Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ

 စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်၍ စားအုန်းဆီများကို လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ရာမညရပ်ကွက်၊ ဝန်ထမ်းအိမ်ရာများ၊ (၂၅-၇-၂၀၂၃) ရက်နေ့တွင် ရှမ်းခြံနှင့်ရေကျော်ရပ်ကွက်၊ (၂၆-၇-၂၀၂၃) ရက်နေ့တွင် တောရကျောင်းလမ်းနှင့် ဒိုဘီချောင်ရပ်ကွက်၊ (၂၇-၇၀-၂၀၂၃) ရက်နေ့တွင် တာကိုင်းရပ်ကွက်နှင့် ရွှေမြင်တင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် Mobile စနစ်ဖြင့် တစ်ရက်လျှင် ရပ်ကွက် (၂) ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ (၅) လုံး၊ တစ်နေ့လျှင်ဆီပေပါ (၁၀) လုံး၊ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် စားသုံးသူပြည်သူများကိုရောင်းချပေးခဲ့ပြီး စားသုံးသူပြည်သူများက စနစ်တကျတန်းစီဝယ်ယူအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံခရိုင်၏ နွေနှမ်းစိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    မြင်းခြံခရိုင်သည် အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်၊ တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။

    မြင်းခြံခရိုင်သည် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် နွေနှမ်းစိုက်ပျိုးထားရှိမှု (၁၄၉၄) ဧကရှိပြီး လက်ရှိရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၁၀၀၀) ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၂.၈၆) တင်းနှုန်းခန့်ဖြင့် တင်းပေါင်း (၁၂၈၆၃) တင်းထွက်ရှိပြီဖြစ်ပါသည်။ ကျန်ရှိသောစိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိပါသည်။ ယခင်နှစ်စိုက်ပျိုးထားရှိမှုမှာ လျာထားဧက (၁၄၀၈) ဧကဖြစ်ပြီး စိုက်ပျိုးမှုမှာလည်း လျာထားချက်အတိုင်းစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၂.၉၆) တင်းနှုန်းဖြင့် တင်းပေါင်း (၁၈၂၄၇) တင်းထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်နွေနှမ်းစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် (၈၆) ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမှုအနေဖြင့် ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် စတင်စိုက်ပျိုးကြကြောင်းနှင့် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လဆန်းပိုင်းအထိ ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်းသိရှိရပါသည်။ နွေနှမ်းမှာ နှမ်းစိုက်ချိန်ကာလသုံးပါးတွင် ရေရာသေချာ၍ အထွက်နှုန်းကောင်းပြီး နွေနှမ်းအား ရေသွင်းနှမ်းဟူ၍လည်းကောင်း၊ မိုးကြိုနှမ်းဟူ၍လည်းကောင်း ဒေသတွင်းခေါ်ဆိုကြကြောင်းသိရှိရပါသည်။

     ယခုနှစ်မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် လျာထားဧက (၁၀၆၀) ဧက၊ စိုက်ပျိုးဧကမှာလည်း (၁၀၆၀) ဧကဖြစ်ပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၁၀၀၀) ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ တောင်သာမြို့နယ်တွင် လျာထားဧက (၂၈၄) ဧက၊ စိုက်ပျိုးဧကမှာလည်း (၂၈၄) ဧက၊ နွားထိုးကြီးမြို့ နယ်တွင် လျာထားဧက (၁၅၀) ဧက၊ စိုက်ပျိုးမှုမှာလည်း (၁၅၀) ဧကတို့ဖြစ်ပြီး ရိတ်သိမ်းမှုမရှိသေး ကြောင်းသိရှိရပါသည်။ ယခင်နှစ်မြင်းခြံမြို့နယ်၏ ကာလတူနွေနှမ်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၄၅၀၀) ကျပ်နှုန်းများရှိခဲ့ပြီး ယခုနှစ်ကာလတူတွင် တစ်ပိဿာလျှင် (၇၄၀၀၊ ၇၅၀၀) ကျပ်ဝန်းခန့်ဖြင့် မြင်းခြံကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

        အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်တွင် ဇူလိုင်လစတုတ္ထပတ်အတွင်း၌ ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များမှာ တောင်ပျံမွေး ဆန်တစ်အိတ်(၉၅၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်အိတ် (၇၅၀၀၀)  ကျပ်၊ စားအုံးဆီ တစ်ပိဿာ(၈၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ(၂၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ(၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ  (ကြူကုတ် ) တစ်ပိဿာ(၈၀၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ကုလားပဲ ခွဲခြမ်းတစ်ပိဿာ ၆၂၀၀ ကျပ်၊ မွေးမြူရေးကြက် တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ(၂၂၀၀၀)ကျပ် ၊ အမဲသား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာ (၁၃၀၀၀)  ငါးမြစ်ချင်း တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဘဲဥ တစ်လုံး(၂၃၀)ကျပ်၊ ကြက်ဥ တစ်လုံး (၂၈၀)ကျပ်တို့ဖြစ်ပြီး ဇွန်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်နှင့်ဆီဈေးနှုန်းတို့မှာ အနည်းငယ်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇူလိုင်လမတ်ပဲဈေးနှုန်းအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ဇူလိုင်လအတွင်း ဇွန်လဈေးဖြင့် နှိုင်းယှဉ်ပါက အနိမ့်ဈေးဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။ ဇူလိုင်လစတုတ္တပါတ်အတွင်း မတ်ပဲပိဿာ(၂၀)တစ်တင်းလျှင် (၇၄၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်နေကြောင်း တွေ့ရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ပေါက်ဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀)ကျပ် ဖြစ်ခဲ့ပြီး၊ စတုတ္တပါတ်တွင် (၇၄၀၀၀) ကျပ်သာ ရှိပါတော့သည်။ ဇူလိုင်လ ပထမပါတ်တွင် (၇၄၅၀၀) ကျပ်၊ စတုတ္တပါတ်ဈေးနှုန်းမှာ (၇၂၀၀၀) ကျပ် ဖြစ်ခဲ့၍ ဈေးမငြိမ်ဘဲဈေးနှုန်းအတတ်အကျဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လစတုတ္တပါတ်မှာတော့ (၇၄၀၀၀)ကျပ်ဈေးပေါက်နေကြောင်း သိရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ဈေးနှင့် ဇူလိုင်လ စတုတ္တပါတ်ပေါက်ဈေးနှုန်းနှိုင်းယှဉ်ပါက (၅၀၀၀) ကျပ်ထိ ဈေးကျသွားကြောင်း သိရှိရပြီး အရောင်းအဝယ်အနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက် အိတ်(၂၀၀-၂၅၀)ခန့် တင်ပို့ နေရကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

     “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

       ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)ရက်အတွင်း စပါး၊ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၂၅၅၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၀၂၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်နှင့် မြစ်ကြီးနားသို့ အိတ်ရေ ၂၀၀၀ စုစုပေါင်းအိတ်ရေ ၂၅၀၀ အိတ်၊ တန်အားဖြင့် (၁၂၅)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။      

DOCA(စစ်ကိုင်း)

ဘားအံမြို့ ကန်သာယာ(စနေနေ့)အခွန်လွတ်ဈေးတွင် ရောင်းချနေသော ကုန်ဈေးနှုန်းများအခြေအနေ

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကျဆင်းရေး ကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန်လွတ်ဈေးကို အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        ကန်သာယာ စနေနေ့အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် သား/ငါး အရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ဝက်သား ၁ ပိဿာ ၁၃၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သား(အိမ်ကြက်)၁၅၀၀၀ ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ ၇၀၀၀ ကျပ်၊ တီလားဗီးယား ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးမဲလုံး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ယိုးဒယား ငါးခုံးမ ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးခူ ၁ ပိဿာ ၆၃၀၀ ကျပ်၊ ငါးမုတ် ၁ ပိဿာ ၅၀၀၀ ကျပ်၊ ငါးတန် ၁ ပိဿာ ၄၆၀၀ ကျပ်၊ ပလာတူး ၁ပိဿာ ၆၀၀၀ကျပ်၊ ဘဲဥ ၁ လုံး ၃၀၀ကျပ်၊ ကြက်ဥ ၁ လုံး ၂၅၀ ကျပ်၊ ကန်စွန်းရွက်၁ စီး ၁၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁ စည်း ၁၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် ၇၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် ၇၀၀ ကျပ် ၊ သခွားသီး ၁ ပိဿာ ၁၈၀၀ ကျပ်၊ ခရမ်းချဉ် ၁ ပိဿာ ၁၈၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၂၅၀၀ ကျပ်၊ စားသုံးဆီ ၁ ပိဿာ ၅၃၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   အခွန်လွတ်ဈေးများတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း