Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ ကမ္ဗာလာသီးများလှိုင်လှိုင်ဝင်ရောက်”

  ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ကမ္ဗာလာသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့် ရွာငံရေဦးမြို့များမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ လိမ္မော်သီးမျိုး စိတ်အများအပြားရှိသည့်အနက် ထင်ရှားသည့် လိမ္မော်မျိုး သုံးမျိုးရှိကြောင်း ၊ ပထမတစ်မျိုးမှာ အချိုမျိုး ၊ ဒုတိယတစ်မျိုးမှာ ကမ္ဗာလာသီးခေါ် လိမ္မော်သီး အငယ်စားဖြစ်ပြီး တတိယတစ်မျိုးမှာ လိမ္မော်ယိုပြုလုပ်သည့်အခါးမျိုးတို့ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ ထွက်သော လိမ္မော်သီးများသည် အငယ်စားမျိုးဖြစ်၍ လိမ္မော်သီးနှင့် ကမ္ဗလာသီးဟူ၍ နှစ်မျိုး နှစ်စားရှိကြောင်း ၊ လိမ္မော်သီးဟု အများခေါ်နေကြတဲ့အသီးမှာ လိမ္မော်ခွံပွမျိုးဖြစ်ပြီး ကမ္ဗာလာသီးမှာ ခွံကျစ်မျိုးဖြစ်ကြောင်း၊ ကမ္ဗာလာသီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C ဗီတာမင် E ၊ အမျှင်ဓာတ်နှင့် သကြားဓာတ် အာဟာများစွာပါဝင်ကြောင်း ၊ ကမ္ဗာလာသီးကို စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေခြင်း ၊ သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း ၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း ၊ အမြင်အာရုံ ကောင်းမွန်စေခြင်း ၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း နှင့် အစာကြေစေခြင်းစသည့် အကျိုးကျေးဇူးများစွာရှိ ကြောင်း ကမ္ဗာလာသီး အကြီးတစ်လုံးလျှင် (၈၀၀)ကျပ် ၊ အလတ် တစ်လုံးလျှင် (၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပဲနီပြားပင်ဖောက်ဈေးနှုန်းဈေးကွက်

    မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်စားဝတ်နေရေးအတွက် ပဲနီပြားပင်ဖောက် လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲများကိုတစ်ည ရေစိမ်ရကြောင်း၊ ထို့နောက် ပဲခင်းကို အလျား ၅ ပေအရှည်၊ အနံ ၂ ပေခန့်၊ အနက် ၇ လက်မခန့်တူး ထားသော ကျင်းထဲသို့ သဲများထည့်ရကြောင်း၊ အဆိုပါကျင်းထဲသို့ ပဲစေ့များထည့်ပြီး သဲများဖြင့်ဖုံး အုပ်၍ ပဲစေ့ကိုအညှောင့်ဖောက် ရကြောင်း၊ ပဲခင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေး ရကြောင်း၊ (၄-၅) ရက်ခန့်ကြာသော် ပဲစေ့များ အညှောင့်ထွက်လာကြောင်း၊ သဲခင်းထဲတွင်ပျိုးထားသော ပဲပင်ဖောက်များကို တူးဖော်ကာ ပဲပင်ဖောက်များရရှိကြောင်း၊ ပဲခင်းများမှထွက်ရှိသော ပဲပင် ဖောက်များကို ဈေးကွက်သို့ လက်လီ၊ လက်ကားရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ် ၊မြင်းခြံမြို့ အေးမြသီ တာဈေး၊ စံပြဈေးတို့တွင် နိုဝင်ဘာလဒုတိယပတ်တွင် ပဲပင်ဖောက် နို့ဆီတစ်ဗူးလျှင်(၇၀၀)ကျပ်၊ နို့ဆီ သုံးဗူးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ် (၁၀-၁၂) ပြည်ခန့် ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပင်ဖောက်ရောင်း ချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

