Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ ဈေးနှုန်း/ဈေးကွက် အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

       ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့(အကြီး)တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ စင်ထိုးစိုက်ပျိုးခြင်းနှင့် ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူ မြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

             ၂၀၂၅ ခုနှစ်၊    ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် မြင့်တက်လျက်ရှိသော ချဉ်ပေါင်ရွက်ဈေးနှုန်း အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းလုပ်ကိုင်ကြရာ ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက် ရှိပါသည်။

             ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်း မှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၀၀) ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့်  ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက ချည်ပေါင်ရွက် ဈေးနှုန်း တစ်ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်းကန့်ဘလူမြို့ မြို့မဈေးတွင် ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော တီလားဗီးယားငါး ဈေးနှုန်း အခြေအနေ

           ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ တီလားဗီးယားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ တီလားဗီးယားငါးဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ တီလားဗီးယားငါး (အသေး)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း တီလားဗီးယားငါးသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက် ဈေးနှုန်းအခြေအနေ

 

         ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုး ထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ယခု ဖေဖော်ဝါရီ လ လဆန်းပိုင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

               ယခင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၆၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ထက် တစ်စည်းလျှင်(၁၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော ခါကြက်ဥ ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများ ဖြင့် ဝယ်ယူသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ပျားရည် ဈေးနှုန်း အခြေအနေ

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိ သလို ကျပန်း လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

            ယခု ဖေဖော်ဝါရီလ စတုထ္ထအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားရည် ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင်(၁၅၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  ပျားရည်ရောင်းချနေသည် ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းဈေးနှုန်းကျဆင်းလျှက်ရှိသောစတော်ဘယ်ရီသီး

          စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။  လွိုင်ကော်မြို့ သီရိမင်္ဂလာယာယီဈေးတွင် ရောင်းချ လျှက်ရှိသော ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၁၆၀၀၀)မှ(၂၀၀၀၀) ကျပ်အထိရှိပြီး ယခင်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင်ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ဈေးနှုန်း ကျဆင်းနေရခြင်းမှာ စတော်ဘယ်ရီသီးရာသီချိန်ရောက်ရှိလာပြီးဖြစ်၍ ဈေးကွက်အတွင်း စတော်ဘယ်ရီသီး‌ပေါများလာခြင်းကြောင်းဖြစ်ပါသည်။ ယခုအချိန်တွင်  စတော်ဘယ်ရီသီးသည် ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော သစ်သီးဝလံအမျိုးအစားထဲတွင်ပါဝင်ကြောင်း သီရိမင်္ဂလာယာယီ ဈေးတွင်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

ရာသီပေါ်စာ ခဝဲသီး

          ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးတွင် နေ့စဉ် ဈေးရောင်းသူ ဝယ်သူ များနှင့် စည်ကားလျက်ရှိပြီး  ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ရာသီပေါ်တစ်ခုဖြစ်သော ခဝဲသီးအားရောင်းချနေကြောင်းသိရှိရသည်။

          ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်အတွင်းဝင်ရောက်နေသော ခဝဲသီး ဈေးနှုန်းမှာ လက်လီ တစ်ပိဿာလျှင် ကျပ် (၄၅၀၀)  ဖြစ်ပြီး လက်ကား တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ဖြင့်လည်းကောင်း၊ တစ်တောင့်လျှင် အလုံးအရွယ် အစားအလိုက် ကျပ် (၈၀၀) မှ (၁၀၀၀) ရောင်းချလျက်ရှိကြောင်း၊ တပိုင်တနိုင် စိုက်ပျိုးထားသော ဒေသကွပ်ကဲ ရေးစစ်ဦးစီးချူပ် စိုက်ကွင်းတွင်လည်း ၁၀၀၀ ဖိုး  (၅)တောင့် မှ (၇) တောင့်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော သံပုရာသီး ဈေးနှုန်းအခြေအနေ

                ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ဒေသထွက် သံပုရာသီးနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ဖြစ်ပေါ်နေသော သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင်(၁၀၀/၂၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း