Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူများ ဝင်ငွေရရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံးအနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

         ကောက်ရိုးမှိုစိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင်  ဈေးကွက်ဝင်မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို(၁)ပိဿာလျှင် လက်လီဈေး(၁၀၂၀၀)ကျပ်၊ လက်ကားဈေး (၁၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ နှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း ကောက်ရိုးမှို(၁)ပိဿာ လျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒီဇင်ဘာလ ဘိုစားပဲဈေးနှုန်း

    မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့သည် ကုန်စိမ်း ၊ ကုန်ခြောက်၊ ဟင်းသီး ဟင်းရွက်မျိုးစုံ၊ ဆန်ဆီ၊ ပဲအမျိုးမျိုး စသည်တို့ စုံလင်စွာ ရောင်းချသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများလည်း ဖွံ့ဖြိုးသော မြို့လည်းဖြစ်ပါကြောင်း သိရသည်။ မြို့မစည်ပင်သာယာဈေး၊ စံပြဈေး၊ အေးမြသီတာ ဈေးတွင် ရောင်းချသောအသီးအနှံများသည် ဒေသတွင်း ထွက်ရှိသော စားဖိုဆောင် သီးနှံများအပြင် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ မိတ္ထီလာမြို့၊ ပုပ္ပားမြို့၊ ပခုက္ကူမြို့များမှလည်း ဝင်ရောက်ကြောင်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်တွင် အေးမြသီတာဈေးတွင် ရောင်းချနေသော ဘိုစားပဲသီး(ခေါ်) ပဲစိတ်တို ဈေးနှုန်းမှာ (၂၅) ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ဘိုစားပဲသီးကို ပြင်ဦးလွင်မြို့၊ ဟိုပုံးမြို့နှင့် အောင်ပန်းမြို့များမှ ဝယ်ယူရောင်းချရပါကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် ဝါသီးနှံများ စတင်ခူးဆွတ်

 မြင်းခြံမြို့နယ်သည် ဝါစိုက်ဧက (၈၉၀၈) ဧကရှိရာ ယခုဒီဇင်ဘာလကုန်တွင် (၃၉၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်း(၅၃၅.၃၂)ပိဿာထွက်ရှိပြီး အထွက်ပေါင်း ( ၁၆၇၃၆၉)ပိဿာ ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဝါကြီးမျိုး၊ မလှိုင်ဝါ နှင့် ခ.မ.ရ ဝါ မျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ မြင်းခြံမြို့၊ စက်မှုဇုန်ရှိ သိန်းရာဇာ စက်ရုံသို့ ဝါများ အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း၊ ပေါ်စချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အချိန် (၅၀၀/၁၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ဝါစေ့ တစ်ပိဿာ လျှင် (၁၄၀၀)ကျပ် ဖြင့် ဈေးနှုန်းရှိကြောင်း သိရသည်။ ဝယ်ယူသောဝါများကို အခြောက်လှန်းခြင်းပြုလုပ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကြိတ်ခွဲခြင်း မရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ မြင်းခြံမြို၏ ချဉ်ပေါင်သီးဈေးနှုန်း

   မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံဖြစ်သော ချဉ်ပေါင်သီးနှံကိုလည်း ယာခင်းများတွင် သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြခြင်း၊ သီးသန့်ပက်ကြဲစနစ်ဖြင့် လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။ ချဉ်ပေါင်သီးကို ငရုတ်သီးဖြင့်ထောင်းစား၍ လည်းကောင်း၊ ချဉ်ပေါင်ဟင်း ချက်စား၍လည်းကောင်း၊ အမဲသားနှင့် ငပိချက် ချက်စား၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်း အဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမ ပတ်တွင် ချဉ်ပေါင်သီးများ ခူးဆွတ်ရာသီဖြစ်ပါသဖြင့် ဈေးနှုန်းမှာ (၁၀)ကျပ်သား လျှင်  (၁၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေး ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက် သွန်နီအလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူဗမာသေး(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ အကြီး(၁)ပိဿာ လျှင်(၉၅၀၀)ကျပ်နှင့် ရှမ်းဖြူ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ လျှင်(၃၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒီဇင်ဘာလ မြင်းခြံမြို၏ ဂျူးမြစ်ဈေးနှုန်း

မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေး၊ စံပြဈေးတို့ရှိ ကုန်စိမ်းရောင်း ဝယ်မှုများသည် ဒေသထွက်သီးနှံများ ပေါ်ထွက်မှုမရှိလျှင် မန္တ‌လေးမြို့၊ ပြင်ဦးလွင်၊ အောင်ပန်း မြို့များမှ ဝယ်ယူရောင်းချကြောင်း သိရသညိ။ ဂျူးမြစ်ကို အချဉ်ရည်ဟင်း/ သီးစုံချည်ရည် များတွင်ထည့်၍ လည်းကောင်း၊ ငရုတ်သီးစိမ်းဖြင့် အစိမ်းထောင်း၍လည်းကောင်း၊ ကြက်သွန်ဖြူနှင့် ကြော်၍လည်းကောင်း၊ အချည်တယ်၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမပတ်တွင် ဂျူးမြစ် ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင်  (၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဈေး ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ် ဘိလပ်မြေ ဈေးနှုန်း တည်ငြိမ်လျက်ရှိ

