Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာ၌ ရှောက်သီး၊ သံပုရာသီးတို့ကိုတန်ဖိုးမြင့်စားသောက်ကုန်အဖြစ် အရောင်းမြှင့်တင်

          ရှောက်သီး၊ သံပုရာသီးတို့ကို မုံရွာမြို့နယ်အနေဖြင့် ညောင်ဖြူပင်နှင့် သစ်ဆိမ့်ရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးမြေကောင်း၍ ဖြစ်ထွန်းအောင်မြင်သေ ာနှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် မျိုးစေ့ချ၍စိုက်ပျိုးခြင်းမရှိဘဲ အပင်ကိုင်းကူး၍သာစိုက်ပျိုးပြီး အပင်များကို တစ်ပင်နှင့်တစ်ပင်ကြား ၁၅ ပေအကွာအဝေးဖြင့်စိုက်ပျိုးထားရှိပြီး သံပုရာသီးတစ်ဧကလျှင် အပင် ၇၀ ခန့် စိုက်ပျိုး၍ အထွက်နှုန်းကောင်းမွန်စေရန် ဓာတ်မြေဩဇာအနေဖြင့် နွားချေးကိုသာအသုံးပြု၍ ရေသွင်းစိုက်ပျိုးကြပါသည်။

          မုံရွာမြို့နယ်မှထွက်ရှိသော ရှောက်သီး၊ သံပုရာသီးများကို မုံရွာမြို့ပေါ်ရှိ အဝယ်ဒိုင်များမှ ခြံအထိလာရောက်ဝယ်ယူပြီး ၎င်းအဝယ်ဒိုင်များမှတစ်ဆင့် မန္တလေးမြို့နယ်၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့များအထိ တင်ပို့ကြကြောင်း၊ ယခုအချိန်တွင် သံပုရာသီးအလုံးသေးတစ်လုံးလျှင် ကျပ် ၈၀ ၊ အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၅၀ နှင့် ရှောက်သီးအလုံးသေးတစ်လုံးလျှင် ကျပ် ၂၀၀၊ အလုံး ကြီးတစ်လုံးလျှင် ကျပ် ၃၀၀ နှုန်းဖြစ်ကြောင်း သံပုရာသီးမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ရာသီနှင့် အလုံးအကြီးပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

          ထို့အပြင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီး၊ သံပုရာသီးများအား အခြေခံ၍ ရှောက်ပေါင်းချို၊ သံပုရာပေါင်းချိုပြုလုပ်ပြီး မန္တလေးမြို့နယ်၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာ သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ မေလဒုတိယအပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အတက်အကျရှိကြောင်း သိရှိရသည်။ မေလ ဒုတိယပတ်တွင် သံချောင်းလုံး ၃ မူး တစ်တန် ကျပ် ၁၁၇၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၀၈၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၁၇၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၇၅၀၀၊ အပါချီတစ်အိတ် ကျပ် ၇၃၀၀၊ Crown တစ်အိတ် ကျပ် ၇၇၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရသည်။

          မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာမူ အရောင်းအဝယ်ပါးကြောင်းသိရှိရပါသည်။ မေလဒုတိယပတ် တွင် အာမို (၁၅:၁၅:၁၅)၅၀kg ပါ တစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg ပါ တစ်အိတ်လျှင် ကျပ် ၉၇၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ်လျှင် ကျပ် ၉၇၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ယခင် အပတ်ထက် သံချောင်းလုံးတစ်တန် ကျပ် ၂၀၀၀၀ကျပ်ဈေးနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းမှာ တစ်အိတ် လျှင် ကျပ် ၅၀၀၀ ဈေးမြင့်တက်ခဲ့ပြီး၊ ဘိလပ်မြေတစ်အိတ် လျှင် ကျပ် ၃၀၀ ဈေးကျခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ ဆန်/စပါး ဈေးနှုန်း၊ဈေးကွက်အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ ဆန် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး)တို့သည် (၁၂.၅.၂၀၂၂) ရက်နေ့တွင် မြို့သာရပ်ကွက်ရှိ “ကျော်ထက်ခိုင်” ဆန်စက်လုပ်ငန်းရှင် ဒေါ်တင်တင်ချိုနှင့် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ကလေးမြို့နယ် ဒေသတွင်း စပါးစိုက်ပျိုးထွက်ရှိမှုအပေါ်တွင် ပိုလျှံလျှက်ရှိပြီး၊ ကလေးနယ်မှ အထက်ပိုင်း ချင်း( ၅ ) မြို့နယ်နှင့် မုံရွာ၊ မန္တလေးသို့ တင်ပို့နေရပြီး၊ တမူးမြို့မှတဆင့် အိန္ဒိယနယ်စပ်ထိ တင်ပို့ရောင်းချ နေသော ဒေသဖြစ်ကြောင်း၊ ကလေးမြို့၏ ယနေ့ရောင်းဝယ်မှု အခြေအနေမှာ ယခင်ကာလများက (၂၄) ပြည်တစ်အိတ် ရောင်းချရပြီး ယခုကာလရောင်းဝယ်မှုတွင်( ၃၀ ) ပိဿာအလေးချိန်ဖြင့် ချိန်တွယ်၍ တင်ပို့ရောင်းချရကြောင်း၊ စျေးနှုန်းအနေဖြင့် ကလေးဒေသရဲ့ ပေါ်ဆန်း(ဆန်ကြမ် )  (၂၈) ပိဿာဝင်( ၁ ) အိတ်လျှင် (၂၆၀၀၀) ကျပ်၊ ဧရာမင်ဆန်(၂၈) ပိဿာဝင်( ၁ ) အိတ်လျှင် (၃၅၀၀၀) ကျပ်၊ ဆင်းသုခဆန် (  ၂၈ )ပိဿာဝင်တစ်အိတ်လျှင် ( ၂၆၀၀၀ ) ကျပ်၊ မှော်ဘီဆန် ( ၂၈ ) ပိဿာဝင် ( ၁ )အိတ်လျှင် ( ၃၂၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။ စပါးဈေးနှုန်းအနေဖြင့် ဧရာမင်းစပါး ( ၁၆ )ပြည် တစ်တင်းလျှင် ( ၉၀၀၀ )ကျပ်၊ ဆင်းသုခစပါး(၁၆) ပြည် တစ်တင်းလျှင် ( ၇၅၀၀ )ကျပ်၊ ပေါ်ဆန်စပါး( ၁၆ )ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ပေါက်ဈေးရှိကြောင်း ယခုကာလတွင် စပါးဆန်ရောင်းဝယ်မှုနေဖြင့် စားဆန်အဖြစ်သာ တင်ပို့ရောင်းချရလျက်ရှိကြောင်း၊ လစဉ်တစ်လ လျှင် ဆန်အိတ် ( ၁၅၀၀၀မှ ၂၀၀၀၀ )ခန့် မုံရွာ၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း ဆန်ကုန်သည် တစ်ဦး၏ ‌ပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖွံ့ဖြိုးဝေစည်လာမည့် ရခိုင်ပြည်နယ်၊ ဂွမြို့

         ဂွမြို့နယ်သည် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးတွင် ကျရောက်သောမြို့တစ်မြို့ဖြစ်ပြီး သံတွဲခရိုင်အတွင်းတည်ရှိပါသည်။ ဧရာဝတီတိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး  အလွန်သာယာလှပသော ကမ်းသာယာကမ်းခြေနှင့် ဂွမြို့နယ်၏ ထူးခြားလှပသော နာမည်ကျော် ဂွကျွန်းအလှကိုလည်း ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမည် ဖြစ်ပါသည်။  လူဦးရေ (၆)သောင်းကျော်ခန့်နေထိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဂွမြို့နယ်မှ သစ်၊ ဝါး၊  မျှင်ငပိ၊ ငါးခြောက်များထွက်ရှိသည်။

          စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့နှင့် (၁၄၆)မိုင်ခန့်သာ ကွာဝေးသောကြောင့် ပြည်မနှင့်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်ပါသည်။  ဂွ-မကျည်းငူ တံတားအား ဆောက်လုပ်နေပြီး တံတားပြီးစီးပါက ဂွမြို့နယ်မှတဆင့် ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ လွယ်ကူလျင်မြန်စွာ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်ပါသည်။ ၎င်းအပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ပေးမည့် ငရုတ်ကောင်း-ဂွကမ်းခြေပတ်လမ်းစီမံကိန်းကို အကောင်အထည်‌ဖော်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စီမံကိန်းပြီးစီးပါက ဂွမြို့ ကမ်းခြေခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသခံ ပြည်သူများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိလာနိုင်ပါသည်။

          သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေး‌ကောင်းမွန်လာသည်နှင့်အမျှ နောင်တစ်ချိန်တွင် ဂွမြို့နယ်၏ လူမှုစီးပွားဘဝမှာလည်း များစွာဖွံဖြိုးတိုးတက်လာမည့်မြို့တစ်မြို့ ဖြစ်လာနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ရခိုင်)

မုံရွာခရိုင်အတွင်း ဆီစက်များ၏အခြေအနေ

             နိုင်ငံတော်အနေဖြင့် ပြည်သူများကျန်းမာရေးရှု့ထောင့်အရ ဆီစားသုံးမှုလျှော့ချနိုင်ရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားသုံးဆီထုတ်လုပ်မှုတိုးတက်စေရေးနှင့် ထုတ်လုပ်သည့်စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိ လာစေရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများတိုးပွားလာစေရေး၊ ဆီထွက်သီးနှံကဏ္ဍ(Supply Chain)တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားငွေအသုံးပြုမှုလျော့နည်းသက်သာစေရေးတို့အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

             စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်၌ ယခုအချိန်တွင် ဆီထွက်သီးနှံလက်ကျန်အနေဖြင့် သီးနှံပေါ်ချိန်ကျော်လွန်သွားပြီဖြစ်၍ တောင်သူ၊ ကုန်သည်များတွင် လက်ကျန်အနည်းငယ်သာ ကျန်ရှိကြောင်း၊ ဆီစက်များတွင်လုပ်ငန်းလည်ပတ်ကြိတ်ခွဲထုတ်လုပ်ရန်အတွက်သာ ကျန်ရှိနေကြကြောင်း၊ ယခုရာသီသည် မိုးမြေပဲစိုက်ပျိုးရန် မျိုးဝယ်ယူစုဆောင်းရချိန်ဖြစ်ခြင်း၊ မိုးနှောင်းဆီ ထွက်သီးနှံအားနည်းသည့်နှစ်ဖြစ်ခြင်း၊ ဆီထွက်သီးနှံဈေးကောင်းရသဖြင့် တောင်သူများသည်မျိုးမချန် ဘဲရောင်းချပါက မျိုးရှားပါးမှုအခက်အခဲရှိနိုင်သဖြင့် မြေပဲ၊နှမ်း ပြည်ပတင်ပို့မှု ယာယီပိတ်သည်မှာ ဖြစ်သင့်ပါကြောင်း၊ မြေပဲဆံဈေးနှုန်းကျဆင်းသွားနိုင်သဖြင့် (၁)ပိဿာ ၃၀၀၀/ကျပ် အောက်ရောက်လျှင် တောင်သူများအရှုံးပေါ်နိုင်ကြောင်း၊ သို့ရာတွင် စားအုန်းဆီဈေးနှုန်းများစွာ လျော့နည်းကျဆင်းခြင်း မဖြစ်ဘဲ (၁)ပိဿာလျှင် ၆၅၀၀/ကျပ်ခန့်တွင် တည်ငြိမ်အောင် သွင်းကုန်ကန့်သတ်မှုရှိနေပါက ‌‌‌‌ပဲဆီသုံး စွဲမှုအရ မြေပဲဆံဈေးနှုန်းအလွန်အမင်း ကျဆင်းသွားနိုင်ခြေမရှိကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုး တောင်သူများလည်း အကျိုးအမြတ်ရရှိသည့်အပြင် စားသုံးသူများလည်း ထိခိုက်မှုမများနိုင်ကြောင်း လေ့လာသိရှိရပါသည်။

