“သုံးခွငပိကြော် အကြောင်း”
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အိမ်အမှတ် (၂၀)ရှိ မအေးပုစွန်ခြောက်ငပိကြော်လုပ်ငန်းမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိရာ မအေးပုဇွန်ခြောက် ငပိကြော်ကို အချိုနှင့်အစပ်(၂)မျိုးထုတ်လုပ်ပြီး သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေး တောင်ဘက်ပေါက်ဝတွင် ဆိုင်ခန်းငှားရမ်း၍ နေ့စဉ်နံနက်(၇)နာရီမှ (၁၁)နာရီအချိန်ထိ ရောင်းချကြောင်း သိရှိရပါသည်။
ငပိကြော်များကို ပုံမှန်အားဖြင့် တစ်ရက်လျှင် ပိဿာချိန်(၁၀)ပိဿာမှ (၁၅)ပိဿာအထိ ရောင်းချရ ကြောင်း၊ အော်ဒါမှာယူမှု အနည်းအများပေါ်မူတည်၍ ရောင်းချရကြောင်း၊ ငပိကြော်လုပ်ငန်းကို လုပ်ကိုင်ရာတွင် အလုပ်သမား ငှားရမ်းလုပ်ကိုင်ခြင်းမရှိဘဲ မိသားစု(၅)ဦး လုပ်အားဖြင့် ထုတ်လုပ်ကြောင်း၊ လုပ်ငန်းစတင် လုပ်ကိုင်စဉ်က ငပိကြော်(၁)ပိဿာဈေးနှုန်းမှာ (၈၀၀၀)ကျပ်ဖြစ်ပြီး ကာလကြာမြင့်လာသည်နှင့်အမျှ ကုန်ကြမ်း ပစ္စည်းဈေးနှုန်းများမှာလည်း တစ်စနှင့်တစ်စ မြင့်မားလာသည့်အတွက် ယခုအချိန်တွင် ငပိကြော်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်အထိ ဖြစ်လာကြောင်း သိရှိရပါသည်။
ငပိကြော်များကို ကြိုတင်ထုပ်ပိုးထားခြင်းမရှိပဲ ဝယ်ယူသူများ လိုအပ်သလောက်သာ ချိန်တွယ်၍ ရောင်းချကြောင်း၊ ငပိကြော်(၂၅)ကျပ်သားမှ (၅၀)ကျပ်သားအထိ ဝယ်ယူသူများကိုသာ မအေးပုစွန်ခြောက် ငပိကြော်တံဆိပ်ပါ ပလတ်စတစ်အိတ်များဖြင့် ထည့်သွင်းရောင်းချကြောင်း၊ အမှတ်တံဆိပ်ပါ ပလပ်စတစ်အိတ်ဖြင့် ရောင်းချလာခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် သက်တမ်းအားဖြင့် အနှစ်(၂၀)ခန့် ရှိပြီဖြစ်ကြောင်း ယခုအချိန်တွင်အဆိုပါ ငပိကြော်များကို ဒေသတွင်းရောင်းချရုံသာမက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သော မိသားစုများမှလည်း သုံးခွငပိကြော်အား ဝယ်ယူပြီး ပေးပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)