Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ နောက်ဆုံးပတ်တွင်  ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၄၅၀၀၊ ပဲတီစိမ်း(သေး) တစ်တင်း ကျပ်၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၅၅၀၀-၄၆၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၇၀၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၅၀၃၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၀၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

                ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၅၀၀၊ ဂျုံနီတစ်တင်း ကျပ် ၄၂၅၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၈၅၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၆၂၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀-၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၅၄၀၀၀-၅၈၅၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၁၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၄၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၄၂၀၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၅၂၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းကျပ် ၅၀၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၆၅၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းကျပ် ၆၁၀၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၃၀၀-၄၃၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၃၀၀-၄၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၁၉၀၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၃၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၈၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

                ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းနှင့် ဆီထွက်သီးနှံဈေးနှုန်း များဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ ဈေးကျနေကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစိစစ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည်(၂၅.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးဆီရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

                   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်မှ စားသုံးဆီရောင်းချပေးခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိင်ရေး အတွက် စားသုံးဆီများကိုဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိ သည့် စားသုံးဆီပိဿာ(၄၄၀၀)အား တစ်ပိဿာလျှင် ရည်ညွှန်းဈေး(၅၈၅၀)ကျပ်ဈေးဖြင့် ပြည်သူ တစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးလျှက်ရှိသော လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်ရှင်အနေဖြင့် စားသုံးဆီရောင်းချမှုပုံစံနှင့် အချိန်အတွယ်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေသထွက်စပါးဈေးနှုန်း မြှင့်တက်လျက်ရှိ

              ကယားပြည်နယ်တွင်စပါးကို နွေ/မိုး အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်း စိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိက တင်ပို့နေကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ၊ စပါး (နွေ၊မိုး) စိုက်ဧက (၇၂၀၉၅)၊ ရိတ်ဧက (၇၁၉၃၈)၊ အထွက်(၄၇၅၀၅၃၈) တင်းထွက်ရှိပြီး ယခုလက်ရှိ ပြည်နယ်အတွင်း စပါးလက်ကျန်မှာ တောင်သူ များထံ(၁၇၀၀၀၀၀)တင်း၊ ဆန်စက်များတွင် (၁၅၀၀၀၀)တင်း စုစုပေါင်း(၁၈၅၀၀၀၀)တင်း သာကျန်ရှိကြောင်း ၊ ယခုဇွန်လအတွင်း ဒေသထွက်စပါးဈေးနှုန်းမှာတင်း(၁၀၀)လျှင်( ၈၇၀၀၀၀ )ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် မေလအတွင်း စပါးဈေးနှုန်းမှာတင်း (၁၀၀)လျှင် (၈၄၀၀၀၀) ကျပ်ဈေးသာရှိခဲ့ပြီး  ယခင်မေလနှင့် ယခုဇွန်လနှိုင်းယှဉ်လျှင် စပါးတင်း(၁၀၀)လျှင်(၃၀၀၀၀) ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ပြည်နယ်တွင်း စပါးလက်ကျန် လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းလျှက်ရှိ

                ကယားပြည်နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ယခုမိုးရာသီအချိန်တွင် ၎င်းဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း အများအပြားဝင်ရောက်လာရာ ဒေသ ထွက် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု ဇွန်လအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၅၀၀)ကျပ်၊ အသေး(၂၀၀)ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၈၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် မေလ နှင့် ယခု ဇွန်လ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၃၀၀)ကျပ် ၊အသေး (၂၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်  ဈေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့၊  သီရိမင်္ဂလာဈေးရှိ ဂေါ်ဖီထုပ် ရောင်းချ သော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