တရုတ်နံနံဈေးနှုန်းဈေးကွက်

   မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍  ဥယျာဉ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစုတစ်နိုင် တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ်နံနံများစိုက်ပျိုး ထားကြောင်းသိရှိရသည်။  စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြသီတာဈေးသို့ တောင် သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့ တွင် နိုဝင်ဘာလဒုတိယပတ် ရောင်းချနေသော တရုတ်နံနံတစ်စီးလျှင် (၃၀၀)ကျပ်၊သုံးစီးလျှင် (၅၀၀) ကျပ် ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းခက်အမွှေးအကြိုင် ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြားကြောင်း  တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာ ရေးအကျိုးအကျေးဇူးအနေဖြင့် တရုတ်နံနံကိုစားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာ ခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူ ပြုသော ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ပေါ်ရှိ ပဲပင်ပေါက်နှင့်ပဲပင်ချဉ်ဈေးနှုန်းဈေးကွက်

   ပဲပင်ပေါက်သည်ရာသီမရွေးရောင်းချသော ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲတီစိမ်း ကိုပဲတီအပင်ဖောက်၍ ရောင်းချရာ အပင်ဖောက်ရာတွင်လည်း အသစ်ပေါ်သော အပင်ဖောက်၍မရ ကြောင်း ပဲတီစိမ်းအဟောင်းကိုသာ ရွေးဝယ်ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ပဲပင် ပေါက်ကို ကန်စွန်းရွက် နှင့် ရောကြော်စားခြင်း၊ ပဲပင်ပေါက်အချဉ်သိပ်၍ ပဲပင်ချဉ်ပြုလုပ်၍လည်း ကောင်း၊ ပဲပင်ပေါက်ကို ဟင်းရည်အမျိုးမျိုးတွင် ထည့်၍စားသောက်ခြင်းဖြင့်လည်းကောင်း၊ အသုပ်စုံ တွင်ထည့်၍လည်းကောင်း စားသုံးများပြားသည့် အသီးအနှံဖြစ်ပါသည်။  မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့တွင် နိုဝင်ဘာလဒုတိယပတ် ပဲပင်ပေါက်ဈေးနှုန်းမှာ (၂၅)ကျပ်သား (၈၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ် နှင့်ပဲပင်ချဉ်ဈေးနှုန်းမှာ (၂၅)ကျပ်သား (၁၀၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ ၂၀၂၅/၂၀၂၆ ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှု

  နွားထိုးကြီးမြို့နယ်တွင် မိုးကြက်သွန်နီကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုး ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၁၃၉၇)ဧက စိုက်ပျိုး ထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၉၀၀) ဧကခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် ကြက်သွန်နီ(မိုး) တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၉၀၀) ပိဿာခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုးတစ်ပိဿာလျှင် (၈၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ ကြက်သွန်နီ (မိုး)သည်  ကြက်သွန်နီ(ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် သုံးစွဲရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ယခုနှစ် ကြက်သွန်နီ(မိုး)သီးနှံများ စိုက်ပျိုးချိန်တွင် မိုးများသောကြောင့် စိုက်ခင်းတွင်နောက်ကျ၍ စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစား၊ စိုက်ပျိုးသည့် နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှု ကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ ဈေးနှုန်းမြင့်တက်လာသော ပဲဇီးကွက်

    မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်(MDCCI)တွင် နေ့စဉ်ပဲမျိုးစုံအရောင်းအဝယ် ဖြစ်ပေါ် လျက်ရှိရာ ပဲဇီးကွက်  ပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ပဲဇီးကွက် တစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လ အောက်တိုဘာလ၌ ပဲဇီးကွက်တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပဲဇီးကွက်တစ်တင်းလျှင် (၂၀၀၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက် ခဲ့ခြင်းမှာ ဈေးကွက်တွင် ပဲဇီးကွက်လက်ကျန် အိတ်များ လျော့နည်းလာပြီဖြစ်၍ ရောင်းလိုအား နည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် လက်ကျန် ပဲဟောင်းများကိုသာ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြ ချက်အရသိရှိရသည်။

