Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

    နိုဝင်ဘာလဒုတိယပတ်ကုလားပဲစျေး

        ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၄၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၂၅၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်)နှင့်(929)၂၂၈၀၀၀ကျပ်နှင့်၂၃၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာကုလားပဲ(V-2)၄၁၉၂ကျပ်၊ကုလားပဲ (V-7) ၃၉၃၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)နှင့် (929) ၄၀၅၃ နှင့် ၄၀၈၉ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ် ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ(V-7) ၅၇၆၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၅၀၆၇ ကျပ်၊ကုလားပဲ(929) ၅၂၀၉ကျပ်နှင့်၅၂၄၄ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

        

နိုဝင်ဘာလဒုတိယပတ်ပဲထောပတ်စျေးအနည်းငယ်ကျ

          ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ ပဲထော ပတ် (ကြီး) ၂၆၀၀၀၀ကျပ်နှင့်၂၇၀၀၀၀ကျပ်၊ ပဲထောပတ်(လတ်)၂၆၅၀၀၀ကျပ်၊ ပဲထောပတ် (သေး) ၁၈၀၀၀၀ကျပ်နှင့် ၁၉၅၀၀၀ကျပ်နှင့်တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်) ၅၁၅၆ကျပ်နှင့် ၅၃၃၃ ကျပ်၊ပဲထောပတ်(ကြီး) ၄၆၂၂ကျပ်နှင့် ၄၈၀၀ကျပ်၊ပဲထောပတ်(လတ်)၄၇၁၁ ကျပ်၊ ပဲထောပတ် (သေး) ၃၂၀၀ကျပ်နှင့်၃၄၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေး မှာ ပဲထောပတ်(ကြီး) ၅၇၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ် စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

                                                                                                

  နိုဝင်ဘာလဒုတိယပတ်ပဲတီစိမ်းစျေးပိုမိုရရှိ 

    ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၅၈၆၇ကျပ်နှင့်၆၂၂၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၄၀၈၉ ကျပ်နှင့် ၄၇၁၁ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၃၂၈၉ ကျပ်နှင့် ၃၅၅၅ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၅၁၁ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 နိုဝင်ဘာလဒုတိယပတ်မတ်ပဲစျေးအနည်းငယ်ကျဆင်း

   ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့်ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာမန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျှက် ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်မတ်ပဲ(ကျောက်စရစ်)၂၁၅၀၀၀ကျပ်နှင့်၂၄၅၀၀၀ ကျပ်၊ မတ်ပဲ ၁၅၀၀၀၀ကျပ်နှင့် ၂၁၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်)၃၅၈၃ ကျပ် နှင့် ၄၀၈၃ ကျပ်၊ မတ်ပဲ ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ကောင်း) ၅၅၀၀ကျပ်နှင့် ၅၆၆၇ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ်နှင့် ၅၁၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလဒုတိယပတ်ရှိမန္တလေးစားတော်ပဲစျေး

              စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း   စားတော်ပဲအပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်စားတော်ပဲ(ကနေဒါ)၃၄၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း)၈၈၀၀၀၀ကျပ်၊တစ်ပိဿာလျှင်စားတော်ပဲ(ကနေဒါ)၅၇၃၈ကျပ်၊စားတော်ပဲ(ကျွန်း)၁၄၈၅၂ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာစားတော်ပဲ(ကနေဒါ)၉၂၈၃ကျပ်၊စားတော်ပဲ(ကျွန်း)၆၀၇၆ကျပ်နှင့်၆၅၈၂ကျပ်၊စားတော်ပဲ(ကရိန်း) ၈၆၀၈ကျပ် ဖြစ်ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူစျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကျွန်း)စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင်အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျ

             ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅ တင်း၊အထွက်တင်းစုစုပေါင်း  ၆၆၀၅၉၁တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၀၀၀၀ ကျပ် နှင့် ၇၁၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ)၁၂၉၆ကျပ်နှင့်၁၃၁၅ကျပ်စျေးတို့ ဖြစ်ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့် (စီပီ) ၁၄၇၁ ကျပ်နှင့် ၁၄၁၇ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၃၇၀ကျပ်နှင့် ၁၃၈၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စျေးကွက်အတွင်းဆီကြိတ်ဖတ်စျေးပိုမိုရရှိ

      မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး စျေးပိုမိုရရှိကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ် နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာ လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၄၀ဝိ/- နှင့် ၆၅၀ဝိ/-၊ နှမ်းဖတ် ၄၀၀ဝိ/- နှင့် ၄၂၀ဝိ/-၊နေကြာဖတ် ၃၃၀ဝိ/-နှင့် ၃၄၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်၊ ကျွန်းစုပင်လယ်ရွာများ၌ စီးပွားဖြစ် ဇီဝဇိုးငှက်မွေးသည့် အိမ်များ တိုးချဲ့ဆောက်လုပ်

     မြိတ်ခရိုင်ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများဖြစ်သည့်ကော်ဇယာအုပ်စုနှင့် မဲတောအုပ်စု ရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ်များ ပိုမို တိုးချဲ့ဆောက်လုပ်လာပြီး ငှက်သိုက်များထုတ် လုပ်လာကြောင်း ဒေသခံများ ထံမှသိရပါသည်။

        ၂၀၂၀ပြည့်နှစ်မတိုင်မှီက ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ရွာလျှင် ပျမ်းမျှ ဇီဝဇိုးငှက် မွေးမြူသည့် အိမ် တစ်အိမ်၊ နှစ်အိမ်ခန့်သာရှိရာမှ လက်ရှိတွင် ဆယ်အိမ်ခန့်ရှိလာကြောင်း၊ ၎င်းရွာများသည် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြကာ မိုးရာသီ၌ အလုပ်အကိုင်ရှားပါလာခြင်း ကြောင့် ရင်းနှီးမြှပ်နှံ့မှုတစ်ခုအဖြစ် လုပ်ကိုင်လာကြကြောင်း ယခင်ကဇီဝဇိုးငှက်မွေးမြူသည့်အိမ်များ ကို မြိတ်မြို့နယ်တွင်သာအများဆုံးတွေ့ရှိရပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင်ပါ စီးပွားဖြစ်ဆောက်လုပ်လာကြကြောင်း၊ ဇီဝဇိုးငှက်အိမ်များကို သစ်သား ဖြင့် ဆောက်လုပ်ကြသလို ဘိလပ်မြေဖြင့် တိုက်ဆောက်ပြီး မွေးမြူကြောင်း ငှက်မွေးသည့် အိမ်၏ အရွယ်အစား အသုံးပြုသည့်သစ်အမျိုးအစား အပေါ်မူတည်ပြီး ကျပ်သိန်းရာချီမှ ကျပ်သိန်းထောင်ချီ အထိကုန်ကျကြောင်း၊ လက်ရှိ တစ်လလျှင် ငှက်သိုက်(၅) ကျပ်သား၊ (၆)ကျပ်သားခန့်ရရှိကြောင်း၊ ငှက်သိုက်အိမ်များတွင် ဇီဝဇိုးငှက်များအတွက် သက်တော်သည့်အပူချိန် စိုထိုင်းဆ၊ အစားအစာနှင့် ရေများကို ဖြည့်ဆည်းပေးထားရပြီး ငှက်အော်သံအတုကိုလည်း စပီကာများဖြင့် ထုတ်လွတ်ထားရကြောင်းနှင့် ၂၀၁၉ခုနှစ်၊ သစ်တောဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်မွေးမြူသည့် အိမ်လေးရာခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပြည်ဈေးကွက်အတွင်းသို့ နယ်ဘက်မှဝင်ရောက်၍အရောင်းအဝယ်ဖြစ်နေသော ရာသီပေါ်ဥများ

     မြေကြီးအတွင်း အစိုဓါတ်ရှိပြီး အနည်းငယ်အေးလာသောရာသီချိန်ဖြစ်သည့်အတွက် မြေကြီး အတွင်းစိုက်ပျိုးထားသော ဥများဖြစ်သည့် ဝါးဥ၊ ပိန်းဥ၊ ကန်စွန်းဥ နှင့် ထန်းမြစ်များ ထွက်ပေါ်လာ နေပြီဖြစ်ပါသည်။ ပြည်ဈေးကွက်အတွင်းသို့ ပြည်မြို့နယ်အတွင်း ကျေးရွာများနှင့် ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝါးဥ၊ ပိန်းဥနှင့် ထန်းမြစ်တို့လာရောက်ရောင်းချသလို ရှမ်းပြည်ယ်ဘက် မှလည်း ကန်စွန်းဥကို ကုန်ကားများနှင့် တင်ပို့ရောင်းချကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားသုံးသူများအနေဖြင့်လည်း ရာသီချိန်သီးနှံများဖြစ်သည့်အတွက် ဝယ်ယူစားသောက် ကြသလို ဈေးသည်များကလည်း ထိုဥများကို ပြုတ်၍ ပြန်လည် ရောင်းချကြ ပါသည်။ ဝါးဥနှင့် ပိန်းဥကို ရွှေတောင်ဘက်မှ အများအပြားလာရောက်ရောင်းချသလို ထန်းမြစ်ကို ပြည်မြို့နယ်အတွင်း ကျေးရွာများဖြစ်သော မှော်ဇာနှင့် မေုဌာကျေးရွာများ လာရောက်ရောင်း ချကြပါသည်။ ဈေးနှုန်း အနေဖြင့် ဝါးဥတစ်ပိသာလျှင် (၄၀၀၀)ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကန်းဥတစ်ပိဿာ (၄၀၀၀)ကျပ်နှင့် ထန်းမြစ် (၁၀)ချောင်းပါတစ်စည်းလျှင် (၁၈၀၀)ကျပ်ဖြင့် ပြည်မြို့ရှိဈေးများအတွင်းတွင် ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)

