Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

      ပွင့်လင်းရာသီ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ဘားအံမြို့ဈေးကွက်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီးအထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်ဖြင့် လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီးအတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာလနှင့်ဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းတက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေရခြင်းမှာ စိုက်ခင်းကုန်ကျစရိတ်များခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။  

DOCA(ကရင်)

ဘားအံမြို့ဈေးကောင်းရနေသော သံပရာသီး

      ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း သံပရာသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက် ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော သံပုရာသီးများမှာ ဘားအံမြို့အနီး ရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊မော်လမြိုင်နှင့် ရေးမြို့တို့ မှ ဖြစ်သည်။ မြန်မာ သံပုရာသီး အိတ်ကြီးတစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀ မှ ၁၇၀၀ ကြားအထိပါရှိသည်။ သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင်(၃၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင်(၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကာ ယိုးဒယားသံပုရာသီး တစ်လုံးလျှင်(၃၅၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကရင်ပြည်နယ်ဒေသအတွင်း သံပုရာသီး၊ ရှောက်သီးများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်  အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ ရေပေါ်ဈေးရှိဒန့်သလွန်သီးဈေးနှုန်း

      ၂၀၂၅ ခုနှစ်၊ ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ဒန့်သလွန်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများ သို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်များကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

    ဒန့်သလွန်းသီးကို ငါးရံ၊ငါးခြောက်၊ဘဲဥတို့နှင့်တွဲဖက်၍ချက်စားစား၊ ပဲကုလားဟင်း၊သီးစုံချဉ် ဟင်းချက်၍စားစား၊ ဒန့်သလွန်သီးတောင့်ကို ပြုတ်ပြီး(သို့မဟုတ်)မီးကင်ပြီး အတွင်းသားကို ဇွန်းဖြင့်ခြစ်ကာ ကြော်စားစား အမျိုးမျိုးချက်ပြုတ်စားသုံးခြင်းဖြင့် ထမင်းမြိန်စေသည်။

       ဒန့်သလွန်သီးဈေးနှုန်းမှာဒန့်သလွန်သီးတစ်တောင့်(၁၀၀၀)ကျပ်၊ ဒန့်သလွန်သီးသုံးတောင့် တစ်စည်းလျှင်(၂၅၀၀)ကျပ်နှင့် ဒန့်သလွန်သီး ငါးတောင့်တစ်စည်းလျှင် (၄၅၀၀)ကျပ် တို့ဖြင့် အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဧည်မထ ဆန်ဟောင်း အနည်းငယ်မြင့်တက်၍ ဆန်အသစ်နှင့် ဧရာဝတီပေါ်ဆန် အနည်းကျဆင်း  ဆန်ကွဲ၊ ဖွဲ့နု ဈေးနှုန်းတည်ငြိမ်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှု တွင် ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကို ဆန်စက်များမှ ဝယ်ယူ၍ ရောင်းချနေပြီး ပြည်တွင်း စားသုံးပိုလျှံသော ဆန်များကို ရန်ကုန်သို့ ကုန်ထုတ်ပြေစာနှင့်အတူ တင်ပိုလျက်ရှိကြောင်း သိရသည်။

    မအူပင်ခရိုင် အနေဖြင့် (၁.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ် အိတ် ၆၆၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၈၀၀ဝကျပ် ၊ ဧရာဝတီပေါ်ဆန်းမွှေး (ဟောင်း) ဆန်တစ် အိတ် ၁၅၅၀၀ဝကျပ် ၊ ဧရာဝတီပေါ်ဆန်းမွှေး (သစ်) တစ်အိတ် ၁၃၃၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၃၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ 

    (၁.၁၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်မြင့်တက်လာခြင်း၊  ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝကျပ်ဖြစ်၍ (၂၀၀၀)ကျပ် ကျဆင်းလာခြင်း၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၅၄၀၀ဝကျပ် ဖြစ်၍ (၁၀၀၀) ကျပ်မြင့်တက်၊ ဧရာဝတီပေါ်ဆန်း(သစ်) ၁၃၄၀၀၀ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ကျဆင်း ၊ဆန်ကွဲB(1,2) တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ပုံမှန် ဖြစ် လျက်ရှိပါသည်။