DOCA(မန္တလေး)

နိုဝင်ဘာလဒုတိယပတ်မန္တလေးပဲယင်းကြီး

          ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၁၀၀၀၀ ကျပ်၊တစ် ပိဿာစျေးမှာ ပဲယင်း(နီ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်၊ ပဲယင်း(ကြီး) ၃၅၀၀ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၇၅၀ ကျပ်နှင့် ၃၈၃၃ ကျပ်၊ ပဲယင်း ၃၇၅၀ကျပ်တို့ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်း ယှဉ်ပါက စျေးအနည်းငယ်လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

နွားထိုးကြီးမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊ထောပတ်ပဲ(မိုး) စိုက်ပျိုးထားရှိမှု

  နွားထိုးကြီးမြို့နယ်၌ ထောပတ်ပဲမိုးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် ထောပတ်ပဲ(မိုး) စီမံကိန်းဧက(၁၈၆၉၉)လျာထားချက်တွင် စိုက်ပျိုးပြီးဧက (၁၃၂၆၉) စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထားချက်ပြည့်မီအောင် ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ထောပတ်ပဲ(မိုး) သီးနှံကို  ပြရာချောင်းကျေးရွာ၊ ပဲကြီးခင်းရွာ၊ လက်ဝဲ၊ မြင်းနီနှင့် မာန်လည်ရွာတို့တွင်စိုက်ပျိုးထားကြောင်း၊ထောပတ်ပဲကို ပင်ထောင်နှင့် ပင်ပြန့်ဟူ၍ နှစ်မျိုးရှိ၍ ပင်ထောင်ပဲသည် အစေ့ကြီးပြီး ပင်ပြန့်ပဲသည် အစေ့ငယ်ကြောင်း၊ မြင်းခြံမြို့နယ်တွင် ပင်ပြန့်ပဲများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ပင်ပြန့်မျိုးသည် စိုက်ပျိုးပြီး ရက်ပေါင်း(၆၅)ရက် ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ပင်ထောင် မျိုးသည် စိုက်ပျိုးပြီးရက်ပေါင်း(၈၀-၁၀၀)ခန့်အကြာ တွင် ခူးဆွတ်နိုင်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆-၇)တင်းခန့်ထွက် ရှိခဲ့ကြောင်း၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့်  စိုက်ခင်းသို့ တစ်ပတ်လျှင်တစ်ကြိမ် ရေသွင်းပြုစုပါက ယခင်နှစ်ထက် အထွက်နှုန်း ကောင်းနိုင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးနေကြာစိုက်ပျိုးထားရှိမှု

   နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီး သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရှိ ရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။ မိုးနေ ကြာကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧကရှိသည့်အနက် ယခုအောက်တို ဘာလ တတိယပတ်အထိစိုက်ဧက (၂၉၇၀) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ နိုဝင်ဘာလ ကုန်တွင် လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၂၃) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုး မှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာ စိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

  နိုဝင်ဘာလဒုတိယပတ်မန္တလေးပဲကြီးစျေးပိုမိုရရှိ

            ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါ အဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၅၀၀၀၀ကျပ်နှင့်၄၆၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၄၂၀၀၀၀ ကျပ်နှင့်၄၃၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၅၀၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး)၈၁၄၅ကျပ်နှင့် ၈၃၂၆ကျပ်၊ပဲကြီး(လတ်)၇၆၀၂ကျပ်နှင့်၇၇၈၃ကျပ်၊ပဲကြီး(သေး)၆၃၃၅ကျပ်နှင့် ၆၆၉၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၄၃၀ကျပ်၊ ပဲကြီး (လတ်)၄၅၂၅ကျပ်နှင့်၄၇၀၆ကျပ်၊ ပဲကြီး(သေး)၄၁၆၃ကျပ်နှင့် ၄၃၄၄ကျပ် တို့ဖြစ်ကြောင်း သိရှိရပါ သည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း