Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက် ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းရတနာဈေးရှိ ဩဇာသီးနှင့်မာလကာသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိ ကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့်စာဖိုဆောင် သီးနှံဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၆၈၀၀) ကျပ် တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဂျင်း (၁)ပိဿာ လျှင်(၃၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင်(၃၈၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်းလျှင် (၅၀၀)ကျပ်ခန့် တို့ရှိပါကြောင်း စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သိရှိရ ပါသည်။

            ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီ (၁)ပိဿာလျှင်(၅၀) ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင်(၃၀၀၀) ကျပ်၊ ကန်စွန်းရွက် (၁)စည်းလျှင် (၅၀၀)ကျပ်စီဖြင့်ဈေးနှုန်း မြင့်တက်လာပြီး ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၅၀၀) ကျပ်စီဖြင့် ဈေးနှုန်းကျဆင်းသွားပြီးကျဆင်းလာ ရခြင်းမှာ ဒေသခံ ပြည်သူများ ပြန်လည်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အတွင်း ဟင်းသီးဟင်း ရွက်များ တင်သွင်းရောင်းချလျက်ရှိသည့်အတွက် ဟင်းသီးဟင်းရွက် ဈေးနှုန်းအများစုမှာ ဈေးနှုန်းအနည်း ငယ် ကျဆင်းလျက် ရှိပါကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၃၅၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၄၃၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၈၉၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၃၇၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

   ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၄၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၅၃၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၉၅၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီ တာလျှင် (၃၄၁၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီ တာလျှင် (၁၁၀)ကျပ်၊ Octane(95)တစ်လီတာလျှင် (၁၀၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၆၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်စီဖြင့်  ဈေးနှုန်းများကျဆင်းသွာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

      မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာ ရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ ချက်စား လျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါ သည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ် ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၁)ဘူးလျှင် (၁၅၀၀)ကျပ်၊  တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,0၅0 ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ  ၁9 ရက်နေ့မှ 25 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ်၆,0၅0 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။     

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

၁၈-၁၂-၂၀၂၅ ရက်နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥဈေးနှုန်းများ

ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးနှုန်း

     ကရင်ပြည်နယ် ဘားအံမြို့တွင် နိုဝင်ဘာလ ပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါ များစွာ ဝင်ရောက်လာလျက်ရှိကြောင်း တွေ့ရသည်။ အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းဖြစ် ပေါ်နေသော်လည်း ဒေသထွက်ရေချိုတောငါးများ ဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ် စသသည့် ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ (၁၅၀၀၀)ကျပ် မှ (၁၇၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ထို့အပြင် ဘားအံမြို့ရှိ ငါးဒိုင်များသို့ ဝင်လာသည့် မွေးမြူရေးငါးနှင့်ချောင်းငါးများဖြစ်သော ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ် စသောငါးများမှာ လတ်ဆတ်မှုရှိပြီး ဈေးနှုန်း မှာ (၁၂၀၀၀)ကျပ် မှ (၃၅၀၀၀)ကျပ် ထိ အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်ပေါ် လျက်ရှိကြောင်းနှင့် အရွယ်အစားမှာ ပေါင်းစားစား၊ ချက်စားစား (၃၀)ကျပ်သားမှ တစ်ပိဿာကျပ်သား အရွယ်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်းနှင့် အမဲသား၊ ဝက်သား၊ ဆိတ်သားများ ဈေးနှုန်းကြီးမြှင့် လာသောကြောင့် ငါးစားသုံးမှု သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက်ဆောင်းမြေပဲဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်ဒေသထွက် ဆောင်းမြေပဲများ စတင်ထွက်ရှိပြီး ဖြစ်သည်။ ဆောင်းမြေပဲများကို မြေနုကျွန်းများဖြစ်သော ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဆီ၊ ကော့ထော်၊ ဝါးစူးနှင့် ရွှေဂွန်းစသော နယ်များမှ ဦးစွာထွက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ အထွက်နှုန်းနည်းပါးသေးသောကြောင့် ဈေးကောင်းရကြောင်းနှင့် ဒေသထွက်ဆောင်းမြေပဲ ဒေသ ပေါက်ဈေးတစ်ပြည်လျှင် (၅၀၀၀/၆၀၀၀)ကျပ် နှင့် ပြုတ်ပြီးသားမြေပဲ တစ်ဘူးလျှင်(၁၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက် ခရမ်းချဥ်သီး ဈေးနှုန်းအခြေအနေ

         ပွင့်လင်းရာသီ ဒီဇင်ဘလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ကိုင်းခရမ်းချဥ်သီး  ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကိုင်းခရမ်းချဥ်သီးမျာကို အကြီး၊အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ပြောကြားခဲ့သည်။ ဈေးကွက်အတွင်း ကိုင်းခရမ်းချဥ်သီး ဈေးနှုန်းမှာ ကိုင်းခရမ်းချဥ်သီး အလုံးကြီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ခရမ်းချဥ်သီး အလုံးသေး တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း