Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရုံးပတီသီးဈေးနှုန်းဈေးကွက်

          မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ မုံရွာမြို့များမှ ထွက်ရှိလာသည့် ရုံးပတီသီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရုံးပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညှိပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအား နည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်း အဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံးပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ ပုဇွန်ခြောက်ဖြင့်လည်းကောင်း ၊ ချဉ်ပေါင်ရွက်နှင့် အချဉ်ရည်ဟင်းချက်၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်လဘာလစတုတ္ထပတ်တွင် ရောင်းချနေသောရုံးပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

 

ဒီဇင်ဘာလဒုတိယပတ်တွင် မန္တလေးနှမ်းကျဆင်းလျက်ရှိ

       ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက်နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ)တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၈၅၀၀၀ ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ)၂၆၅၀၀၀ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊နှမ်းညို ၂၆၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၃၃၃ကျပ်နှင့် ၆၄၄၄ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၈၈၉ကျပ်နှင့်၆၀၀၀ကျပ်၊ နှမ်းညို ၅၇၇၈ကျပ်နှင့် ၆၁၁၁ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၅၅၆ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၅၅၆ ကျပ်၊နှမ်းညို ၇၀၀၀ ကျပ်နှင့် ၇၁၁၁ ကျပ်၊နှမ်းနီ ၇၇၇၈ ကျပ်နှင့်၇၈၈၉ ကျပ်၊ နှမ်းဝါ ၇၄၄၄ ကျပ်နှင့် ၇၅၅၆ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင်နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အစေ့ထုတ်ပြောင်းဆန်များ ဒီဇင်ဘာလဒုတိယပတ်တွင် ကျဆင်းလျက်ရှိ

      ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း) ၇၄၀၀၀ ကျပ်နှင့် ၇၅၀၀၀ကျပ်၊ ပြောင်းဖူးစေ့ (စီပီ) ၇၄၀၀၀ ကျပ် နှင့် ၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၃၇၀ကျပ်နှင့် ၁၃၈၉ကျပ်၊(စီပီ)၁၃၇၀ကျပ်နှင့် ၁၃၈၉ကျပ်စျေးတို့ ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)၁၆၃၀ ကျပ်နှင့် ၁၆၄၈ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၆၃၀ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၆၇၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်ဈေးနှင့် ယခင်နှစ်ကာလတူစျေးနှင့် နှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဒုတိယပတ်အတွင်း မြေပဲစျေးကျဆင်းလျက်ရှိ

         စျေးကွက်အတွင်းမြေပဲစျေးမှာ  ပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ယခင်နှစ်စျေးနှင့် နှိုင်းယှဉ်ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးမှာအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့် ပြည်ပသို့တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၃၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊S1 ဆီဆန်  ၇၇၀၀ ကျပ် နှင့်၇၈၅၀ကျပ်၊ Mတွဲလုံးဆန် ၈၃၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊M တွဲဆီဆန် ၇၈၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ အနီလုံးဆန် ၈၁၅၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ ပြန့်ဆီဆန် ၇၇၀၀ကျပ်နှင့် ၇၈၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၇၀၀ ကျပ်၊S1 ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ ကျပ်၊ အနီလုံးဆန် ၈၅၀၀ကျပ်နှင့် ၈၇၀၀ကျပ်၊ အနီဆီဆန် ၈၃၀၀ကျပ်နှင့် ၈၄၀၀ကျပ်၊Mတွဲလုံးဆန် ၈၉၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ M တွဲဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ ပြန်ဆီဆန် ၈၆၀၀ကျပ်နှင့် ၈၇၀၀ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ လျော့နည်းသွားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဒုတိယပတ်ရှိ မန္တလေးဆီကြိတ်ဖတ်စျေးကွက်

        မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်အတွင်း  မွေးမြူရေးတိရိစ္ဆာန်အစားအစာဖြစ်သည့် ဆီကြိတ်ဖတ်အမျိုးမျိုး စျေးကောင်းရလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ စားဆီကြိတ်ခွဲပြီးနောက် ထွက်ရှိလာသည့် မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များမှာ မန္တလေးကုန်စည်ဒိုင်စျေးကွက်အတွင်း မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများပြားသည့်အတွက် ကုန်စည်ဒိုင်စျေးကွက်တွင် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၇၅ဝိ/- နှင့် ၆၈၀ဝိ/-၊ နှမ်းဖတ် ၄၃၀ဝိ/- နှင့် ၄၄၀ဝိ/-၊နေကြာဖတ် ၃၃၀ဝိ/-နှင့် ၃၃၅၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သခွားမွှေးသီးစျေးမြင့်တက်လျက်ရှိသည့် မန္တလေးစျေးကွက်

     နတ်တော်လရာသီအတွင်း ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ မန္တလေးစျေးကွက်အတွင်း သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊  မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နတ်တော်လအတွင်း ငှက်ပျောသီးအမျိုးမျိုးအရောင်းသွက်လျက်ရှိ