    ယခုတစ်ပတ်နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၁၀၀၀ကျပ် ဈေး မြင့်တက်၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀၀ ကျပ်ကျဆင်း၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၀၀ဝ ကျပ် မြင့်တက်ပြီး ၊ ဧရာဝတီပေါ်ဆန်း အသစ် တစ်အိတ် ၁၀၀၀ကျပ် ကျဆင်းပြီး ဆန်ဟောင်းဝယ်လိုအား များပြီး ဆန်သစ် ဝယ်လိုအား နည်းနေခြင်းကြောင့် ဖြစ်ကြောင်း ကျန် ဆန်ကွဲB(1,2)၊  ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများတည်ငြိမ် လျက်ရှိပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကိုသာ ရောင်းချနေပြီး MRF မှ လစဉ်ထုတ်ပြန်ကြေငြာချက်အပေါ်တွင် အမြတ် ၂ရာခိုင်နှုနးဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်းနှင့် မြို့နယ်တွင်း ပြည်သူများအတွက်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ဌာနဆိုင်ရာမျာမှ ပြည်သူများအား သက်သာသောဈေးဖြင့် ဆန်များကို ရောင်းချစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

၁၇-၁၂-၂၀၂၅ ရက်နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥဈေးနှုန်းများ

ဟင်းခတ်အမွေးအကြိုင်တစ်မျိုးထဲမှရှမ်းနံနံအကြာင်း

ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပါသည်။ ရှမ်းနံနံပင်အား စိုက်ပျိုးရာတွင် ရာသီဥတုအနေဖြင့် ပူနွေးစွတ်စိုသော ရာသီ ဥတုကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျို၍ ပိုမိုဖြစ်ထွန်းစေပါသည်။ ရှမ်းနံနံပင်အား စတင်မစိုက်ပျိုးမှီ အပင်များအတွက် အာဟာဓါတ် ကောင်းမွန်စွာရရှိစေရန် မြေပြုပြင် ထားသော မြေကြီးများထဲသို့ မြေဆွေးနှင့် ဓါတ်မြေဩဇာများ ထည့်ပေးရပါသည်။ အပင်များ စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းဖြင့်လည်းကောင်း၊ ပင်အဖျားများအား ဖြတ်တောက်ပြီး အမြစ် အပိုင်းများအား ပြန်လည်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြပါသည်။

     ရှမ်းနံနံပင်သည် အရွက်ကိုစားသောက်ရသည့်အတွက် အရွက်ပြားများ ချောစေရန်အတွက် အရိပ်ကောင်းမွန်စွာရရှိရန် ဝါးခြမ်းအမိုးလေးများဖြင့် စနစ်တကျပြုလုပ်ပေးခြင်းဖြင့် အရွက်များကို ပိုမိုကြီးထွားစေပါသည်။ ရှမ်းနံနံပင်၏အနံ့သည် မွှေးကြိုင်စေသဖြင့် အသားဟင်းများ ချက်ပြုတ်ရာ တွင် အရွက်များအား ထည့်ပေးခြင်းဖြင့် ဟင်းအညှီအနံ့များ ပျောက်ပြီး မွှေးကြိုင်စေပါသည်။ ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် စေပါသည်။ အရွက်ပြားများအား စနစ်တကျစားသုံးပေးလျှင် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းပြီး အစာအိမ်အတွက်လည်း အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။  ထို့အပြင် အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ခဲ့လျှင် နံနံအရွက်ပြားများအား ရေနွေးပူပူတွင်ထည့်ပြီး သောက်လျှင် သက်သာ ပျောက်ကင်းစေပါသည်။

