Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပျိုးမှိုများစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလျက်ရှိ”

  ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှို နှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူ များကြိုက်နှစ်သက်ကြောင်း ၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေး များ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သော ရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှု အနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၈၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊စိုက်ပျိုးပြီး(၁၅-၂၀)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ်အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင်ရေခဏခဏလောင်းပေးရကြောင်း ၊ မှိုသက်တမ်း (၁)လအတွင်း (၁၀-၁၅)ပိဿာခန့်အထိ ထွက်ရှိကြောင်း ၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျ ကြောင်း ၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် လက်လီ(၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးကြောင်း ၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး (၂) ကြိမ် ခူးဆွတ်‌ရောင်းချပါက စိုက်ပျိုးစရိတ် နှုတ်ပြီး (၁၂၉၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ၊ ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊  ပျိုးမှိုကို ချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက် ၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း ၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ်သက်သာပြီး စီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

    မြေထောက်ပဲစျေးအနည်းငယ်ကျဆင်း

          မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ၂၂၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၀၇၄ကျပ်နှင့် ၅၀၉၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၂၉၆ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ 

DOCA(မန္တလေး)

                                                                                             

                                                                                        

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါ သည်။

     နိုဝင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ၊  ကဗ္ဗလာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီး လူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

   နိုဝင်ဘာလပထမပတ်ရှိမန္တလေးပဲနီပြားစျေး

         ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် တွင်ပဲနီပြားသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ် အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်နှင့် ၅၃၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား (ကျွန်း) ၉၀၅၀ ကျပ် နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး)၇၆၀၂ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူစျေးမှာတစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၄၁၂ကျပ်နှင့်၉၇၇၄ကျပ်၊ပဲနီပြား(တံတားဦး) ၈၃၂၆ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါက ပဲနီပြားမှာ စျေးအနည်းငယ် လျော့ကျသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“သံပုရာစိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

  ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာ ကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံး စိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကိုင်းဆက်ပျိုးပင် တစ်ပင်လျှင် (၂၀၀၀) ကျပ်ဖြင့် ဝယ်ယူရပြီး မျိုးသွင်းအားစု လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀) ကျပ် ခန့်ရှိကြောင်း၊ အပင်လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့် အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာတွင် အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီးအထွက် နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက် ကြောင်း၊ တစ်ဧကအထွက် သံပုရာသီးအလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာ သံပုရာမျိုး နှင့်သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ဗမာသံပုရာသီးဈေးနှုန်း အနေဖြင့် ဗမာသံပုရာသီးအလုံး (၁၀၀)တွင် (၂၃၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၃၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၁၂၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၁၅၀)ကျပ် ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ဗမာသံပုရာသီးနှင့် သံပုယိုတွင် ဗမာသံပုရာက ဈေးကောင်း ပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ သံပုရာခြံထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ သံပုရာပင်သည် တစ်နှစ်ပတ်လုံးအသီးထွက်ကြောင်း အချိန်ကာလပေါ်မူတည်ပြီးအထွက်နှုန်း၊ အနည်းအများရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် ခန့်မှန်းသံပုရာသီး(၂၀၀၀၀)ခန့် ထွက်ရှိပြီး(၇၀) ကျပ်ခန့် ရောင်းချရပါက (၁၄)သိန်းခန့်မြတ်ကြောင်း သံပုရာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရသည်။ 

DOCA(မန္တလေး)

 

မန္တလေးပဲပုတ်စျေးအနည်းငယ်ကျ

            ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလပထထမပတ်အတွင်းပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၃၀၀၀၀၀ကျပ်နှင့် ၃၁၀၀၀၀ကျပ်၊ ပဲပုတ်(ဗမာ)၃၅၅၀၀၀ကျပ်၊ ပဲပုတ်(စက်ပဲ) ၂၇၀၀၀၀ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း)၅၆၃၄ကျပ်နှင့်၅၈၂၂ကျပ်၊ပဲပုတ်(ဗမာ) ၆၆၆၇ ကျပ်၊ ပဲပုတ်(စက်ပဲ)၅၀၇၀ကျပ်နှင့် ၅၂၅၈ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၇၆၁ကျပ်နှင့် ၇၆၉၉ ကျပ်၊ ပဲပုတ်(ဗမာ)  ၈၃၅၇ကျပ်နှင့်၈၄၅၁ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၄၄၆ကျပ်နှင့် ၆၀၀၉ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလ တူ ပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 အရောင်းသွက်သည့်မန္တလေးပဲယင်းကြီး

