Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးစျေးကွက်တွင် ဂျင်းတက်စျေးငြိမ်လျက်ရှိ

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း ရှမ်းပြည်နယ်မှ စားဖိုစောင်သီးနှံ ဂျင်းများဝင် ရောက်မှုများပြားပြီး၊ စျေးငြိမ်လျက်ရှိကြောင်း စျေးချိုတော်ရှိ ပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောဂျင်း ပေါက်စျေးမှာ တစ်ဆွဲခေါ် ၃ တင်းအိတ်(၃၀ ပိဿာပါ)တစ်အိတ်လျှင် ၇၃၀၀ဝိ/-  နှင့် ၇၅၀၀ဝိ/-၊ တစ်ပိဿာပေါက်စျေးမှာ လက္ကားစျေး၃၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ လက်လီစျေး ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ယခင်လစျေးနှုန်းနှင့်နှိုင်းယှဉ်ပါကဂျင်းစျေးမှာ ပြောင်း လဲမှု မရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် အာလူးစျေးအနည်းငယ်မြင့်တက်လျက်ရှိ

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း ရှမ်းပြည်နယ်မှ အာလူးသီးများ ဝင် ရောက်မှုအနည်းငယ်ကျဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူး ပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူးသီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီ စျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊လုံးလတ်လက္ကားစေျး ၆၀၀ဝိ/-၊လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံး သေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်လစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာအနည်းငယ်မြင့်တက်သွား ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ဒီဇင်ဘာလနနွင်းတက်စျေးကွက်

  မန္တလေးစျေးကွက်တွင် ဒီဇင်ဘာလပထမပတ်အတွင်း နနွင်းတက်များ အ‌ရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်နနွင်းတက်စိုက်ပျိုးမှု    ၂၈၉၉ ဧက၊   ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်   ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက် တစ် ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်း ယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်း စျေးကွက် တွင် စျေးငြိမ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဆန်းတွင်ငရုတ်သီးခြောက်စျေးငြိမ်လျက်ရှိ

   မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်တွင် စားဖိုစောင်သီးနှံငရုတ်သီး ခြောက်ပေါက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်း ဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ် ပိဿာလျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီ စျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA( မန္တလေး)

ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၀၀)ကျပ်မှ (၄၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၀၀)ကျပ်၊(၂)စည်းလျှင် (၅၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာတစ်စည်း လျှင် (၂၅၀)ကျပ်မှ (၃)စည်းလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

          မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ်တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်းဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက် စသည့်သီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုပ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၁၄၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၅၆၀၀)ကျပ် ဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၇၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၄၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၆၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခရမ်းသီးစိုက်ပျိုးထွက်ရှိမှု မှ အောင်မြင်ဖြစ်ထွန်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

     ဓနုဖြူမြို့နယ် ဒေသခံများသည် ကိုင်းမြေ၊ အိမ်ရှိမြေကွက်လပ်များနှင့် ဥယျာဉ်ခြံများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပ တီ၊  ပဲသီး၊  ခရမ်း၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ခရမ်းမျိုးများအား ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များအားကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြပြီး ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝ မြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၂) ရက်ခြား (၃) ရက် တစ်ကြိမ် ခူး ဆွတ်ရောင်းချ ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရတ်အနေဖြင့် ၁ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကအတွင်း ထွက်ရှိမှု  ခရမ်းသီး ပိဿာချိန် ၆၅၀အထိ ထွက် ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၁ဧကလျှင် ၁၁၇၀၀၀၀ကျပ် ရရှိ၍ အမြတ် ၁၇၀၀၀၀ကျပ် ကျန်ရှိကြောင်း  စိုက်ပျိုးသူထံမှသိရသည်။

    ခရမ်းသီး ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင်  (၂၀၀၀) ကျပ်ခန့်၊ လက်ကားဈေး အနေဖြင့် ၁ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ထွက်ရှိသည့် အသီးများကို ရန်ကုန်မြို့နှင့် မြို့နှင့် နီးစပ်ရာ မြို့နယ်များသို့  ဖောက်သည်သွင်းရောင်းချ ကြောင်း သိရသည်။

    ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများသည် ကိုင်း ယာနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ် ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

Doca (ဧရာဝတီ)

မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော အာတာလွတ်ဥနှင့် ထန်းပင်မြစ်

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် အာတာလွတ်ဥများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  အာတာလွတ်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဖြစ်ပြီး ထန်းပင်မြစ်ဈေးနှုန်းမှာ (၂၅)ချောင်းပါတစ်စည်းလျှင် (၂၈၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း