Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကရင်ပြည်နယ်ဒေသထွက်ပဲမျိုးစုံဈေးနှုန်းအခြေအနေ

  ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်းရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းအခြေအနေများကို ဘားအံမြို့၊ မြို့မဈေးကြီးရှိ ဦးကျော်စိုး (ပဲမျိုးစုံ) ဆိုင်သို့ သွားရောက်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက် ကွင်းဆင်လေ့လာ မေးမြန်းခဲ့ကြောင်း သိရသည်။

          ယခုလ ဒီဇင်ဘာဒုတိယပတ်တွင် ဘားအံမြို့ပေါ်ဈေးကွက်အတွင်းရှိ ဖြစ်ပေါ်နေသော ပဲမျိုးစုံပိဿာဈေးနှုန်းမှာ ထောပတ်ပဲ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲလွန်းဖြူတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဘိုကိတ်အမဲတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲပုတ်တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မတ်ပဲတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲတီရွှေဝါတစ် ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ပဲနောက်) တစ်ပိဿာလျှင် (၉၅၀၀၀)ကျပ်၊ မြေပဲဆန် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ နှမ်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်တို့ဖြစ် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အခြေခံစားကုန် ငါးခြောက်ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ဒုထမပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများရှိ အခြေခံ စားသောက် ကုန်ငါးခြောက်အမျိုးမျိုးတို့မှာ ဈေးကောင်းရလျက်ရှိကြောင်းနှင့် ယင်းငါးခြောက် များသည် ဒေသထွက်ရှိသလို အခြားဒေသမှလည်း ဝင်ရောက်လာကြောင်း သိရသည်။

          ဘားအံမြို့ ရေပေါ်ဈေးအတွင်းရှိ ငါးခြောက်မျိုးစုံဈေးနှုန်းများမှာ ငါးရံခြောက် တစ်ပိဿာလျှင်(၁၆၀၀၀၀)ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးကွင်းရှပ်ခြောက် တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငါးယောင်ခြောက် တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ( ၄၀၀၀၀ )ကျပ်၊ ငနီတူခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ မြှီးတံရှည်ခြောက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ငါးဇင်ရိုင်းခြောက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ငါးမွေထိုးခြောက် တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်နေပြီး ယခင်လငါးခြောက်ဈေးနှုန်းထက် ယခုလ ငါးခြောက်ဈေးနှုန်းအနည်းငယ်ကျနေကြောင်းနှင့် ယခုလိုကျနေရခြင်းမှာ အခြားမြို့များမှ လှိုင်လှိုင်ဝင်ရောက်လာသောကြောင့်ဖြစ်ကြောင်း ငါးခြောက်အရောင်းဆိုင်မှ သိရသည်။

DOCA(ကရင်)

ဒေသထွက်ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်း

 ပွင့်လင်းရာသီ ဒီဇင်ဘလပထမပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်များဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်များကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြတလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပြီး မိမိစိုက်ခင်းမှထွက်ရှိသော ကန်စွန်းရွက် နှင့်ချဉ်ပေါင်ရွက်များကို ဘားအံမြို့ပေါ်ဈေးသို့အဓိကလာရောက်ရောင်းချကြသည်။ ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများမှ ကန်စွန်းရွက်တစ်စည်းလျှင်(၇၀၀)ကျပ်နှင့်ချဉ်ပေါင်ရွက် တစ်စည်းလျှင်(၅၀၀)ကျပ် တို့ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက်သခွားသီး ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဒေသထွက် ဆောင်းသခွားများ စတင်ထွက်ရှိ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          သခွားသီးတွင် မိုးသခွားသီးနှင့်ဆောင်းသခွားသီးဟူ၍(၂)မျိုးရှိသည်။ ဆောင်းသခွားသီးကို အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့်ဇန်နဝါရီလဆန်းတွင် ထွက်ရှိ၍ ဈေးကွက်အတွင်း လက်ကား/လက်လီး ဖြန့်ဖြူးရောင်းချသည်။ ဆောင်းသခွားသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ် နှုန်းတို့ဖြင့် ရောင်းချကြသည်။ ယခုနှစ်တွင် နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ကြောင့် တစ်ဖက်ထိုင်နိုင်ငံမှ သခွားသီးဝင်ရောက်မှုမရှိသောကြောင့် ဒေသထွက်သခွားသီးများ ဈေးကောင်းရ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက် ခရမ်းချဥ်သီး ဈေးနှုန်းအခြေအနေ

ပွင့်လင်းရာသီ ဒီဇင်ဘလပထမပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒေသထွက် ခရမ်းချည်သီးနှင့် အခြားမြို့မှဝင်ရောက်လာသည့် ခရမ်းချည်သီးများ ဈေးကွက်အတွင်း အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          ခရမ်းချဥ်သီးမျာကို အကြီး၊အသေးမခွဲခြားဘဲ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့် ရောင်းချပြီး ဈေးကွက်အတွင်း ခရမ်းချည်သီး လက်လီးဈေးနှုန်းမှာ ခရမ်းချည်သီး အလုံးကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ခရမ်းချည်သီး အလုံးသေး တစ်ပိဿာလျှင်(၄၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ ရေပေါ်ဈေးရှိထောပတ်သီးဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ အောင်တိုဘာလဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ရှိဈေးများသို့ ရှမ်းပြည်နယ်၊တောင်ကြီး၊အောင်ပန်း၊ကလော စသည်တောင်ပေါ်ဒေသထွက် ထောပတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။        

   ထောပတ်သီးတွင် ဗီတာမင် k၊ ဗီတာမင် C၊ ဗီတာမင် B5၊ ဗီတာမင် B6၊  ဗီတာမင် Eတို့ အပြင် အခြား ဗီတာမင်ဓါတ်တွေလည်းများစွာပါဝင်ပါသည်။ ထောပတ်သီးစားသုံးခြင်းဖြင့် အဆီ ကျစေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ကိုလျော့ချစေခြင်း၊ ဆံသားနှင့် အရေပြားကိုကျန်းမာစေခြင်း၊ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး ဝမ်းမှန်စေခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိ ပါသည်။

          ဒီဇင်ဘာလပထမပတ်၏ ထောပတ်သီးဈေးနှုန်းမှာ ဒေသသီး တစ်ကီလိုလျှင် (၅၀၀၀၊ ၆၀၀၀)ကျပ်၊ နိုင်ငံခြားမျိုး(Hass)သီး တစ်ကီလိုလျှင်(၆၀၀၀၊၈၀၀၀)ကျပ်တို့ဖြင့် အသီးသီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

သာစည်ဈေးရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင် (၃၃၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလတ် (၁)လုံး လျှင် (၁၈၀၀)ကျပ်နှင့် အကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၃)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၅၀၀)ကျပ်နှင့် (အကြီး)(၁)လုံးလျှင်(၆၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့  မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော အာတာလွတ်ဥနှင့်ထန်းပင်မြစ်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် အာတာလွတ်ဥ များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော  အာတာလွတ်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဖြစ်ပြီး ထန်းပင်မြစ်ဈေးနှုန်းမှာ (၂၅)ချောင်းပါတစ်စည်းလျှင် (၂၈၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

       ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၈၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၄၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း