                  ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၅၀၀၀ကျပ်နှင့်၂၃၀၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၂၅၀၀၀ ကျပ် နှင့် ၂၃၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၇၅၀ကျပ်နှင့် ၃၈၃၃ကျပ်၊ ပဲယင်း(ကြီး) ၃၇၅၀ကျပ် နှင့် ၃၈၃၃ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၇၅၀ ကျပ်နှင့် ၃၈၃၃ ကျပ်၊ ပဲယင်း ၃၇၅၀ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်း ယှဉ်ပါကတစ်ပိဿာလျှင် ပဲယင်း(ကြီး)မှာ ၈၃ကျပ် ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

  မန္တလေးပဲကြီးစျေးပိုမိုရရှိ

         ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီးသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသော စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၅၀၀၀၀ကျပ်နှင့်၄၆၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၄၂၀၀၀၀ ကျပ်နှင့်၄၃၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၅၀၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲကြီး(ကြီး) ၈၁၄၅ကျပ်နှင့် ၈၃၂၆ကျပ်၊ပဲကြီး(လတ်)၇၆၀၂ကျပ်နှင့်၇၇၈၃ကျပ်၊ပဲကြီး(သေး)၆၃၃၅ကျပ်နှင့် ၆၆၉၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၄၃၀ကျပ်၊ ပဲကြီး (လတ်)၄၅၂၅ကျပ်နှင့်၄၇၀၆ကျပ်၊ ပဲကြီး(သေး)၄၁၆၃ကျပ်နှင့် ၄၃၄၄ကျပ် တို့ဖြစ်ကြောင်း သိရှိရပါ သည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါကပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စျေးအနည်းငယ်ကျဆင်းလာသည့်ကုလားပဲ

           ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2) ၂၄၂၀၀၀ကျပ်နှင့် ၂၄၃၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၅၀၀၀ ကျပ် ၊ ကုလားပဲ(ထိုင်ဝမ်)၂၃၀၀၀၀ကျပ်နှင့်၂၃၂၀၀၀ကျပ်၊ကုလားပဲ (929)၂၄၀၀၀၀ကျပ်၊ တစ်ပိဿာပေါက် စျေးမှာ ကုလားပဲ(V-2)၄၂၂၇ကျပ်နှင့် ၄၂၄၅ကျပ်၊ ကုလားပဲ(V-7) ၃၉၃၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၀၈၉ကျပ်နှင့်၄၁၂၄ကျပ်၊ ကုလားပဲ(929) ၄၂၆၇ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ် ပိဿာ စျေးမှာ ကုလားပဲ(V-2) ၅၃၈၀ကျပ်နှင့်၅၄၁၅ကျပ်၊ ကုလားပဲ(V-7) ၅၆၇၇ကျပ်နှင့် ၅၇၆၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၅၀၁၃ ကျပ်၊ကုလားပဲ(929) ၅၂၀၉ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင် နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

      

ပဲထောပတ်စျေးအနည်းငယ်ကျ

            ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ ပဲထော ပတ် (ကြီး) ၂၆၀၀၀၀ကျပ်နှင့်၂၇၀၀၀၀ကျပ်၊ ပဲထောပတ်(လတ်)၂၆၅၀၀၀ကျပ်၊ ပဲထောပတ် (သေး) ၁၈၀၀၀၀ကျပ်နှင့် ၁၉၅၀၀၀ကျပ်နှင့်တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်) ၅၁၅၆ကျပ်နှင့် ၅၃၃၃ ကျပ်၊ပဲထောပတ်(ကြီး) ၄၆၂၂ကျပ်နှင့် ၄၈၀၀ကျပ်၊ပဲထောပတ်(လတ်)၄၇၁၁ ကျပ်၊ ပဲထောပတ် (သေး) ၃၂၀၀ကျပ်နှင့်၃၄၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေး မှာ ပဲထောပတ်(ကြီး) ၅၇၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ် စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း