     မအူပင် မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်း ရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန်လက်ကားဒိုင်ကြီးများ၊ ကုမ္ပဏီများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဈေးအနေဖြင့်  ဘိလပ်မြေ အယ်လဖာ ၁အိတ် ၂၁၀၀၀ ကျပ်၊ ကြံနီ ၁အိတ် ၂၁၀၀၀၊ စက်အုတ်(ကျွန်းကုန်း)  ၁ခဲ ၃၅၀ကျပ်၊ မြစ်သဲ ၁ကျင်းလျှင် ၁၂၀၀၀(ဝန်ဆောင်ခမပါ)၊ ကျောက်စရစ် ၁ကျင်း ၁၇၀၀၀၀ ကျပ်၊  ၆မူးလုံး သံချောင်း ၁တန် ၁၆၁၀၀၀၀ ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၁၄၀၀၀၀၀ကျပ်၊ Local များဖြစ်ပြီး၊ ၃မူးလုံး ၁တန်  ၁၃၆၀၀၀၀ ကျပ်၊ ၃ပဲ သံချောင်း တစ်တန် ၃၀၀၀၀၀၀ကျပ် အရောင်းအဝယ်ဖြစ်နေပြီး၊ ယခင် ဩဂုတ်လ ဈေးဖြင့် နှိုင်းယှဉ်ပါက သံချောင်းဈေးနှုန်းများ   ၁တန် ၄သိန်းနီးပါ’ခန့် ကျဆင်း၊ကြောင်းတွေ့ရပြီး အခြားကုန်ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ထွက်ဆန်နှင့် ဆန်ကွဲများ နိုဝင်ဘာလ ရန်ကုန်တင်ပို့မှု အခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

    ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

     ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၂၅၀၅၄၅ အိတ်၊ တန်အားဖြင့် ၁၂၅၂၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၉၉၄၅၄ အိတ်၊ တန်အားဖြင့် ၄၉၇၂ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ယခင်လထက် ဆန်အိတ် ၁၃၂၀၄၅ အိတ်၊  ဆန်ကွဲ ၅၈၄၃၄ အိတ် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း ဆန်စက်နှင့် သိုလှောင်ရုံများမှ နေ့စဉ်စီးထွက် ကုန်ရပြေစာဖြင့် ထွက်ရှိမှု စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံသီး၊ ဘူးသီးနှင့် ဘူးညွှန့်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖရုံပင်များ၊ ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း၊ ဘူးပင်သည် ဘူးသီးသာမက ဘူးညွှန့်ကိုပါ ရောင်းချရကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် (၁)စိတ်လျှင်(၁၀၀၀)ကျပ်၊ ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့် (၁)စီးလျှင် (၅၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ နိုဝင်ဘာလ ရန်ကုန် တင်ပို့နှိုင်မှုနှင့် အခြားမြို့နယ် စီးထွက်မှု အခြေအနေ

     မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်(၁၉)စက်မှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထား နေ့စဉ် တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် အတွင်း နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှု ၆၉၂၈ အိတ်နှင့် တန်အားဖြင့် ၃၄၆ ၊  ဆန်ကွဲအနေဖြင့် ၅၄၆၅ အိတ်၊ တန်အားဖြင့် ၂၇၃ တန်၊ ယခင်လ တင်ပို့မှုမှာ ဆန်အိတ် ၁၄၇၇၅ အိတ်၊ ဆန်ကွဲ အိတ် ၇၄၈၉ အိတ်  နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၇၈၄၇ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၂၀၂၄ အိတ် လျော့နည်း တင်ပို့ကြောင်း တွေ့ရှိရသည်။ 

   ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ နေ့စ ဉ် စီးထွက်လျက်ရှိကြောင်း သိရှိရပါသည်။

     အခြားမြို့နယ်တင်ပို့မှု အနေဖြင့် နိုဝင်ဘာလ ဆန် ၂၄၉၄၇၃ အိတ်၊ ဆန်ကွဲ ၁၂၄၁၁၄ အိတ် နှင့် ယခင်လက ဆန် ၁၆၆၇၅၀ အိတ်၊ ဆန်ကွဲ ၅၃၂၄၀ အိတ် တင်ပို့ခဲ့ပြီး  ယခုလ ၈၂၇၂၃ အိတ်၊ ဆန်ကွဲ ၇၀၈၇၄ အိတ် ဆန်ကွဲများ ပိုမို တင်ပို့ ကြောင်းတွေ့ရှိရသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း