Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့ရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဗမာနံနံပင်များဈေးကောင်းရလျက်ရှိ

    မန္တလေးမြို့တွင်းသို့ စစ်ကိုင်း၊ မုံရွာ၊ တောင်တွင်းကြီး မန္တလေးအနီးတဝိုက်ရှိ ဒေသတို့တွင် နံနံပင်များ ဝင်ရောက်လျက်ရှိသည်။ ဗမာနံနံပင်ကို မြန်မာလူမျိုးတို့သည် ငါးနှင့်ချဉ်ရည်ဟင်း၊ ဟင်းချိုဟင်းတို့ချက်ပြုတ်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးရန်သာမက မုန့်ဟင်းခါး၊ ကြာဇံဟင်းတို့တွင်လည်း ပဲသီး၊ နံနံပင်များထည့်၍ စားသုံးကြသည်။ ယခုနှစ်တွင် ဗမာနံနံပင်များ ဈေးတက်လကျ်ရှိပြီး ယခင်နှစ်က (၁)စည်းလျင်(၂၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်(၁)စည်းလျင်(၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး တစ်ပိဿာလျင်(၂၀၀၀၀/၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူကြပြီး အစည်းအသေးလေးများခွဲစည်းကြ၍ မန္တလေးမြို့နယ်အတွင်းရှိ ဈေးကလေးများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရှမ်းနံနံဈေးကွက်

    မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသ၊ မိုးကုတ်၊ တောင်ကြီးတို့မှ ထွက်ရှိသည့် ရှမ်းနံနံများဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။ ရှမ်းနံနံကို ရှမ်းရိုးရာအစားအစာများတွင် ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် စားသုံးကြပြီး ဈေးကွက်အတွင်းတွင် ဗမာနံနံများဈေးကြီးသောကြောင့် အချို့ရှမ်းအစားအစာနှင့် မုန့်တီသုပ်ဟင်းချိုတို့တွင် ရှမ်းနံနံများ အစားထိုးအသုံးပြုမှုများလာပြီး အရောင်းအဝယ်သွက်လျက်ရှိကြသည်။ ယခင်နှစ်က ရှမ်းနံနံ(၁)စည်းလျင်(၁၂၀၀/၁၃၀၀)အထိရှိခဲ့ပြီး ယခုနှစ်တွင်မျူ(၁)စည်းလျင်(၁၈၀၀/၂၀၀၀)ကျပ်တို့ဖြင့် မန္တလေးမြို့နယ်အတွင်းရှိ အဈေးအလေးများတွင် ရောင်းဝယ်မှုများရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ် မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးမြို့မေမြို့ပန်းဈေးကွက်

    မန္တလေးမြို့အတွင်းသို့ ယခုရက်ပိုင်းအတွင်း မေမြို့ပန်းများ စတင်ဝင်ရောက်နေပါသည်။ မေမြို့ပန်းဆိုသည့်အတိုင်း အေးသည့်ရာသီဉတုတွင်နှင်းကျသည့် အရပ်ဒေသတွင်သာ ပွင့်သောပန်း တစ်မျိုး ဖြစ်ပါသည်။မေမြို့ပန်းကို အနီရောင်၊ ပန်းရောင်၊ ခရမ်းပြာ‌ရောင်၊ အဖြူရောင်များဖြစ်ပြီး တပင်လျှင် ၅ပွင့်၊ ၆ပွင့်၊ ၇ပွင့် ရှိသည်။ ယခုလိုရာသီတွင် ဘုရားပန်းတခါထိုးထားလျှင် ၂ပတ်မှ ၃ပတ် အတွင်းခဲသည့်အတွကိ လူကြိုက်များပြီး နှစ်သက်သည့်ပန်းတမျိုးဖြစ်ပါသည်။ ယခုရက်ပိုင်းအတွင်း မန္တလေးပန်းဈေးတန်းသို့ လက်စုတ်တစီးပန်းအစည်း ၂၅ စီးတထုံးလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် မျာနှင့် ဝယ်ယူမှုရှိပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ လက်လီရောင်းချသည့် ပန်းရောင်းသူများအနေ နှင့် လက်စုတ်စီးတစီးလျှင် ၁၀၀၀ ကျပ် မှ ၁၂၀၀ ကျပ် ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရာသီပန်း ဖြစ်သည့်အတွက် ‌ရောင်းဝယ်မှုအားကောင်းကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၉၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၃၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အာလူးဈေးကွက်