ဆောင်းဦးရာသီနှင့်ပြည်မြို့၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်

     ယခုလိုအချိန်သည် ဆောင်းဦးရာသီချိန်ဖြစ်သည့်အတွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပေါများစွာ ပေါ်ထွက် လာနေပြီဖြစ်ပါသည်။ ပြည်ခရိုင် အတွင်း ဆောင်းရာသီတွင် ထွက်ပေါ်လာသော သီနှံများမှာ ပန်းဂေါ်ဖီ၊ မုန်လာဉဖြူ၊ ခရမ်းချဉ်သီး၊ ဝါးဥ၊ ပိန်းဥနှင့် ပြောင်း စသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အများအပြားထွက်ပေါ်လာပါသည်။ ဆောင်းဦးရာသီ ဖြစ်၍ အသီးအနှံများစွာ ထွက်ပေါ် လာပြီး စားသုံးသူများအနေဖြင့် ပေါများစွာ နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံး နိုင်ကြပါသည်။ ပြည်ခရိုင်အနေဖြင့် ပြည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအများအပြား စိုက်ပျိုးဒေသများမှာ မှော်ဇာ၊ ခွေးရဲ၊ ကင်ပွန်းခြုံကျေးရွာများဖြစ်ပြီး၊ ရွှေတောင်မြို့နယ် အနေဖြင့် မီးလောင်အုပ်စု၊ မီးလောင် ကျေးရွာနှင့် ကိုးတွင်းစဉ်ကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်တွင် လေးကြီးကျေးရွာ၊ သဖန်းချိုကျေးရွာ တို့တွင် စိုက်ပျိုးကြပါသည်။ ထိုကျေးရွာများတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ တချို့ ကျေးရွာများတွင် စီးပွားဖြစ်မဟုတ်ပဲ အိမ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောသီးနှံများ အနေဖြင့် စင်တင်၍ဖြင့် စိုက်ပျိုးရသောသီးနှံများဖြစ်သော ဘူးသီး၊ ဖရုံသီး၊ သခွားသီး၊ ခဝဲသီး၊ နှင့် ကြက်ဟင်းခါးသီးများကို စိုက်ပျိုးသလို မုန်လာဥ(ဖြူ၊ နီ)၊ ငရုတ်သီး၊ ခရမ်းသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဆလပ်၊ ကြက်သွန်နီ၊ နံနံပင်၊ ခရမ်းချဉ်သီးများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ကင်ပွန်းချဉ်၊ ဆူးပုတ်ပင်၊ ခွေးတောက်ပင်တို့ကိုလည်း စိုက်ပျိုးကြပါသည်။ ထိုသို့ စိုက်ပျိုးပြီးထွက်ရှိ လာသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကုန်စိမ်းဒိုင်များမှ တစ်ဆင့် နယ်မြို့များရှိ ဈေးများ နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိဈေးကွက် များသို့လည်း အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက် ရောင်းချကြပါသည်။ လာရောက် ရောင်းချသော အသီးအနှံများမှာ မုန်လာဥ(အဖြူ) တစ်တွဲလျှင် (၅၀၀-၆၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၀၀၀)ကျပ်၊ မုန်လာဥ (အနီ) တစ်ဆယ်ကျပ်သားလျှင် (၈၀၀-၁၀၀၀-၁၂၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်းသီး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဆလပ်ရွက် တစ်စည်းလျှင် (၁၀၀)ကျပ်၊ ဆူးပုတ်ရွက် တစ်စည်း လျှင် (၂၀၀)ကျပ်၊ ဂွေးတောက်ရွက် တစ်စည်း လျှင်(၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါ သည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း