးခြင်းနှင့် ခြံကာစိုက်ပျိုးခြင်းဖြင့်သာ စိုက်ပျိုးလျက်ရှိပါသည်။  ဒေသတွင်း ထွက်ရှိသော ဩဇာသီးများအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းစသော မြို့ကြီးများ၊ ပြည်မြို့များမှ တစ်ဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက်တင်ဘာလ (တတိယအပတ်)တွင် ရောင်းချလျက် ရှိသော ဩဇာသီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၁၀၀၀ ကျပ်မှ ၁၂၀၀)ကျပ်အထိ၊ ဩဇာသီးအလတ် တစ်လုံးလျှင် ၇၀၀ ကျပ်နှုန်း၊ အလုံးသေးတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် ပေါ်ဦးပေါ်စ ရာသီစာသီးနှံအဖြစ် သီးနှံအရောင်းဆိုင်များတွင် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စွယ်တော်ပန်းပျိုးပင်ဈေးကွက်

           ပန်းကလေးတွေက လူတွေရဲစိတ်ကိုပျော်ရွှင်စေသည်၊ ကြည်လင်စေသည်၊ စိတ်ခွန်အားကိုတွေပေးသည်။ ပျော်ရွှင်ခြင်း၊ ကြည်လင်းခြင်း၊ စိတ်ခွန်အားတွေကိုပေးသော ပန်းကလေးများကို လူတိုင်းချစ်မြတ်နိုးကြသည်။ စွယ်တော်ပန်းကလေးများသည် ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ပွင့်လန်းကြသည်။ ရနံ့သင်းသင်လေးနှင့် အစုလိုက်အခိုင်လိုက် ပွင့်သောပန်းပင်ဖြစ်သည်။ စွယ်တော်ပင်သည် ပန်းပွင့်သောအရိပ်ရပင်ဖြစ်၍ စိုက်ပျိုးမှုများပြားသည်။ စွယ်တော်ပန်းကလေး၏ အဓိပ္ပာယ်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါသည်။ စွယ်တော်ပန်းပွင့်ကလေးများကို မြင်ရသူတိုင်း ရင်သတ်ရှုမောငေးကြည့်မိကြမည်ထင်ပါသည်။ အဖြူရောင်စွယ်တော်ပင်၏ အရွက်နုနုကလေးများကို ခူးယူ၍သုတ်စားဟင်းချိုချက်စား၍ ရပါသည်။ နှလုံးအားကောင်းပြီး ခန္ဓာကိုယ်အပူအပုတ်ကိုကြေစေကြောင်း သိရှိရသည်။အပူဒဏ် အအေးဒဏ်ခံနိုင်ရည်ရှိပြီး နေရာဒေသမရွှေးစိုက်ပျိုးရှင်သန်ဖြစ်ထွန်းပါသည်။ လမ်းဘေးဝဲယာ၊ ဘုရားကျောင်းကန်၊ အိမ်ခြံဝင်များတွင် အလှစိုက်ပျိုးမှုများပြားပြီး ရောင်းအားကောင်းသော ပန်းပျိုးပင်ဖြစ်သည်။ ပန်းပျိုးပင် တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တည်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် တည်သီးများကို စတင်ရောင်းချနေကြောင်း သိရသည်။ တည်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

    တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော တည်သီးဈေးနှုန်းမှာ တည်သီး(၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် တည်သီး (၄)လုံးလျှင်(၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဇီးဖြူသီးနှင့် ဇီးဖြူသီးခြောက်ဈေးနှုန်း

    ဇီးဖြူသီးသည် မြန်မာနိုင်ငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

    ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး(၁)ဘူး လျှင်(၃၀၀)ကျပ်၊ (၁)ပြည်လျှင်(၂၂၀၀)ကျပ်၊ ဇီးဖြူသီးအခြောက်(၁)ဘူးလျှင် (၁၀၀၀)ကျပ်၊ (၁)ပြည် လျှင်(၇၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လေးမျက်နှာမြို့နယ်တွင် ကောက်စောစပါး စတင်ရိတ်သိမ်း

   ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၅  မိုးစပါးကို လေးမျက်နှာ မြို့နယ်တွင် ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း   စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ ကောက်စောမိုးစပါး ရိတ်သိမ်းသော လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ ဂျို့ကုန်းကျေးရွာမှ  တောင်သူ ဦးရန်နိုင်စိုး၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသော  လယ်(၄.၀၀)ဧကသို့  ကွင်းဆင်း လေ့လာ ခဲ့ပါသည်။ တစ်ဧက လျှင် ပျမ်းမျှ အစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး  (၅၄)ပေါင် ( ၈၀ တင်း မှ ၉၀ တင်း)ထိ ပျှမ်းမျှ ထွက်ရှိကြောင်းသိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၄)ပေါင် တင်း(၁၀၀)လျှင် (၈၅၀၀၀၀/-ကျပ်မှ ၉၅၀၀၀၀ ကျပ်) ဖြင့် ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း၊ ယခင်နှစ် စပါးအထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းကောင်းသော်လည်း စပါးဝယ်ယူမှုဈေးနှုန်း ကျဆင်းနေကြောင်း တောင်သူ ဦးရန်နိုင်စိုးမှ ပြောကြားကြောင်း သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ကုလားပဲချောင်းနှင့်စလေဘီဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည် တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ကုလားပဲချောင်းနှင့် စလေဘီများကိုလည်း ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ကုလားပဲချောင်းနှင့် စလေဘီဈေးနှုန်းများမှာ စလေဘီ() ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် စလေဘီ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ကုလားပဲ ချောင်း()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀) ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲချောင်းနှင့် စလေဘီများကိုသရေစာအဖြစ် စားသုံးရန် အတွက်လည်းကောင်း၊လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်း အဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့ရှိ ငါးဖယ်ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ် ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် ငါးဖယ် ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း