      မန္တလေးမြို့တွင်းသို့ အောင်ပန်း ၊ ကလောနှင့်ရွာငံဘက်များမှ အာလူးများဝင်ရောက်လျက်ရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့တွင်းရှိ ပွဲရုံများမှ တိုက်ရိုက်ဝယ်ယူကြပါသည်။ မန္တလေးမြို့တွင်းမှ စားသောက်ကုန်ထုတ်ရောင်းချသူများနှင့် လက်လီရောင်းဝယ်သူများမှ ဝယ်ယူ ရောင်းချကြပါသည်။ ယခုလက်တလော မန်းမြို့တွင်းဈေးနှုန်းဈေးကွက်အနေနှင့် လုံးကြီး ၅ ပိဿာ လျှင် ၂၇၀၀၀ ကျပ်မှ 27500 ကျပ် ၊ လုံသေး ၅ ပိဿာ ၂၂၀၀၀ ကျပ် မှ ၂၂၅၀၀ ကျပ်နှင့် ရောင်းဝယ်မှုရှိပြီး လက်လီရောင်းဝယ်သူများအနေနှင့် အာလူးလုံးကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ် ၊ လုံးသေး ၁ ပိဿာလျှင် ၆၅၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ မြို့များသို့ ကုန်စည်စီးမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ချင်းတွင်းရတနာဈေးရှိ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင်များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အညာခရမ်းချဉ်သီးဈေးကွက်

    ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ ဗမာခရမ်းချဉ်သီး(ခေါ်)  ကိုင်းခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိပါသည်၊၊ ဗမာခရမ်းချဉ်သီးများကို ကျောက်ဆည်၊ အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များမှ ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဝင်ရောက်သည့် ပစ္စည်းများအနေနှင့် အလုံးအရွယ်ကြီးပြီး အရည်အသွေးလည်းကောင်းမွန်သည့်အတွက် စားသုံးသူများကြိုက်နှစ်သက်မှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေနှင့် ၁ ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ယခင်နှစ်ကထက်စာလျှင်  ခရမ်းချဉ်သီးဈေးမြင့်တက်မှုရှိပြီး ယခင်နှစ်က နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း ခရမ်းချဉ်သီး (ဗမာသီး )၁ ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သာရှိသဖြင့် ယခင်နှစ်တွင် ၁ ပိဿာ ၂၀၀၀ ကျပ် ဝန်းကျင်ဈေးမြင့်တက်မှုရှိကြောင်းနှင့် ပစ္စည်းအဝင်လည်းနည်းပါးကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

လိမ္မော်သီးဈေးကွက်

    မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနှင့် ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်း၊ ရပ်ဆောက်၊ ရွာငံဘက်များမှ လိမ္မော်သီးများ ဝင်ရောက်လျက်ရှိပါသည်။ မန္တလေးသစ်သီးပွဲရုံများသို့ ဝင်ရောက်သည့် လိမ္မော်သီးဈေးကွက်အနေနှင့် အလုံးရေ ၁၀၀ မှ ၁၂၅ လုံးပါ ခြင်းတစ်ခြင်းလျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်များနှင့် ဝယ်ယူမှုရှိပြီး မန္တလေးသစ်သီးပွဲရုံများသို့ တစ်ရက်လျှင် ကားလေးများနှင့် ၁၀ စီးမှ ၁၅ စီးအတွင်း ဝင်ရောက်မှုရှိပြီး သစ်သီးပွဲရုံများမှ လက်လီရောင်းဝယ်သူများဝယ်ယူမှုအနေနှင့် လိမ္မော်သီး တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၈၀၀၀ ကျပ်များနှင့် ဝယ်ယူရပြီး လုံးကြီးတစ်ပိဿာလျှင် ၁၂ လုံး၊ လုံးသေးတစ်ပိဿာလျှင် ၁၅ ၊ ၁၆ လုံး ရရှိပါသည်။ လက်လီရောင်းဝယ်သူများအနေနှင့် အကြီး ၁၀ လုံးလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ အသေး ၁၀ လုံးလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိကြောင်း၊ ယခုရာသီ ကာလသည် လိမ္မော်သီးများ ချိုသည့်အတွက် စားသုံးသူများကြိုက်နှစ်သက်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်အားကောင်းနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း