          မုံရွာခရိုင်တွင် ဆီစက်(၁၄၅) စက်စာရင်းရှိသည့်အနက် (၁၂) စက်ရပ်နားထားပြီး အချို့စက်များမှာအခြားလုပ်ငန်းများသို့ပြောင်းလဲလုပ်ကိုင်ခြင်းများတွေ့ရှိရသဖြင့် ၁၂ ရာခိုင်နှုန်းခန့်သာလည်ပတ်နိုင်ကြောင်း၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ရပ်နားထားသောစက်များ ပြန်လည် လည်ပတ်လာနိုင်မည်ဟု သုံးသပ်ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

                ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၊သီရိမင်္ဂလာဈေးတွင် မေလ (၃) ရက်နေ့မှ မေလ (၁၀) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေးမြို့မှ ဒူးရင်းသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၁၀၀၀ မှ ၇၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀၀ မှ ၅၀၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၄၀၀၀ မှ ၃၀၀၀၊ ဖျာပုံမှ နှင်းသီး အလုံး ၁၇၀ ပါ ၁ခြင်းလျှင် ကျပ် ၇၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀ မှ ၅၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၄၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ၁လုံးလျှင် ကျပ် ၈၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၅၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ၁လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၃၀၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၀ ၊  မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၃၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၊ ဟင်္သတ မှ သရက်သီး (စိန်တလုံး) အလုံးကြီး ၃၆ လုံး ပါ တစ်ခြင်းလျှင် ကျပ် ၂၂၀၀၀၊ အလုံး လတ် ၄၅ လုံး ပါ တစ်ခြင်းလျှင် ကျပ် ၁၆၀၀၀၊ အလုံးသေး ၅၀ လုံး ပါ တစ်ခြင်းလျှင် ကျပ် ၁၂၀၀၀ ၊ တွံတေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီး ၈၅ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ် ၁၂၀ လုံးပါ တစ်ခြင်းလျှင် ကျပ် ၇၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၃၅၀၀၀၊ အလုံးလတ် တစ်ခြင်းလျှင် ကျပ် ၃၀၀၀၀၊ (၁၀) ကျပ်သားဗူး ၁ဗူးလျှင် ကျပ် ၇၀၀ ဈေး အသီးသီးရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စက်သုံးဆီများ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ ဈေးကွက်ကြပ်မတ် ဆောင်ရွက်

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ မိမိခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ 9.5.2022 ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းထားသည့် လက်လီဈေးနှုန်းများနှင့် မြေပြင် လက်ရှိဈေးနှုန်းများ တူညီမှု ရှိ/မရှိ၊ လိုသလောက်ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ စက်သုံးဆီလုံလောက်မှု ရှိ/မရှိနှင့် ဆီကန်လက်ကျန် ကျန်ရှိမှုအခြေအနေတို့ကို သိရှိနိုင်ရန် ဈေးကွက်စောင့်ကြည့်ကြပ်မတ် ကွင်းဆင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဟင်္သာတခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိပြီး ဈေးကောင်းရလျက်ရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၂ ခုနှစ်တွင်‌ နွေစပါး စိုက်ဧက ၃၇၂၅၃ ဧက စိုက်ပျိုးခဲ့ပြီး၊ ဧပြီလကုန် မေလဆန်းတွင် နွေစပါးများ စတင်ထွက်ရှိလာကာ ဈေးကွက်ဝင်ရောက်လာပါသည်။ နွေစပါးကို GW 11၊ ပခန်းရွှေဝါ၊ ဆင်းသုခ၊ မနောသုခ၊ မှော်ဘီ (၃)၊ သီးထပ်ရင်၊ ထိုင်း (၉၀) မျိုးများကို စိုက်ပျိုးကြပြီး၊ တစ်ဧက ပျမ်းမျှ တင်း(၉၀) နှုန်းထွက်ရှိပြီး၊ ပေါင် (၅၀) တင်းတရာ လျှင် စက်အရောက် ၇၆၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်ဈေးရလျက်ရှိပြီး တောင်သူတို့ဈေးကောင်းရလျက် ရှိပါသည်။ နွေဆန် ဆင်းသုခ ၁၀၈ ပေါင် တစ်အိတ်လျှင် လက်လီဈေး ၃၀၀၀၀ ကျပ်၊ လက်ကားဈေး ၂၉၅၀၀ကျပ်၊ ထိုင်း (၉၀) ၁၀၈ ပေါင်တစ်အိတ်လျှင် လက်လီဈေး၂၉၅၀၀ ကျပ်၊ လက်ကားဈေး ၁၀၈ပေါင်တစ်အိတ်လျှင်  ၂၉၀၀၀ကျပ်၊ ဖွဲနုပေါင် (၇၀) တစ်အိတ်လျှင် ၁၃၀၀၀ ကျပ် ဈေးပေါက်ပြီး အရောင်းအဝယ်သွက်လျှက် ရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းဆန်ဈေးနှုန်း အနည်းငယ် အတက်/အကျရှိ

