Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၂၈၉၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၀၄၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၇၉၀)ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

    ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၃၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၁၈၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၄၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၁၅)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၁၄၀)၊ ဓါတ်ဆီ(95 ) တစ်လီတာလျှင် ကျပ်(၁၄၅) ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၅) ယခင်အပတ်ထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှရောင်းချသည့် ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်) အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံများ၏ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၆၆၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၅၉၀၀၀၊ မတ်ပဲ ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၉၈၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၂၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၅၇၅၀၀၊ မြေပဲ(အသစ်) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၅၀၀၀၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

   ဇန်နဝါရီလ(စတုတ္တပတ်)အတွင်း၌ ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၂၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် (တစ်တင်း)လျှင် ကျပ်၆၀၀၀၀၊ မတ်ပဲ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၀၁၂၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၇၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၂၀၀၀၊ ပဲပုပ် ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၁၀၀၀၊ မြေပဲ(အသစ်) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၅၈၅၀၀ဈေးနှုန်းဖြစ်ပေါ်နေပါသည်။

     သို့ဖြစ်၍ ဇန်နဝါရီလ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက စတုတ္တအပတ်တွင် ပဲဈေးနှုန်းအခြေအနေမှာ သိသိသာသာဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ ထိုသို့ ပဲဈေးနှုန်းမြှင့်တက်လာရခြင်းသည်  ပဲမျိုးစုံရှားပါးလာခြင်းကြောင့်လည်းကောင်း၊  ပဲစတင်စိုက်ပျိုးချိန်ဖြစ်ပြီး ပဲထွက်ပေါ်သည့်ရာသီချိန်မဟုတ်ခြင်းကြောင့်လည်းကောင်း ပဲဈေးနှုန်းတက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘားအံမြို့၊ ရေပေါ်ဈေး၌ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်

 ဘားအံမြို့၊ ရေပေါ်ဈေးကိုအခြေခံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းဈေးကွက်ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကိုသိရှိစေရန်အတွက် ကုန်ဈေးနှုန်းစာရင်းများကောက်ယူလျက်ရှိရာ (၂၅-၁-၂၀၂၄) ရက်နေ့မှ (၃၁-၁-၂၀၂၄) ရက်နေ့ထိဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ  ဧည့်မထဆန်တစ်ပြည်လျှင် ၃၅၀၀ကျပ်၊ ပေါ်ဆန်း (သထုံ)မွှေးဝါတစ်ပြည်လျှင် ၅၄၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၉၀၀ကျပ်၊ ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းစတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၇၀ကျပ်၊ ဘဲဥတစ်လုံးလျှင် ၃၅၀ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်ကြောင်းနှင့် အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

     ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ဧည့်မထဆန်တစ်ပြည်လျှင် ယခင်အပတ်တွင် ၃၂၀၀ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၃၅၀၀ကျပ်၊ ပေါ်ဆန်းဆန်တစ်ပြည်လျှင်  ယခင်အပတ်တွင် ၅၂၀၀ကျပ်မှ ယခုအပတ်တွင် ၅၄၀၀ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ပြီး ကျန်စားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် ဧည့်မထ (သုခ) စပါးမှာ တောင်သူလက်ကျန်နည်းပါးလာခြင်းကြောင့်လည်းကောင်း၊ ပေါ်ဆန်း(သထုံမွှေးဝါဆန်)မှာ အဟောင်းဝင်ရောက်မှုနည်းပါးလာသောကြောင့်လည်းကောင်း ဈေးနှုန်းအနည်းငယ်တက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ကရင်)

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇန်နဝါရီလ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇန်နဝါရီလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၅၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက နှမ်းဆီသန့် ဈေးနှုန်းမှာ (၁၀၀၀)ကျပ် ဈေးနှုန်း ကျဆင်းခဲ့ပြီး စားအုန်းဆီနှင့် ပဲဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဇန်နဝါရီလ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၅၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၈၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၆၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၇၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၉၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၁၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၂၅)ကျပ် ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဖြင့် အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဇန်နဝါရီလ စတုတ္ထပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ တတိယ ပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၆၄၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၇၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၆၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၆၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၁၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၈၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဇန်နဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၅၀ )ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၅) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀) ကျပ်ဈေးနှုန်း အသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ် ၂၇ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်၌ သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး လျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင်၅၇၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ (၁၆) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး(၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက် ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

“မလှိုင်မန်ကျည်းမှည့်လှောင်လက် တက်ဈေးမျှော်”

