Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ကျွဲကောသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကျွဲကောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့် စျေးနှုန်းများမှာကျွဲကောသီး ၁ လုံး လျှင် အလုံး(ကြီး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်နှင့် ၂၇၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံစျေး ကွက်အတွင်းမော်လမြိုင်ကျွဲကောသီးမှာအရည်ရွှမ်းကာ အချဉ်ဓါတ်လျော့နည်းသည့်အတွက်စားသုံး သူများကြိုက်နှစ်သက်ကာ အရောင်းသွက်လျက်ရှိကြောင်း   သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူမြို့၏ “ဝါ” ဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှု အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိ ရွာများမှ “ဝါ”ကို အဓိကစိုက်ပျိုးကြပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာ ယခင်က (၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧက(၂၅၀၀) ဝန်းကျင်ခန့်သာ စိုက်ပျိုးကြောင်း သိရှိရပါသည်။“ဝါ”စိုက်ပျိုးရာတွင်အဓိကချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက် ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း “ဝါ”ကုန်သည် များထံမှ သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသကြီး နှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ယခု နိုဝင်ဘာလ အစော ပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာ အလွန်းနည်းပါးကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)တွင် “ချည်မျှင်ရှည်ဝါ” တစ်ပိဿာလျှင် ကျပ်(၄၄၀၀-၄၈၀၀)၊ “ချည်မျှင်တိုဝါ” တစ်ပိဿာလျှင်ကျပ်(၄၁၅၀-၄၆၅၀)ဖြစ်ပြီး ဝါကြိတ်ဖတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဝါစေ့ဆီတစ် ပိဿာလျှင် ကျပ်(၉၀၀၀)ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ နည်းပါးနေကြောင်း “ဝါ” ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ

   အညာဒေသ၏ အစားအစာ တစ်ခုဖြစ်သော ရာသီစာ ထန်းပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အညာဒေသသည် ထန်းပင်များလှိုင်လှိုင်ပေါသော အရပ် ဒေသတစ်ခုလည်းဖြစ်ပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထန်းပင်များကို ယာမြေ များ၏ ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးထားကြပြီး စည်းရိုးအဖြစ်လည်း အသုံးပြုကြ ပါသည်။ ထန်းပင်မြစ်များကို ပခုက္ကူအတွင်းရှိ မြိုင်မြို့နယ်၊ ကမ္မ၊ ပေါက်ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်၊ ကန်ရပ်၊ ချောက်ကန်အုပ်စု ရွာများမှ အများအပြားစိုက်ပျိုးကြပြီး ပခုက္ကူမြို့ပေါ်သို့ တင်ပို့ရောင်း ချလျက် ရှိပါသည်။ ယခုအချိန် ထန်းပင်မြစ်များကို ပခုက္ကူမြို့နယ်ရှိရွာများသာမက အခြား ဒေသများမှ လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

          ထန်းပင်မြစ်များကို တော်သလင်းလ ထန်းသီးရင့် မှည့်ချိန်မှ စ၍ သီတင်းကျွတ်လဆန်းပိုင်း တွင် သဲမြေများ၌ ကျင်း အနက် (၁) တောင်ခန့်တူး၍မြုပ်ကြပြီး သီတင်းကျွတ်လကုန် တန်ဆောင်မုန်းလ ဆန်း တွင် စတင်တူးဖော်ကြောင်း၊ ပြာသိုလ် လဆန်းပိုင်းတွင် ထန်းမြစ်များရင့်ပြီး လှိုင်လှိုင် ပေါ်လျက် ရှိကြောင်း ထန်းစိုက်တောင်းသူများထံမှသိရှိရပြီး ဈေးနှုန်းအနေဖြင့်  ထန်းပင်း အချောင်း(၂၅) ချောင်းပါ တစ်စည်းလျှင် ကျပ် (၂၅၀၀-၂၀၀၀) ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ကန်စွန်းဥဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်အတွင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥ ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ရေစကြိုုမြို့ ပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နယ်မြေအခြေအနေအရ ကုန်စည်ဒိုင် ဖွင့်လှစ်အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင် ဖြစ်ပေါ်နေသော ဈေးကွက် အခြေအနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပွဲစားများ စုစည်းနိုင်သည့်နေရာတွင် ဈေးနှုန်း သတ်မှတ်ပြီးနောက် မိမိတို၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ရေစကြိုမြို့နယ်အတွင်း မတ်ပဲသီးနှံများ လှိုင်လှိုင် ထွက် ပေါ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ အခြားသီးနှံများ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း သီးနှံများမှာ ယခုအချိန်တွင် စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ မတ်ပဲအသစ် တစ်တင်း လျှင် ကျပ် (၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲများ အရောင်းအဝယ်မဖြစ်ကြောင်း၊ ရောင်းဝယ် မှု အနေဖြင့် နိုဝင်ဘာလ (စတုတ္ထပတ်)တွင် မတ်ပဲ တစ်တင်း ဝင်အိတ် (၁၀၀)ခန့် အရောင်းအဝယ်ဖြစ် ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့မှ ပဲတောင့်ရှည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ ပေါ်ရှိရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်  သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတောင့်ရှည်ကို ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြ ကြောင်း သိရှိရ ပါသည်။ ပဲတောင့်ရှည်ကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။

       ယခု၂၀၂၅ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၁၀၀၀)ကျပ်ရှိပြီး အစီးကြီးတစ်စီးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိရှမ်းနံနံစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက် ရှိရာ ယခုအခါ  ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံပင်များ ကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။      ထားဝယ်မြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံများကို ထားဝယ်မြို့ပေါ်နှင့် အနီးနားရှိကျေးရွာများတွင်လည်းကောင်း ဝယ်ယူ ရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံများကို အစည်းလေးများ စည်း၍ ရောင်းချရာ (၁)စည်းလျှင် (၃၅၀)ကျပ်၊ (၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိလျက်ရှိပါ သည်။

DOCA(တနင်္သာရီ)

မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးများ စတင်ထွက်ပေါ် အရောင်းအဝယ်သွက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ် ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းစသည့် ကျေးရွာများ အပြင် မကွေး၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချ ကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ထိုင်ဝမ်ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်ခရိုင်တွင် ရောင်းချလျက်ရှိသော ကြက်ဥ စျေးနှုန်း

      မြိတ်ခရိုင်တွင် ရေထွက်လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ဒေသ ထွက်စီးပွားရေးလုပ်ငန်းများမှ ကြက်ဥကို တစ်နိုင်တစ်ပိုင်မွေးမြူကြသလို စီးပွားဖြစ်မွေးမြူကြ လျက် ရှိသည်။ ကြက်ဥ သည် မုန့်လုပ်ငန်းများအပြင် စားသောက်ကုန်များတွင် အရေးကြီးသောအစိတ် အပိုင်းအဖြစ်ပါဝင်ပြီး ဒေသတွင် မွေးမြူရေးများမှ ရရှိသော ကြက်ဥဖြင့် မလုံလောက်သဖြင့် ရန်ကုန် မြို့မှ တင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။

   မြိတ်မြို့ရှိ ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥစျေးနှုန်းမှာ အကြီးတစ်လုံး လျှင် ၆၀၀ကျပ်၊ အလတ်တစ်လုံးလျှင် (၅၅၀)ကျပ်နှင့် အငယ်တစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

  ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ်ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကျသောကြောင့် ဝယ်ယူမှုများပြီးစိုက်ပျိုးတောင်သူ အတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချ ကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ ဘူးသီးအလုံးလတ်ဈေးနှုန်း တစ်လုံး လျှင်(၃၅၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၂၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း