             ဆန်/စပါးသည် ကယားပြည်နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး ပြည်နယ်တွင်းထွက်ရှိသော ဆန်များကို အခြားဒေသများသို့တင်ပို့ခြင်း ၊အခြားဒေသများမှလည်း ဆန်များတင်သွင်ခြင်းဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိပြီး မေလဆန်းပိုင်းမှ မေလဒုတိယပတ်အတွင်း အခြားဒေသမှဆန် အိတ်ရေ(၁၂၈၀)အိတ် ဝင်ရောက်လျှက်ရှိပြီး အခြားဒေသသို့ဒေသဆန် (၂၂၀)အိတ်ခန့်တင်ပို့နိုင်ကြောင်း ပူးပေါင်း စစ်ဆေးရေးဂိတ်စာရင်းအရ သိရှိရပါသည်။ ဈေးကွက်အတွင်း ဒေသဆန် ဈေးနှုန်းများမှာ ရွှေရင်အေး (၂)တစ်အိတ်လျှင် (၃၈၀၀၀)ကျပ် ၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၈၅၀၀)ကျပ်ရှိပြီး အခြားဒေသဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၆၆၀၀၀)ကျပ် ၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် (၅၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ယခင်ဧပြီလစတုတ္တအပတ်တွင် ရွှေရင်အေး(၂)တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀)ကျပ် ၊ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ မြောင်းမြ ပေါ်ဆန်းတစ်အိတ်လျှင် (၅၈၀၀၀)ကျပ်ဖြစ်ပြီး  တရုတ်မွှေးတစ်အိတ်လျှင် (၂၅၀၀)ကျပ် ၊ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်အိတ်လျှင်(၁၀၀၀)ကျပ် အနည်းငယ် ဈေးတက်လျှက်ရှိပြီး ရွှေရင်အေး(၂)တစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့်ကျဆင်းသွားကြောင်း၊ ဈေးကွက်အတွင်း ဆန်အရောင်းအဝယ်မှာလည်း အသင့်အတင့်သာရှိပြီး ဆန်ဈေးအနည်းငယ် အတက်/အကျရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဓာတ်မြေဩဇာဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

            ကယားပြည်နယ်တွင် သီးနှံများ စိုက်ပျိုးရာသီချိန် ရောက်ရှိလာပြီးဖြစ်သဖြင့် ဈေးကွက်အတွင်း သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ရွေဒင်္ဂါး(50kg) (၅၃၀၀၀)ကျပ်၊GBS. (50k) (၆၅၀၀၀)ကျပ်၊ နေရွက်လှေ (50kg) (၉၀၀၀၀)ကျပ်၊ ရွှေမြင်းပျံ (50kg) (၉၆၀၀၀)ကျပ် ၊ အာမို (50kg)(၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်နှစ်စိုက်ပျိုးရာသီချိန် ဓာတ်မြေဩဇာ ဈေးနှုန်းများထက် ယခုနှစ်တွင် ထက်ဝက်ခန့် မြင့်တက်လျှက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်း မြှင့်တက်လာသဖြင့် သယ်ယူစရိတ် မြှင့်တက်လာခြင်း၊ မူလဝယ်ရင်းဈေးနှုန်းများ မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေပြည်ဟိန်း ဓာတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း