    မလှိုင်မြို့နယ်တွင် မန်းကျည်းသီးမှည့်ထွက်ပေါ်ချိန်မှာ နှစ်စဉ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ထွက်ပေါ်ပြီး မတ်လတွင် ဖြိုင်ဖြိုင်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ အသီးအားနည်းကြောင်းတွေ့ရှိရပြီး အထွက်နည်းနိုင်ကြောင်း၊ မန်ကျည်းသီးရောင်းဝယ်သူများထံမှသိရှိရပါသည်။ မလှိုင်မြို့နယ်တွင်း မကျည်းသီးမှည့်ကုန်သည်နည်းပါးသော်လည်း လက်ရှိမန်ကျည်းမှည့်လှောင်လက် ကုန်သည်၏ပြောပြချက်အရ ယခုနှစ်၌ မန်ကျီးအဟောင်းတစ်ပိဿာလျှင် (အသားဖတ်) ၃၀၀၀ကျပ်ခန့်ရှိပြီး အရောင်းမရှိကြောင်း မတ်လကုန်ထိ တက်ဈေးမျှော်လျက်ရှိပြီး မြို့နယ်တွင် ကုန်ချိန် (၂) သိန်းခန့်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဆည်ခရိုင်၏ ခရမ်းသီးစျေးနှုန်းစျေးကွက်အခြေအနေ”

   ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ခရမ်းသီးအလုံးသေး(မြုပ်ခရမ်း)နှင့် အလုံးကြီးမျိုး (555) မျိုးများကို နေရာဒေသအလိုက်စိုက်ပျိုးကြပြီး ကျောက်ဆည်မြို့နယ်ရှိ ပုန်းညက်ကျေးရွာ၊ အင်ရောင်းကျေးရွာနှင့် မင်းစုကျေးရွာများတွင်အများဆုံးစိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ နှစ်လခွဲသုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှစ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေး(မြုပ်ခရမ်း)မှာ ပိဿာ(၃၀၀-၄၀၀)ခန့်ထွက်ရှိပြီး အလုံးကြီးမျိုး (555) မှာ ပိဿာ(၅၀၀-၆၀၀)ခန့်အထိထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် အနည်းဆုံး (၄)လကျော်အထိခူးဆွတ်နိုင်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၈၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် စဉ့်ကိုင်မြို့ပေါ်ရှိ ပွဲစားများက အခင်းထဲအရောက် သုံးဘီးဖြင့်လာရောက်ဝယ်ယူကြောင်း၊ စျေးနှုန်းအနေဖြင့် ပွဲစားအလုံးသွင်းစျေး (၁)ပိဿာလျှင် အလုံးသေး(မြုပ်ခရမ်း)(၅၀၀)ကျပ်၊ အလုံးကြီးမျိုး (555) (၄၀၀)ကျပ်စျေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အလုံးကြီးမျိုးကို လူတိုင်းမနှစ်သက်သည့်အတွက် အရောင်းအဝယ်အေးကြောင်း၊ အလုံးသေး(မြုပ်ခရမ်း)မှာ ထမင်းဆိုင်များက ဖောက်သည်ယူသောကြောင့် အရောင်းအဝယ်ကောင်းပြီး စျေးနှုန်းမြင့်ကြောင်း၊ ရွာများမှဝယ်ယူလာသော ခရမ်းသီးများကို ပွဲစားများက ရန်ကုန်၊ မော်လမြိုင်နှင့် ညောင်တုန်းမြို့များသို့ တင်သွင်းဖြန့်ဖြူးရောင်းချကြောင်း ခရမ်းသီးစိုက်ပျိုး သော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ယာမြေများတွင်စိုက်ပျိုးသော ကုလားပဲ(ဆောင်း)များ စတင်ထွက်ပေါ်”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ (ဆောင်း) စိုက်ပျိုးမှုအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ကျောက်ဆည်မြို့နယ်တွင် (၂၈၄၂၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄) ဧက၊ မြစ်သားမြို့နယ်တွင် (၃၃၆၁၂)ဧက၊ စုစုပေါင်း(၇၈၃၄၂)ဧကစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကုလားပဲ (ဆောင်း) ကို ယာမြေများ၌ အောက်တိုဘာလတွင် မိုးရေအစိုဓာတ်ဖြင့်စိုက်ပျိုးကြပြီး တချို့မှာမူ ရေစက်များဖြင့် ရေတင်၍စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ကုလားပဲကို မျိုးအနေဖြင့် V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး V2 ကုလားပဲမျိုးကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုးစေ့ ၁တင်း/ ၁တင်းခွဲနှုန်းခန့်ပတ်ကြဲရကြောင်း၊ တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြစ်စိုက်ပျိုးကြသည့်အပြင် တချို့မှာမူ စိုက်ပျိုးချိန်ရောက်မှသာ စျေးကွက်အတွင်းမှ ဝယ်ယူ၍စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုနှစ်စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးစျေးနှုန်းအနေဖြင့် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ကုလားပဲ V2 တစ်တင်းလျှင် (၈၆၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ယာမြေများတွင်စိုက်ပျိုးသော အစောစိုက်ကုလားပဲများမှာ ယခုအချိန်တွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၅၃၀၀၀)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၆၃၀၀၀)ကျပ် စျေးနှုန်းတို့ရှိခဲ့ပြီး ယခုနှစ် ကုလားပဲစတင်ထွက်ပေါ်ချိန်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၉၈၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၃၀၀၀၀)ကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာကာ မိသားစုအပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း