    အပင်များအားစိုက်ပျိုးရာတွင် ပြာသိုလတွင် စတင်စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် ပေါင်းမြတ် များကိုနှုတ်ပေးရသည်။ အဖူးများထွက်လာလျှင် ချိုးပေးရပါသည်။ သို့မှသာအရွက်များ ကြီးထွားနိုင်ပါ သည်။ တစ်နှစ်ပတ်လုံးရောင်းချရသဖြင့် ပုံမှန်ဝင်ငွေရရှိပါသည်။ ခြံထွက်များမှ ရှမ်းနံနံပင်()ပင်ပါ တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

 

(DOCA  ဧရာဝတီ)

 

“ကော့မှူးမြို့နယ်အဖျောက်ကျေးရွာရှိနေကြာစံပြကွက်စိုက်ခင်း၏ (၂၅) ဧကတွင် ထွန်စက်ဖြင့် ထွန်ယက်နေမှုအခြေအနေကွင်းဆင်းလုပ်ငန်းဆောင်ရွက်”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု ကွင်းအမှတ်(၂၇၇)၊ ဦးပိုင်အမှတ် (၁/၁)ဧရိယာ (၂၅)ဧကတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရိတ် သိမ်းခြွေလှေပြီးသော ဧရိယာစိုက်ဧကများအား နေကြာစံပြကွက် (၂၅)ဧက စိုက်ပျိုးနိုင်ရန်အတွက် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ထွန်စက်ကြီးဖြင့် စတင်ထွန်ယက်နေကြောင်း သိရှိရပါသည်။

         ထိုသို့ ထွန်ယက်နေမှု အခြေအနေအား မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် အဖျောက်ကျေးရွာအုပ်စုရှိ တောင်သူဦးစန်းလွင်ပါ လယ်သမား(၄)ဦး၏ လယ်ယာမြေပေါ်တွင် နေကြာစံပြကွက် (၂၅)ဧကအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက်ဖြင့် စတင်ထွန်ယက်နေမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ခရမ်းကစော့သီး၏ကောင်းကျိုးများ

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို  ရောဂါတွေကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကြောင်းသိရပါသည်။

ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ချဆေးလည်း မသောက်ချင် ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်ပါသည်။ ခရမ်းကစော့သီး (၁၀)သားလျှင်(၁၀၀၀)ကျပ်ရရှိကြောင်းသိရပါသည်။

(DOCA  ဧရာဝတီ)

“ကော့မှူးမြို့နယ်၌၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်စိုက်ပျိုးထားသောမိုးစပါးများစတင်ရိတ်သိမ်း ခြွေလှေ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါးလျာထားစိုက်ဧက (၈၈၀၈၇)ဧကအား အောင်မြင်ဖြစ်ထွန်းစွာဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိခဲ့ရပြီး ယခုအချိန်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ လယ်ယာ‌မြေများ စတင်ရိတ်သိမ်းခြွေလှေနေပြီးဖြစ်ကြောင်း သိရသည်။

        ကော့မှူးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများအနေဖြင့် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပြည်တွင်းစားသုံးသူမှုဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ မိုးစပါးသီးနှံ တစ်မြို့နယ်လုံး လျာထားစိုက်ပျိုးမှုအနေဖြင့် (၈၈၀၈၇)ဧက ရာနှုန်းပြည့်အောင်မြင် စွာ စိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလကုန်ပိုင်းကာလများတွင် စတင်ရိတ်သိမ်းခြွေလှေလျက်ရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ သက်ဆိုင်ရာဆက်စပ်ဌာများက လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ သွင်းအားစုများ ကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် ယခုလို မိုးစပါးသီးနှံများ အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“(၂၄.၁၁.၂၀၂၅) ရက်နေ့ မှ (၂၉.၁၁.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

         ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (၂၄.၁၁.၂၀၂၅)ရက် နေ့မှ (၂၉.၁၁.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၂)ခုနှင့် စားအုန်းဆီတန်ချိန် (၆၃၅၁.၄၂၃)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း