လွိုင်ကော် ဈေးကွက်အတွင်း၌ အရောင်းသွက်နေတဲ့ တညင်းသီး

        ရာသီအချိန်ကာလဖြစ်သော တညင်းသီးးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ကြိုက်နှစ်သက်၍ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ တညင်းသီး များကို ကယားပြည် နယ် ၊လွိုင်ကော်မြို့နယ် ဒေသရှိကျေးရွာများမှ ထွက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား အချိန်ရာသီ ဖြစ်၍ ဈေးကောင်းရပြီး အဝယ်လည်းလိုက်နေပါသည်။ အခုအဈေးကွက်အတွင်း ရောင်းချ‌နေ သော ကယားပြည်နယ်ထွက် တညင်းသီး များသည် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးတွေ့ရပြီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ တညင်းသီး (စာကလေး) အချော တစ်လုံး လျှင် ကျပ် ၆၀ မှ ၈၀ ကျပ်၊ တညင်းသီး (စာကလေး)အလတ် တစ်လုံးလျှင် ကျပ် ၄၀ မှ ၅၀ ကျပ်၊ တညင်းသီး (ထောပတ်)အချော တစ်လုံးလျှင် ကျပ် ၅၀ မှ ၆၀ ကျပ်၊ တညင်းသီး ( ထောပတ် ) အလတ်တစ်လုံး လျှင် ကျပ် ၄၀ မှ ၅၀ ကျပ် ထိရှိပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိ၍ ဈေးကောင်း ရပြီး အဝယ်လိုက်နေကြောင်း သိရှိရပါတယ်။

DOCA(ကယား)

တစ်ရိပ်ရိပ်မြှင့်တက်နေသောကြက်သွန်နီစျေးနှုန်း

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ ရောင်းချခဲ့ရပြီး အရှုံးမရှိခဲ့သော်လည်း တောင်သူများအနေဖြင့် တွက်ချေမကိုက်၍ အချို့ကိုသာ ရောင်းချခဲ့ရပြီး ကျန်ရှိသည့်ကြက်သွန်နီများကို အိမ်တွင်သိုလှောင်ထားခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီစျေးကွက်မှာ (၇၀၀/-)ကျပ်မှ (၈၀၀/-)ကျပ်အထိ စျေးနှုန်းများ အနည်းငယ်မြှင့်တက်လာခဲ့ပြီး လက်ရှိအချိန် ဇွန်လတတိယပတ်မှစ၍ ကြက်သွန်နီစျေးနှုန်းမှာ အကြီး၊အသေး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်မှ (၂၀၀၀/-)ကျပ်အထိ မြင့်တက်လျက်ရှိပါသည်။ စျေးနှုန်းများမြင့်တက်လာသဖြင့် ကြက်သွန်စိုက် တောင်သူများ၊ ပွဲစားများမှာ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့ပါသည်။ ကြက်သွန်နီစီးဆင်းမှုအနေဖြင့် ရန်ကုန်၊ မန္တ‌လေးနှင့် မြဝတီမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီစျေးကွက်မှာ ယခင်နှစ်ထက်စာလျှင် တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ပဲတီစိမ်း(မိုးကြို/မိုး)ဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့် စျေးကွက်အခြေအနေ

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး၊ ၄င်းသီးနှံများအနက်မှ ပဲတီစိမ်း(မိုးကြို/မိုး)ကိုလည်း အများအပြားစိုက်ပျိုးလျှက်ရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (၄၃၁၉၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် (၂၅၆၈၀)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သွင်းအားစုစရိတ်များ မြှင့်တက်နေမှုကြောင့် ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးပြီး ပဲတီစိမ်း(မိုးကြို/မိုး)ကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး၊ မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း(၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးစေ့အနေဖြင့် တစ်ဧကလျှင် (၅-၆)ပြည်ခန့်ကုန်ကျကြောင်း တစ်ဧကကုန်ကျစရိတ်မှာ မျိုး၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၃၀၀၀၀၀/-)ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါသည်။ ယခုအချိန် ပဲတီစိမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိကြောင်း၊ ဇွန်လ တတိယပတ်အထိ မြို့နယ်များ ရိတ်သိမ်းပြီးဧကများမှာ ကျောက်ဆည်မြို့နယ်တွင် (၅၀၀၀)ဧက၊ စဥ့်ကိုင်မြို့နယ် (၃၅၀၀)ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၃၉)ဧက ရိတ်သိမ်းပြီး တံတားဦးမြို့နယ်တွင် ရိတ်သိမ်းမှုမရှိသေးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးကောင်း၍ ထွက်နှုန်းကောင်းပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅)တင်းထိထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ် ပဲတီစိမ်းတစ်တင်းလျှင် (၃၃၀၀ဝိ/-)စျေးရှိပြီး ယခုနှစ် ပေါ်ဦးပေါ်စအချိန်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုဖြိုင်ဖြိုင်ပေါ်ချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၄၄၀၀၀/-)ကျပ် စျေးနှုန်းသာရှိပြီး စျေးနှုန်းအနည်းငယ်ကျသွားကြောင်း၊ ယခုနှစ် ပဲတီစိမ်းစျေးနှုန်းမှာ ယခင်နှစ်ထက် စျေးပိုမိုရရှိသောကြောင့် ယခုနှစ်မှာတော့ တောင်သူများအတွက် တွက်ချေကိုက်သီးနှံဖြစ်ပါကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တောင်တွင်းကြီးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာနှင့် မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

           မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရေဦးအုပ်စု၊ ရေဦးကျေးရွာမှ လယ်ယာမြေများတွင် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ သည့် မိုးနှမ်းနှင့် နေကြာသီးညှပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

          တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးနှမ်း(၉၉၃၉၅) ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်းနှင့် မိုးနေကြာသီးညှပ်(၃၅၂၇)ဧက၊ သီးသန့်(၁၂၃၀)ဧက စုစုပေါင်း (၄၇၅၇)ဧက စိုက်ပျိုးရန်လျာထားခဲ့သော ကျေးရွာအုပ်စု(၂၈)အုပ်စုတို့တွင် မိုးနေကြာ(၂၆၈၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး သတ်မှတ်ဧက ပြည့်မီစိုက်ပျိုးရန်အတွက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း အပြီးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နွေစပါးစတင်ရိတ်သိမ်းလျှက်ရှိ

             မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။

              စပါးစိုက်တောင်သူများသည် ယခုအချိန်တွင် နွေစပါးများစတင်ရိတ်သိမ်းလျှက် ရှိရာ တောင်သူလယ်သမားအများစုမှာရတနာတိုးစပါးနှင့် မနောသုခစပါးမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး တစ်ဧကသွင်းအားစု ထည့်နိုင်မှုအပေါ်မူတည်၍ တင်း (၁၀၀)မှ (၁၂၅)တင်းအထိ ထွက်ရှိပြီး တစ်တင်းလျှင် (၆၅၀၀)မှ (၇၅၀၀)အထိ စျေးနှုန်းအသီးသီး ရှိကြကြောင်း သိရပါသည်။ မနောသုခစပါးကို ဒေသတွင်းစားသုံးကြပြီး ရတနာတိုးစပါးကို အောက်ပြည်(ပဲခူးဘက်) သာယာဝတီအရက်ချက် စက်ရုံမှလာရောက်ဝယ်ယူလျှက်ရှိပါကြောင်း မြို့သစ်မြို့နယ်၊  လယ်ပြင် ရပ်ကွက်ရှိ  လယ်ပိုင်ရှင် ဦးမြင့်ဆွေ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

"စားအုန်းဆီများ ပြည်သူ့လက်ဝယ်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်ပေး"

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁၈)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့ ပေါ်ရှိဈေးများ၊ အိမ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းဝင်များအား ခရိုင်ဦးစီးမှူးမှ မိမိတို့ဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဖွဲ့စည်းထားကြောင်း ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမားရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ကား ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ်  ၂% အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချသွားရန် အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးဆီကုန်သည် အသင်းဝင်များမှ စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆိုင်များ၊ ဈေးများတွင် စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀ဝိ/-၊ ၆၀၀ဝိ/- ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် (၃)ပိဿာနှုန်းဖြင့် ရောင်းချနေမှုအား စားသုံးသူပြည်သူများလက်ဝယ် မှန်ကန်စွာ ရောက်ရှိနိုင်ရေးအတွက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း