Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကြက်ဥနှင့်ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ကြက်ဥဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလတ် (၅၀၀) ကျပ် နှင့် အကြီး(၅၅၀) ကျပ် အထိ ရောင်းချလျက် ရှိကြောင်း၊ ဘဲဥဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥနှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင်ရောင်းချနေသော Cp ကြက်သား ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် အသီးအနှံများအပြင် Cp ကြက်သားများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော Cp ကြက်သားဈေးနှုန်းမှာ Cp ကြက်သား ၂၅ကျပ်သား (၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၂၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 မုံရွာမြို့တွင် မန်ကျီးပင်ဈေးတွင် ရောင်းချနေသော ရွှေဖရုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရွှေဖရုံသီး များ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရာသီစာသီးနှံများရောင်းချလျက်ရှိရာ ရွှေဖရုံသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့် သီးနှံများကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ရွှေဖရုံသီးဈေးနှုန်း များမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁) ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင် ရောင်းချနေသော ကျွဲကောသီးနှင့် ထိုင်ဝမ်ဗောက်သီး ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ကျွဲကောသီးနှင့် ထိုင်ဝမ် ဗောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။မော်လမြိုင်ဒေသထွက် ကျွဲကောသီးနှင့် ထိုင်ဝမ် ဗောက်သီးများကို ပြင်ဦးလွင်‌ဒေသထွက်ရှိသော သီးနှံများဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော ကျွဲကောသီးနှင့် ထိုင်ဝမ်ဗောက်သီးဈေးနှုန်းမှာ ကျွဲကောသီး တစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အလားတူ ထိုင်ဝမ်ဗောက်သီး ၅၀ကျပ်သား (၁၀၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅-၂၀၂၆ခုနှစ်၊ နွားထိုးကြီးမြို့နယ်၏ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု

      မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ ဆောင်းနေကြာများကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း သိရှိရသည်။  ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၉၅၈၆)ဧက ရှိသည့်အနက် စိုက်ပျိုးပြီးဧက (၃၀၅၇) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရန် ကျန်ရှိသော ဧကများ လျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ် တစ်ဧကအထွက်နှုန်း အနေဖြင့်(၂၃) တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၇၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။ နွားထိုးကြီးမြို့နယ်တွင် နေကြာဆီကြိတ်ခွဲ ထုတ်လုပ်ခြင်းမရှိကြောင်း၊ ‌ထွက်ပေါ်ချိန်တွင် နေကြာများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

သရက်မြို့၏ ကြက်သွန်နီ စိုက်ပျိုးပြီးစီးမှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် တောင်ဘက်ခြမ်းရှိ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကျောက်အိုင်၊ ရွာသစ်၊ မင်းတည်း၊ မြွေပွေး စသည့် ကျေးရွာများတွင် ကြက်သွန်နီများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

    ကြက်သွန်နီများကို ပျိုးပင်စိုက်ပျိုးခြင်းမှ အကွက်ချစိုက်ပျိုးခြင်းလုပ်ငန်းများကို နတ်တော်လ ဆန်းမှ စတင် စိုက်ပျိုးလျက်ရှိကြောင်း၊ ဧက(၀.၅၀)ဧက စိုက်ပျိုးရာတွင် ပျိုးစေ့ (၂)ပြည်ခန့်ကုန်ကျ ကြောင်း၊ ထွန်ယက်ခ၊ လုပ်အားခ၊ စိုက်ပျိုးခ၊ ဓာတ်မြေဩဇာစသည့် လုပ်အားခ အသီးသီးအတွက် ကုန်ကျစရိတ် (၁၄)သိန်း ဝန်းကျင် ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ကြက်သွန်များအား တပေါင်းလဆန်းတွင် ထွက်ရှိမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်က (၀.၅၀)ဧကလျှင် ကျပ်(၁၇)သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပိဿာချိန်(၂၅၀၀)ထွက်ရှိ၍ တစ်ပိဿလျှင် ကျပ်(၁၆၀၀)ရောင်းချခဲ့ရပြီး အကျိုးအမြတ် အနေဖြင့် ကျပ်(၂၃)သိန်းရရှိခဲ့ကြောင်း ကြက်သွန်နီစိုက်ပျိုးသူတောင်သူများ ထံမှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့ သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ၊  ကဗလာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် လူသုံးကုန်ပစ္စည်းများ၊ ဒေသထွက်အသီးအရွက်များဖြစ်သည့်  မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၆၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် (၆၅၀၀) ကျပ် မှ (၇၅၀၀) ကျပ် ၊ အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၆၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများနှင့် သပြေတောကျေးရွာများမှ ရှောက်ပန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ အုန်းပင်ကို အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်းပြုလုပ်နိုင်ပါကြောင်း သိရသည်။

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဒီဇင်ဘာလ တတိယပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/ အရင့်၊  အကြီး/ အသေးပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၃၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၁၉၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း