         မန္တလေးစျေးကွက်တွင် နတ်တော်လအတွင်း ဘုရားပွဲနှင့်အလှူပွဲများ ကျင်းပသည့်အချိန်ဖြစ်၍ ငှက်‌ပျောသီးအမျိုးမျိုးအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးရောင်းချသည့် ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊ အထွက်နှုန်းခိုင်အရေအတွက်(၁၀၅၅.၈၂)နှင့် အထွက်ခိုင်အရေအတွက်(၁၃၅၅၁၄၄၀) ဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့် သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျှင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်)၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/- နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဂန္ဓမာပန်းမျိုးစုံ အရောင်းသွက်လျက်ရှိသည့် နတ်တော်လ

         စျေးကွက်အတွင်း နတ်တော်လအခါသမယအချိန်တွင် ဂန္ဓမာပန်းအမျိုးမျိုး ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ဂန္ဓမာပန်းမျိုးစုံအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်ရှိသည့် ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ပူစီနံဈေးနှုန်းနှင့်အသုံးဝင်ပုံ”

             ကျွန်တော်တို့ မြန်မာလူမျိုးများသည် ပူစီနံအပင်ကို အမျိုးမျိုးအသုံးပြုကြကြောင်း၊များသောအားဖြင့် ဒံပေါက်၊ စမူဆာစတာတွေနဲ့ တွဲစားလေ့ရှိပါကြောင်း၊ အချို့သည် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါတွေမှာလည်း ထည့်သုံးလေ့ရှိပါကြောင်း၊ ပူစီနံပင် သည် အသုံးဝင်တဲ့နေရာများသလို သူရဲ့ကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါကြောင်း ၊ ဓါတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း ၊ ပန်းနာရင်ကျပ်ရောဂါ ၊ သွေးတိုးရောဂါ၊ အအေးမိ ၊ ချွဲကျပ်ချောင်းဆိုး ၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်းစေကြောင်း သိရှိရပါသည်။ ပူစီနံပင်နှင့်အရွက်ရဲ့ အနံ့သည် စိတ်ပင်ပန်းကျပ်တည်းနေတာကို‌ ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းစေအောင် အထောက်အကူပြုပါကြောင်း‌ ၊ ပူစီနံတစ်စည်း လျင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ တုံလုံကျေးရွာမှ ပူစီနံစိုက်ပျိုးသူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA (မန္တလေး)

ညောင်တုန်းငှက်ပျောကြော် လုပ်ငန်း

   ညောင်တုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားမုန့်လုပ်ငန်း နွယ်နွယ်လွင် ငှက်ပျောကြော်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာခဲ့ကြသည်။ ၎င်းလုပ်ငန်းသည် ညောင်တုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် တွင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

    မုန့်လုပ်ငန်းကို ၁၉၉၀ခုနှစ်မှ စတင်လုပ်ကိုင်ဆောင် ရွက်လာကြောင်း သိရပြီး တစ်လလျှင် ၂၅ရက် ထုတ်လုပ်ကြော်ရကြောင်း ပိုင်ရှင် ဦးထွန်းကိုမှ ရှင်းပြသည်။ ကုန်ကြမ်း ငှက်ပျောသီးကို ညောင်တုန်းမြို့နယ်အတွင်းမှ ရရှိသလို တောင်ငူမြို့မှ လည်း ရရှိကြောင်း ရှင်းပြသည်။ ငှက်ပျောသီးများကို အလုပ်သမားများဖြင့် အခွံခွာ၊ ငှက်ပျော သီးကို ရေပေါ်တိုက်၍ ဆီအိုးဖြင့် ကျော်ရကြောင်း၊ တစ်အိုးလျှင် ၁၅မိနစ်ခန့်ကြော်ရပြီး ဆီစစ်၍ ငှက်ပျော်ကြော်ကို အအေးခံရကြောင်း၊ ကြော်ပြီးသား ငှက်ပျောကြော်များကို ၆ခွဲ၊ ၁ခွဲ ဗူးဖြင့် အချို၊ အမှည့် ဗူးထုတ်ပိုးပါသည်။ တစ်နေ့လျှင် အချို၊အမှည့်  ဗူးပေါင်း ၈၀၀-၁၀၀၀ခန့် ထုတ်လုပ်ကြောင်း သိရသည်။ အထုတ်အနေဖြင့် ၈၀၀ထုတ်ခန့်ထွက်ရှိသည် ဟု သိရသည်။ ဘူးကြီး အချို ၁ဗူးလျှင် ၃၀၀၀ကျပ်၊ အမှည့် ၁ဗူးလျှင် ၂၅၀၀ကျပ်၊ အထုတ်အသေး အချို ၁ထုတ် ၁၅၀၀ကျပ်၊ အမှည့် ၁ထုတ်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း